၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပေးရန် တောင်ကြီးခရိုင်ပြည်သူ့ဆန္ဒဖော်ထုတ်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၃ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



တစ်နိုင်ငံလုံးအတိုင်းတာအနေဖြင့် NLD နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းဖွဲ့စည်းရှမ်းပြည်တို့ ပူးပေါင်းပြီး တောင်ကြီးခရိုင်ပြည်သူလူထုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မတ်လ ၃၀ ရက်တွင် လောကမန်အောင်ကျောင်းမှ ဗိုလ်ချုပ်ပန်းခြံထိ ချီတက်ဆန္ဒဖော်ထုတ်ကြောင်း သိရသည်။

“၈၈ မျိုးဆက်နှင့်ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ဆန္ဒဖော်ထုတ်ခြင်းက ဒါပထမဆုံးအကြိမ်ဖြစ်တယ်၊ အခြေခံဥပဒေပြင်ဆင်ရေး လွတ်တော်တွင်းပြင်ဆင်ခြင်းက အရမ်းခက်ခဲ့တယ်၊ ပါတီကြီးလွတ်တော်ကိုယ်စားလှယ်က မပြင်လို၊ ဒါကြောင့် လွတ်တော်ပြင်ပမှ ပြင်ဆင်သွာမည်၊ သက်ဆိုင်ရာခွင့်ပြုချက် တပတ်ကြိုတင်ပါတယ်။ မြို့နယ်ရဲက ငြင်းပယ်တယ်။ အကြောင်းပြချက်က လမ်းကြောင်းမြို့ပတ်ထားလို့ဖြစ်တယ်၊ ကျွန်တော်တို့ဒီငြင်းပယ်တာ လက်မခံဘူး၊ အယူခံပြန်ဝင်ပြီး လက်နက်မပါငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်က နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တာကျတယ်၊ ဒါကြောင့် လမ်းကြောင်းကို အလျော့အတင်းလုပ်ပြီး ခွင့်ပြုချက်ပြန်ရတယ်၊ တနိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြပြီး ဒါကို လစ်လျူရှုမယ်ဆိုလျင် ၈၈ ရေးခင်းလို ထပ်ဖြစ်နိုင်တယ်” ဟု တောင်ကြီးခရိုင် NLD ဥက္ကဌ ကိုတိုးက ပြော သည်။

“၈၈မျိုးဆက်နှင့် ပွင်းလင်းအဖွဲ့အနေနှင့် ပုဒ်မ ၄၃၆ ကို အဓိကပြင်ဆင်ချင်တယ်၊ စည်းကမ်းရှိအောင် စီတန်းလှည့်လည်သွားမည်၊ လူအင်အားတစ်ထောင် တင်ထားတယ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် တို့ တွေ့ဆုံချိန်တွင်လည်း အခြေခံဥပဒေကို ဝိုင်းပြင်ကြမည်လို့ တိုင်ပင်ကြတယ်၊ ၈၈မျိုးဆက်မြို့နယ်အားလုံး လူ ၂ဝဝ ရန်ကုန်မှာ ဆုံပြီးလုပ်ဆောင်ချက်နှစ်ချက်လုပ်ရန် အားလုံးဆုံးဖြတ်ကြတယ်၊ (၁) တနိုင်ငံလုံးအတိုင်း တာလုပ်ရမည့်အလုပ်နှင့် (၂) ရွာသူရွာသားတောင်သူလယ်သမားများ မျက်ရည်သုတ်ပေးတဲ့ အလုပ်ဟု ဆုံးဖြတ် ကြတယ်၊ ဒီဆန္ဒဖော်ထုတ်ရာမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူ့မြို့နယ်နှင့်သူ ပြုလုပ်နေပြီ” ဟု ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့စည်းရှမ်းပြည် ကိုနေမျိုးက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို လူအင်အားနှစ်ရာကျော်တက်ရောက်ကြောင်း၊ တောင်ကြီးမြို့လောကမာန်အောင် ကျောင်းမှ အနောက်မြို့ပတ်လမ်း စီတန်းလှည့်လည်ပြီး မြို့မရပ်ဗိုလ်ချုပ်ကြေးရုပ်သို့ စီတန်းလှည့်လည်ဆန္ဒဖော် ထုတ်ကြောင်း၊ တောင်ကြီးခရိုင် ၇ မြို့နယ်တက်ရောက်ကြောင်း၊ ပအိုဝ်း၊ အင်း၊ ဓနုများတက်ရောက်ကြောင်း ဗိုလ်ချုပ်ကြေးရုပ်အနီး ကျဆုံးအာဇာနည်ကို အလေးပြုပြီး ပြည်သူ့ဆန္ဒကို ထပ်မံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

No comments: