PNO နှင့် ပအိုဝ်းအမျိုးသားတို့ သိစေဖို့

ရေးသားတင်ပြသူ - ခမ်းဟော်ခွန် | ဇွန်လ ၁၅ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသား တစ်ယောက်အနေဖြင့် PNOနှင့် ပအိုဝ်းအမျိုးသားတို့၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုပါ။ ထိခိုက်အောင် ပြုလုပ်နေသူတို့ကိုလည်း မနှစ်သက်ပါ။ သို့သော် တောင်ကြီးတိုင်းမ်တွင် မကြာသေးမီက ဖော်ပြထားသော ဗိုလ်မှူး ခွန်လာ ဆိုသူ၏ စာကိုဖတ်ရပြီး အမှန်တရားကို သိစေလိုသောကြောင့် ဤသတင်းဆောင်းပါးကို ရေးသားရခြင်း ဖြစ်သည်။ ဤဆောင်းပါးကြောင့် PNO-၏ ဂုဏ်သိက္ခာကို ထိခိုက် သွားခဲ့သော် အမှန်တရားအတွက် နားလည်ခွင့်လွတ် ပးကြပါရန် ပအိုဝ်း ပြည်သူများကို ကြိုတင်တောင်းပန်အပ်ပါသည်။

ကျွန်တော်သည် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းလူဓမ္မကထိက တရားဟောဆရာ (မော်) အဖွဲ့၊ ပအိုဝ်းတိုင်းရင်းဆေးဆရာများအဖွဲ့၊ ပအိုဝ်းဂီတ သုခုမ အနုပညာအဖွဲ့ဟူ၍ ပအိုဝ်းအဖွဲ့အစည်း များစွာရှိရာတွင် အဖွဲ့အစည်း တစ်ခု၌ ပါဝင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။ နာမည်အရင်းကို အတိအကျ မဖော်ပြနိုင်သည်ကို အားလုံးက နားလည်မှု ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ အဖွဲ့အစည်းတွင် ပါဝင်နေရသူ ဖြစ်၍ မတရားသော အဖြစ်အပျက်များကိုလည်း မကြာခဏဆိုသလို ကြုံနေရပါသည်။ ကိစ္စခပ်များများ၌ စကားနဲ ရန်စဲ ဆိုသည့် အတိုင်း နှုတ်ပိတ်နေခဲ့သည်က များပါသည်။ သို့သော် ယခုအခါ ခေတ်ကာလ ပြောင်းလဲလာ ပြီဖြစ်၍ ယခင်အတိုင်း နေထိုင်၍ မဖြစ်တော့ပေ။ ထို့ကြောင့် ၀င်းယကိစ္စကို အချိန်ယူပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာခဲ့ပါသည်။ PNOရုံးတွင်လည်း တီးခေါက်စုံစမ်း ကြည့်ပါသည်။ ကျွန်တော်၏ စုံစမ်းသိရချက်အရ ပြောရလျှင် တောင်ကြီးတိုင်းမ်တွင် ဖော်ပြထားသော ခွန်လာဆိုသူ၏ စာကို ပထမဆုံး ပြောပြပါမည်။

တောင်ကြီးတိုင်းမ်တွင် ၂-၆-၂၀၁၂-နေ့တွင် စတင် ဖော်ပြထားသော PNO မှ တာဝန်ရှိသူ တစ်ဦး၏ ပေးစာဆိုသည်မှာ တစ်စုံတစ်ယောက်က ဗိုလ်မှူး ခွန်လာ၏ အရှိန်အ၀ါကို ခုတုံးလုပ်ပြီး အလွဲသုံးစား သုံးလိုက်ခြင်းသာ ဖြစ်သည်ဟု ယူဆပါသည်။ ထိုစာကို ဗိုလ်မှူးခွန်လာ ကိုယ်တိုင်ရေးသည် ဟူ၍ မယူဆပါ။ ထိုစာကိုရေးသူသည် အမှန်တရားကို မသိသူ ဖြစ်နိုင်သလို တစ်ဘက်သတ်၏ စကားကိုသာ နားယောင် မိသူလည်း ဖြစ်နိုင်ပါသည်။ ၀င်းယကိစ္စမှာ ခွန်လာဆိုသူ ရေးထားသကဲ့သို့ မဟုတ်ပါ။ ​ပအိုဝ်းပြည်သူများ သိရစေရန် ကျွန်တော်၏ စုံးစမ်းချက်နှင့် ရွာသားများ ပြောပြချက်အရ အသေးစိတ် တင်ပြပါမည်။ သည်းခံပြီး ဖတ်ပေးစေလိုပါသည်။

ထိုစာကိုရေးသူသည် လူကြီးလူကောင်းမှန်လျှင် ထိုကဲ့သို့ လိမ်ညာမရေးသင့်ပါ။ ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးရန်ကြိုးစားနေသည်မှာ ရယ်စရာကောင်းလှပါသည်။ အဖြစ်မှန်ကို မသိဘဲ ထိုကဲ့သို့ လိမ်ညာရေးဝံ့သည်ကို ထိုပုဂ္ဂိုလ်အစား ပအိုဝ်းတယောက်အနေဖြင့် အင်မတန် ရှက်မိပါသည်။ ထိုသူ၏ ရေးသားချက်တွင် အမှန်တရား တစ်ခုသာ ပါရှိပါသည်။ ၎င်းမှာ ၀င်းယရွာသည် နိုင်ငံခြားသားများ လည်ပတ်ခွင့်ရှိသော အိမ်ခြေ (၅၀၀)ခန့် ရှိသည့် စံပြရွာကြီး ဖြစ်သည်ဟူသော အချက်ဖြစ်၏။ အခြားဖော်ပြ ချက်များမှာ အားလုံး အလိမ်အညာချည်းသာ ဖြစ်ပြီး ကလေးကလား ဆန်လွန်းလှကြောင်း ၀င်းယရွာ အနီးနားဖြစ်သော (၀ါလရွာ၊ နားရီးရွာ၊ ဟံဖို့ရွာ၊ ဟံဆီးရွာ၊) ကျေးရွာ များတွင် စုံစမ်းနိုင်ပါသည်။ ထိုမျှမက ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ပအိုဝ်း တိုင်းရင်းဆေးဆရာများအဖွဲ့တို့မှ ပုဂ္ဂိုလ်တစ်ချို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ခွန်လာပြောသကဲ့သို့ ဦးသြဘာသ မြေရောင်းစားသည် ဆိုသောစကားမှာ လုံးဝ မှန်ကန်မှု မရှိပါ။ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ် မြေစာရင်းဌာနတို့၌ သွားရောက် စုံစမ်းနိုင်ပါသည်။ ကျောက်တလုံးမြို့နယ် အုပ်ချုပ်ရေးမှူး၊ တောင်ကြီးမြို့ နယ် အုပ်ချုပ်ရေးမှူး စသော ဆိုင်ရာပုဂ္ဂိုလ်တို့ အထံ၌လည်း မေးမြန်းနိုင်သည်။ (ဆိုင်ရာပုဂ္ဂိုလ်တို့ကလည်း အမှန်အတိုင်း ပြောဖို့တော့ လိုပါသည်။)

မြေကိစ္စကို အသေးစိတ်ပြောရလျှင် ဤသို့ဖြစ်၏။ ဦးသြဘာသအနေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးအတွက်နှင့် တန်းကျောင်းရန်ပုံငွေ ရရှိရေးအတွက် မြေကွက်သစ် ဖော်ထုတ်မှု ကို (ရွာသစ်တည်ဆောက်ခြင်း စီမံကိန်းကို) ၂၀၁၁-ခုနှစ်တွင် ၀င်းယ(၄)လေးရွာဒကာ သဘောတူ ပြုလုပ်ဖူးပါသည်။ ထိုမြေသည် တောင်ကြီးတိုင်းတွင် မေလ-၂၉-ရက်နေ့က ဖော်ပြခဲ့သည့် ဘုရားဝတ္တကမြေ အနည်းငယ်ပါရှိပြီး အများအားဖြင့် မည်သူမျှ မပိုင် သော မြေလွတ်မြေရိုင်းများသာ ဖြစ်ကြပါသည်။ ထိုသို့ပါရှိသွားသည်ကို ဒေသအခေါ်-ခမ်းဗွေးဆိုသူက တားမြစ် ကန့်ကွက်သောကြောင့် မြေလွတ်မြေရိုင်းမှအစ လုပ်ငန်း အားလုံးကို လုံးဝ ရပ်ဆိုင်းလိုက်ပါသည်။ ထောက်ပြစရာရှိသည်မှာ ရပ်ရွာဒေသ တိုးတက်ရေး အတွက် ဦးတည်ပြုလုပ်သော ဦးသြဘာသကိုမူ တားမြစ်ပြီး ဘုရား ၀တ္တကမြေ အမည်ခံ၍ ထိုမြေ၌ သားသတ်ရုံဖွင့်လှစ်ပြီး ကိုယ်ကျိုးစီးပွား ရှာနေသည် ကိုမူ တာဝန်ရှိသူတို့က ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ တားမြစ်မှု မရှိပေ။ သုံးရွာပိုင် ဘုရား ၀တ္တကမြေတွင် သားသတ်ရုံ-၂-ရုံ ရှိပါသည်။ (ဓာတ်ပုံပါ ပူးတွဲတင်ပြပါသည်။)

ဦးသြဘာသ ရွာသစ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ လမ်းမဘေး တလျှောက် မြေလွတ်မြေရိုင်းတို့၌ ဘာသာခြား လူမျိုးခြားများ ကျူးကျော်ဝင်ရောက်မည် စိုးသောကြောင့် ထိုကဲ့သို့ မဖြစ်ရအောင် ကြိုတင်တားဆီးသည့် အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဦးသြဘာသ၏ လုပ်ငန်းစဉ်ကိုမူ တားဆီးပိတ်ပင်ပြီး ဘုရားဝတ္တက မြေပေါ်ရှိ သားသတ်ရုံကိုမူ တားမြစ်ခြင်း မရှိသည်မှာ ဒေသခံများ အတွက် မကျေနပ် စရာ ဖြစ်နေပါသည်။

ထိုသားသတ်ရုံတို့ကို မည်သူခွင့်ပြုထားသနည်း၊ အခွန် အခတို့ကို မည်သူတွေက ရရှိနေသနည်း။ ၂၉-၅-၂၀၁၂-နေ့က တောင်ကြီးတိုင်းတွင် ဖော်ပြထားသကဲ့သို့ ခမ်းဗွေး ဆိုသူနှင့် ပုံဆွေပင်ဘုန်းကြီး ဦးအာနန္ဒာတို့က ရရှိသည်ဟု ဆိုင်နိုင်ဖွယ်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သားသတ်ရုံ-၂-ရုံလုံးက ပုံဆွေပင်ဘုန်းကြီး ထိန်းသိမ်းရသော နယ်မြေအပိုင်းတွင် ပြုလုပ်ထား သောကြောင့်ဖြစ်၏။ ဦးသြဘာသ၏ အစီအစဉ်အတိုင်း ရွာသစ်ပေါ်ပေါက်လာလျှင် သားသတ်ရုံများ ပျောက်သွားမည်ကို ပုံဆွေပင်ဘုန်းကြီးနှင့် ခမ်းဗွေးတို့က မလိုလားပါ။ မလိုလားခြင်းအကြောင်းက သားသတ်ရုံမှ အခွန်အခတို့ကို မရရှိတော့မှာကို စိုးရိမ်ခြင်းဖြစ်သည်။ သို့သော် ၂၉-၅-၂၀၁၂-နေ့တွင် တောင်ကြီးတိုင်း၌ ထိုအကြောင်းကို ဖော်ပြလိုက်သောကြောင့် ခုဆိုလျှင် သားသတ်ရုံသမား တို့ကိုလည်း သူတပါးမေးလာလျှင် အမှန်အတိုင်း မဖြေဖို့ နှုတ်ပိတ်ပြီး ဖြစ်ပါလိမ့်မည်။ သားသတ် ရုံကား ခုထိရှိနေပါသေးသည်။

ဦးသြဘာသ၏ မြေသစ်(ရွာသစ်တည်ဆောက်ရေး)ဖော်ထုတ်ရေး အစီအစဉ်ကို ဆက်ပြောပါမည်။ ထိုမြေကို လေးရွာဒကာ သဘောတူ ပြုလုပ်ပြီး လအတန်ကြာမှ ပုံဆွေပင်ဘုန်းကြီး ဦးအာနန္ဒာ၏ လှည့်ကွက်ကြောင့် (စာချုပ်ကို လိမ်ညာတင်လိုက် ခြင်းကြောင့်) သူတပါးတို့၏ လက်ကိုင်တုတ်ဖြစ်သော ပုဂ္ဂိုလ်(၇)ယောက်တို့က လေးရွာ သဘောတူ လက်မှတ်ထိုးထားမှုကို ပြန်လည် ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည်။ ထိုအချိန်မှာ မြေဈေး အလွန်မြင့်မားစွာ ထိုးတက်နေသော အချိန်လည်းဖြစ်သည်။ ထိုမြေကို မတရားလိုချင်သော ပုဂ္ဂိုလ်တဦးဦး၏ ပယောဂပါဝင်နေသည်မှာ သေချာပါသည်။ ရွာသစ် တည်ဆောက်မှုစီမံကိန်း စတင်ဖော်ဆောင်စဉ်က မြေဈေး မယ်မယ်ရရ မရှိသော အချိန်ဖြစ်ပါသည်။

ပုဂ္ဂိုလ် (၇) ဦးတို့သည် လေးရွာသဘောတူ လက်မှတ်ထိုးထားမှုကို ကန့်ကွက်ဆန့်ကျင်သည့်အပြင် ဦးသြဘာသကိုလည်း ရှေ့တွင်တမျိုး ကွယ်ရာတွင်တမျိုး ဆဲရေးပုတ်ခတ် သိက္ခာချ ပြောဆိုကြသေးသည်ဟု ကြားသိရ၏။ ထို့ကြောင့် အခြားရွာသားတို့က ထို(၇)ဦးတို့၏ လေးရွာသဘောတူထားမှုကို ဖျက်ဆီး သည်ဟူသော အချက်ကြောင့်လည်းကောင်း၊ ဦးသြဘာသကို ဆဲရေး ပုတ်ခတ်သည်ဟူသော အချက်ကြောင့်လည်းကောင်း ၀င်းယဒုံတန်-၀င်းယရွာကြီး အပိုင်းတွင် သုံးရွာနှင့် သဘောတူသော အုပ်စု (မလိုသူတို့က ဘုန်းကြီးကို ထောက်ခံသော အုပ်စုဟု သမုတ်ကြပါသည်။) သုံးရွာနှင့် သဘောမတူသောအုပ်စု (ဘုန်းကြီးကို ဆန့်ကျင် သော အုပ်စု)ဟူ၍ ကွဲပြားလာခဲ့သည်။ ခွဲထွက်သော အုပ်စုကို အသစ်အုပ်စု၊ မူလ အုပ်စုကို အဟောင်းအုပ်စု ဟူ၍လည်း ခေါ်ဝေါ်ကြပါသည်။ ကျန်သည့်သုံးရွာ (ဒုံဝင်းယ၊ ဒုံဟံကြို၊ ဒုံကန်တန်) တို့သည်လည်း ကန့်ကွက်သူ ပုဂ္ဂိုလ်(၇)ယောက်တို့ကို မနှစ်သက် သောကြောင့် အလိုအလျောက် အသစ်အုပ်စုနှင့် တစ်ပေါင်းတစ်စည်းထဲ ဖြစ်သွား ပါသည်။ အသစ်အဖွဲ့ ပေါ်ပေါက်လာရခြင်းမှာ ဦးသြဘာသနှင့် မဆိုင်ပေ။ ဦးသြဘာသက ခွဲထွက်လိုက်ပါဟူ၍ တစ်ခွန်းမဆိုဖူးပေ။

ကန့်ကွက်သူ ပုဂ္ဂိုလ်(၇)ယောက်တို့မှာ လေးရွာ သဘောတူ လက်မှတ်ထိုးစဉ်က ပါဝင်လက်မှတ်ထိုးထားသူများ ဖြစ်ကြပါသည်။ ထိုမှတ်တမ်းလည်း ဆိုင်ရာ ပုဂ္ဂိုလ်တို့၌ အတိအကျ ရှိပါသည်။ ထိုပုဂ္ဂိုလ်(၇)ယောက်တို့မှာ ၁။အောင်လှ၊ ၂။ငွေဖာဝန်း၊ ၃။သန်းအေးဖာလို၊ ၄။ထွက်ကောက်၊ ၅။ပန်းသာ၊ ၆။လူးဖာခက်၊ ၇။အွန်းဖာမောင်-တို့ ဖြစ်ကြပါသည်။ ထို့ကြောင့် မြေကိစ္စတွင် ကန့်ကွက်သူမှာ (၇) ယောက်နှင့် နောက်လိုက် နောက်ပါတို့သာ ဖြစ်ပြီး ထောက်ခံသူတို့မှာ သုံးရွာနှင့် အသစ်အုပ်စုတို့ ဖြစ်ကြပါသည်။ ခွန်လာဆိုသူ ရေးထားသကဲ့သို့ ထောက်ခံသူ (၆) ယောက်သာရှိသည် မဟုတ်ပါ။ ထောက်ခံသူ သုံးရွာပင် ကျော်ပါသေးသည်။ ထို့ကြောင့်လည်း ဦးသြဘာသ ကျောင်းမှ ထွက်သွားရန် ဟူသော အမိန့်စာကို ကန့်ကွက်သူဦးရေမှာ တစ်ထောင်ကျော်ကျော် ရှိနေရခြင်းဖြစ်သည်။

အကယ်၍သာ ခွန်လာဆိုသူ ရေးသားထားသကဲ့သို့ ဦးသြဘာသကို (၆) ဦးသာ ထောက်ခံပါလျှင် ဦးသြဘာသကို နှင်ထုတ်သည့်ကိစ္စ္မ၌လည်း ကန့်ကွက်သူ (၆) ယောက်သာ ရှိပေလိမ့်မည်။ ယခုမူ ဦးသြဘာသ ကျောင်းမှထွက်သွားရန် ဟူသော အမိန့်စာကို ကန့်ကွက်သူတို့မှာ သုံးရွာကျော်ပင် ရှိနေခဲ့ပါသည်။ (သုံးရွာ သားတို့၏ ကန့်ကွက်စာကိုလည်း ပူးတွဲတင်ပြလိုက်ပါသည်။) (၆) ယောက်သာ ထောက်ခံသည်ဟူသော ရေးသားချက်မှာ လိပ်ကို ကြမ်းပိုးဖြစ်အောင်၊ မိကျောင်းကို ဖွတ်ဖြစ်အောင် ကပြောင်းကပြန် လိမ်ညာရေးသားခြင်းသာဖြစ်သည်။ ခွန်လာဆိုသူ အနေဖြင့် မီဒီယာကို လိမ်ညာ အသုံးမချသင့်ပါ။ ခွန်လာအနေဖြင့် အလုပ်သင့် အလုပ်ထိုက်ဆုံးမှာ ထိုပုဂ္ဂိုလ် (၇) ယောက်တို့၏ နောက်ကြောင်းရာဇ၀င်နှင့် လုပ်ရပ်ကို သေချာထောက်လှမ်း စုံစမ်းပြီး အရေးယူရမှာ ဖြစ်ပါသည်။ ခေါင်းဆောင် (လူကြီး) တစ်ယောက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများကို ငဲ့ကွက်နေမည်ဆိုလျှင် ခေါင်းဆောင်ကောင်း ပီသလိမ့်မည် မဟုတ်ချေ။ ဥပမာအားဖြင့် ၁၃-၆-၂၀၁၂-နေ့တွင် ၀င်းယရွာ ထွက်ကောက်၏ နေအိမ်၌ ဗိုလ်မှူး-ခွန်လာ သွားရောက်၍ ထမင်းစားခြင်းပင် ဖြစ်သည်။ ပြဿနာ အကြီးအကျယ် ဖြစ်နေချိန်၌ ပုဂ္ဂိုလ်ရေး ဘက်လိုက်သော အမူအရာမျိုး မပြသင့်ချေ။ (ကျွန်တော်အယူအဆ အရ ပြောတာပါ။)

ပုဂ္ဂိုလ် (၇) ယောက်တို့သည် ၀င်းယရွာကြီး၌ လုပ်ပိုင်ခွင့် အာဏာနှင့် အုပ်ချုပ်ရေး အာဏာတို့ကို ဆုပ်ကိုင်၍ ရွာသူရွာသားတို့ အပေါ်၌ မတော်မတရား ဒဏ်ငွေရိုက်ခြင်း၊ သဘာဝမကျသော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်း၊ အဂတိလိုက်၍ အမှုအခင်းတို့ကို ဆုံးဖြတ်ခြင်း၊ (ဆွေမျိုးနှင့် ရင်းနှီးသူတို့ဆိုလျှင် ထောင်ဂဏန်း ဒဏ်ငွေရိုက်၍ မရင်းနှီးသူနှင့် ဆွေမျိုး မတော်သူတို့ဆိုလျှင် သောင်းဂဏန်း သိန်းဂဏန်း ဒဏ်ငွေ ရိုက်ခြင်း) စသည်တို့ဖြင့် လူပါးဝ ကုတ်သွေးစုပ် နေကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ရွာသားတို့က မကျေနပ်၍ စောဒက တက်လာလျှင် ၎င်း (၇) ယောက်နှင့် အပေါင်းအပါတို့က အတင်းအဓမ္မ ဆဲဆိုကြိမ်းမောင်း ပြောဆိုလေ့ရှိသည်။

ထိုအစိုင်အခဲသည် မြေကွက်ကိစ္စ၌ ပေါက်ကွဲအန်ထွက်လာပြီး ရွာသူရွာသား တို့သည် ပုဂ္ဂိုလ်(၇) ဦးတို့၏ ချုပ်ခြယ်လွမ်းမိုးမှုဖြင့် ရွေးတင်ထားသော သူကြီး-ဦးစီဖာကိုး၏ လောင်းရိပ်မှ ရုန်းထွက်ကာ မိမိတို့သဘောကျ စင်ပြိုင်သူကြီးအဖြစ်-အသစ်အုပ်စု၏ အများဆန္ဒအရ ဦးရွှေဖာကီးကို ရွေးချယ်တင်မြောက်လိုက်ကြသည်။ (မှတ်ချက်။ ၂၇-၅-၂၀၁၂ နေ့၊ ၀င်းယဒုံတန်၊ ဦးထွန်းရီ နေအိမ်၌ ပြုလုပ်သော အစည်းအဝေး မှတ်တမ်းအရ မူလသူကြီး ဦးစီဖာကိုးသည် ပုဂ္ဂိုလ်(၇)ယောက်တို့၏ ကြိုးကိုင်မှုကို ခံနေရကြောင်း၊ သူကြီးဖြစ်သော် လည်း သူတို့(၇)ယောက်တို့ကို မလွန်ဆန်နိုင်ကြောင်း ကျောက်တလုံးမြို့နယ် အုပ်ချုပ် ရေးမှူး ရဲမှူးကိုယ်တိုင် သက်သေရှိပါသည်။) ခွန်လာဆိုသူ ရေးသားထားသကဲ့သို့ ဦးသြဘာသက အတင်းအဓမ္မ တင်မြောက်သည် ဆိုခြင်းမှာ မုသားမကြောက် ငရဲ မကြောက် အ၀ီစိ မကြောက်သော မဟာမုသာဝါဒီသာ ဖြစ်သည်။ အမှန်တကယ် ဟုတ်မဟုတ် ကျန်ဝင်းယ သုံးရွာတွင်လည်း စုံစမ်းနိုင်သလို အနီးနားရွာတွင်လည်း မေးမြန်းနိုင်ပါသည်။

ဦးသြဘာသကို နှင်ထုတ်သည့် အမိန့်စာကို ဆရာတော်များ လက်မှတ်ထိုးလိုက် ရခြင်းမှာလည်း PNO (ဖြားပညာဗုတ်အဓိက) တစ်ချို့၏ လှည့်ကွက်ကို ခံလိုက်ရခြင်း ဖြစ်သည်ဟု ဆရာတော်နှင့် နီးစပ်သူတို့က ပြောဆိုနေကြပါသည်။ ခိုင်လုံသော သတင်းအရ အမိန့်စာထုတ်ပြန်ရန် လက်မှတ်ထိုးသောနေ့တွင် ဦးသြဘာသသည် ကျောင်း၌မနေတော့ဘဲ ထွက်ပြေးသွားပြီဖြစ်၍ တရားဝင်အတည်ဖြစ်စေရန် လက်မှတ်ထိုးပေးပါဟု လိမ်ညာလျှောက်ထားသောကြောင့် ဆရာတော်ကြီးများ လက်မှတ်ထိုးလိုက်ရသည်ဟု ကြားသိရပါသည်။ ဘုမသိ ဘမသိဖြင့် (ဆရာတော်များ ဆွမ်းကပ် သယောင်ယောင် ထင်ယောင်ထင်မှား ပြုလုပ်ထားသော အစည်းအဝေး၊) အစည်းအဝေးကို တက်လာမိသော ဦးခွန်ဝင်းကို စသောပုဂ္ဂိုလ်တို့သည်လည်း ထိုအစည်းအဝေး ကိစ္စကို မကျေမနပ် ဖြစ်နေကြသည်ဟုလည်း အတွင်းစကားအရ သိရပါသည်။ သူတပါးတို့၏ အသုံးချမှုကို ဆရာတော်ကြီးများနှင့် ပုဂ္ဂိုလ်တစ်ချို့ ခံလိုက်ရခြင်း ဖြစ်သည်။

ဦးသြဘာသကို နှင်ထုတ်သည့် အမိန့်စာကို ထုတ်ပြန်ရန် အစည်းအဝေး (ကျောင်းသံဃာ မပါ၊ ဒကာ ဒကာမများ မပါ၊ သိလည်းမသိသော အစည်းအဝေး) ထိုင်ချိန်တွင် ဦးသြဘာသသည် ကိုရင်နှင့် ကျောင်းသား သူငယ်များကို ရန်ကုန်သို့ သွားရောက်ပို့ဆောင်နေချိန် ဖြစ်သည်။ ဦးသြဘာသ ခရီးလွန်နေချိန်ကို အခွင့်ကောင်းယူ၍ PNO မှ ဖြားပညာဗုတ်နှင့် ပြင်ပပုဂ္ဂိုလ်တချို့က ဆရာတော်များကို လိမ်ညာလိုက်ခြင်း ဖြစ်သည်။

ဦးသြဘာသသည် ရပ်ရွာအကျိုး ဘာသာ သာသနာ အကျိုးတို့ကို ဆောင်ရွက်နေရုံသာမက ရပ်ရွာ၏ ပညာရေးတို့ကိုလည်း မြင့်တင်ပေးနေပါသည်။ ရပ်ရွာရှိ ကလေးသူငယ်များကို နှစ်စဉ်နှစ်တိုင်း မြို့ကြီးပြကြီးသို့ ပညာသင်ယူရန် ပို့ဆောင် ပေးလေ့ရှိသည်။ ယခုလည်း ကျောင်းသားသူငယ်များကို ရန်ကုန်သို့ သွားရောက်ပို့ ဆောင်နေချိန်တွင် တဘက်သတ် အမိန့်ထုတ်ခံရခြင်း ဖြစ်သည်။ ထိုအချိန်ကို အခွင့်ကောင်းယူ၍ အသုံးချ အကွက်ထွင်ဝံ့သည့် PNO မှ ပညာဗုတ်နှင့် အပေါင်းအပါဖြစ်သော ၀င်းယရွာဇာတိဖြစ်ပြီး အသားထဲက လောက်ထွက်သည့် ခွန်တိုးယံ (လာဘ်ဗွေအောင်း၊ သင်္ကန်း ပရိက္ခရာဆိုင်၊ မြို့မဈေး၊ တောင်ကြီး၊) ခွန်ဟိန်းထွန်း-(PNO ရုံးချုပ်မှစာရေး၊) ဦးညာ-ခ-ပွဲစားညာ၊ (ဆင်မင်းပွဲရုံ၊ ကောင်ခါး၊တောင်ကြီးမြို့) တို့၏ လုပ်ရပ်ကို ကြားသိရသူတိုင်း အော့နှလုံးနာ ရွံရှာမုန်းတီးနေကြပါသည်။

ဖားပညာဗုတ် ဆိုလျှင်လည်း ၀င်းယကိစ္စနှင့် ပတ်သက်၍ ၅-၁-၂၀၁၂-နေ့၊ PNO ရုံးချုပ်တွင် ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြားဖြတ်အစီအစဉ်ကို ပြုလုပ်ပေးရန် ဆရာတော်များက တာဝန်ပေးထားပါလျက် တာဝန်ယူ မဆောင်ရွက်ပေးသည့်အပြင် ပြုလုပ်ဆောင်ရွက်မည့် ကိုယ်စားလှယ် ရွာသားတို့ကိုလည်း ဖေးမကူညီမှု မပြုခဲ့ပေ။ ထိုဆုံးဖြတ်ချက်အတိုင်းသာ တာဝန်ရှိသူတို့က မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခဲ့ကြပါလျှင် ၀င်းယရွာကိစ္စမှာ ခုထိ ကျယ်ပြန့်လာမည် မဟုတ်ပေ။ ဤအချက်ကို ပညာဗုတ် အနေဖြင့် မမေ့တမ်း စဉ်းစားသင့်ပါသည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ ရိုးသားမှုရှိရန် အလွန်လိုအပ်ပါသည်။

ဝင်းယပြဿနာသည် မိမိတို့ ရွာသားအချင်းချင်း ရွာတွင်းမှာ ဖြေရှင်းနိုင်သော ကိစ္စမျိုးဖြစ်၏။ ထိုသို့ မဖြေရှင်းနိုင်ဘဲ တိုင်းသိပြည်သိ ကြီးထွားလာရသည်မှာ ပြင်ပလူတို့၏ ပါဝင်အားပေး ပတ်သက်မှုကြောင့် ဖြစ်၏။ ဤပြဿနာကို အဓိက အားပေးအားမြောက် ပြုကြသူတို့မှာ များများစားစား မရှိချေ။ အတွင်းလူ အနေအားဖြင့် ၁။အောင်လှ၊ ၂။ငွေဖာဝန်း၊ ၃။သန်းအေးဖာလို၊ ၄။ထွက်ကောက်၊ ၅။ပန်းသာ၊ ၆။လူးဖာခက်၊ ၇။အွန်းဖာမောင်-တို့ ဖြစ်ကြပါသည်။ ပြင်ပပုဂ္ဂိုလ်တို့သည်ကား ခွန်တိုးယံ၊ လာဘ်ဗွေအောင်၊ သင်္ကန်းပရိက္ခရာဆိုင်၊ မြို့မဈေး၊ တောင်ကြီး၊ ခွန်ဟိန်းထွန်း- PNO ရုံးချုပ်၊ ဦးညာ-ဆင်မင်းပွဲရုံ၊ ကောင်ခါး၊ ကန်ကြီးစု၊ တောင်ကြီး၊ ဖြားပညာဗုတ်-PNO ရုံးချုပ်၊ ဦးသူရအောင် (ပွဲစားအောင်)၊ ကောင်ခါး-(ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊)-တို့ ဖြစ်ကြသည်။ ထိုသူတို့တွင် ဦးသူရအောင်သည် (ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ပါတီအားကိုးဖြင့် ဤကိစ္စကို အဓိက ပါဝင်စွက်ဖက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂိုလ်အချို့က ဦးသူရအောင်သည် ပါတီနာမည်ဖျက်သူဖြစ်၍ ပါတီ၌ ဆက်လက်မထားသင့်ကြောင်း ပြောဆိုနေကြပါသည်။ (မှတ်ချက်။ ဤပုဂ္ဂိုလ်တို့ကို အမည်ဖော်ပြရခြင်းမှာ နောင်လာနောင်သားများ ရပ်ရေးရွာရေး မတိုင်ပင်မိစေရန် ရည်ရွယ်ပါသည်၊)

ဦးသူရအောင်၊ ခွန်တိုးယံ၊ ဦးညာ-တို့ သုံးဦးမှာ ပအိုဝ်းအဖွဲ့အစည်း၌ တရားဝင် မပါဝင်သလို ၀င်းယရွာ၌ နေထိုင်သူများလည်း မဟုတ်၊ ဘာတာဝန်မှလည်း မရှိသောကြောင့် ဦးသြဘာသအား နှင်ထုတ်ရန် အစည်းအဝေး ပြုလုပ်ရာ မှတ်တမ်း၌ လက်မှတ်ထိုးထားခြင်းကို ကြည့်သောအားဖြင့် ကိုယ့်လူကိုယ့်ဘက်သားကို တစ်ဘက်သတ်ခေါ်၍ စည်းဝေးခြင်းသာ ဖြစ်ကြောင်း ထင်ရှားပါသည်။ ဥပဒေကြောင်းအရ ကြည့်လျှင်လည်း သဘာဝ မကျပါပေ။

ထို့ကြောင့် PNO-အနေဖြင့် PNO-အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် ပအိုဝ်း အမျိုးသားတို့၏ ဇာတိဂုဏ်မာနတို့ကို မထိခိုက်မညစ်နွမ်းစေရန် တစ်ဘက်သတ်စကား များကို အလွယ်မယုံသင့်သလို ဆုံးဖြတ်ချက်တစ်ခု၊ အမိန့်တစ်ခုကိုလည်း ကလေးကစားသလို လက်လွတ်စပယ် အလွယ်မသုံးသင့်ပေ။ ထိုမျှမက ဤပြဿနာကို ပိုမိုကြီးထွားသထက် ကြီးထွားအောင်၊ တဘက်သတ် လိမ်ညာဏ်ဆင်ခဲ့ကြသော ပုဂ္ဂိုလ် (၇)ဦးနှင့် အပေါင်းအပါတို့ကို PNO-အနေဖြင့် သတိပေးသင့်ပါသည်။ အရေးယူသင့် လျှင်လည်း ယူရမည်ဖြစ်သည်။

သို့မှသာ နောက်နောင် ထိုကဲ့သို့ မပြုလုပ်ဝံ့မည် ဖြစ်ပါသည်။ အကယ်၍ အရေးယူမှု မရှိပါက နောက်နောင်လည်း ထိုကိစ္စမျိုး ထပ်မံဖြစ်ပွားနိုင်ပါသည်။ ထိုကဲ့သို့သာ ထပ်ခါတလဲလဲ ဖြစ်နေမည်ဆိုလျှင်လည်း PNO-၏ ဂုဏ်သိက္ခာနှင့် ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံး၏ ဂုဏ်သိက္ခာသည်လည်း ရေစုန်မျှောရန်သာ ရှိတော့ပါကြောင်း ပအိုဝ်းအမျိုးသား အပေါင်းနှင့် ပအိုဝ်းအမျိုးသားကောင်းတို့ (အမှန်တရားကို မြတ်နိုးသူတို့) သိရစေရန် တောင်ကြီးတိုင်းမ်မှ တစ်ဆင့် ရေးသား တင်ပြလိုက်ရ ပါသသည်။

ရေးသားတင်ပြသူ
ခမ်းဟော်ခွန်


 ဦးသြဘာသကိစ္စဆုံးဖြတ်ချက်အပေါ် ဒကာများကန့်ကွက်လွာ



 ဦးသြဘာသ ပြန်လည်လျှောက်ထားစာ

ဝင်းယဒကာများ၏ လျှောက်ထားချက်များ



သီရိမင်္ဂလာဝင်းယကျောင်းတိုက်၌သီတင်းသုံးနေထိုင်စဉ် ဦးသြဘာသ၏ ဆောင်ရွက်ချက်များ



  သားသတ်ရုံ ဓာတ်ပုံမှတ်တမ်းများ




 






























ပအိုဝ်းဘာသာဖြင့် ၀င်းယဒကာများလျှောက်ထားချက်များ






9 comments:

မေခင်မွန်း said...

PNO နှင့် ပအိုဝ်းအမျိုးသားတို့ သိစေဖို့ ပိုစ့်နှင့် ပတ်သက်၍ PNO ရုံးမှ တာဝန်ရှိသူများက အင်တာနက် အသုံးပြုတတ်သော ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူငယ်များကို မဲ၍ လိုက်လံဆုံးမနေသည်။ အင်တာနက်ထဲတွင် ပြန့်နေသော သတင်းကို မမှန်ကန်ကြောင်း ဘုန်းတော်ကြီးကျောင်းအားလုံးသို့ စာဖြန့်နေသည်။ သို့ဖြစ်သဖြင့် ပိုစ့်တင်သူ ခမ်းဟောခွန်အနေဖြင့် ဤပိုစ့်ရရှိခြင်းအကြောင်းရင်း၊ ပိုစ့်တင်ရခြင်းအကြောင်းရင်းများကို ထပ်မံ ရှင်းပြစေလိုပါသည်။ ယနေ့ရရှိသော သတိပေးချက်နဲ့ သတိပေးစာတွင် လက်ရေးမူပါလာသဖြင့် အွန်လိုင်းပေါ် တင်မပေးတော့ပါ။

ခမ်းဟော်ခွန် said...

ခရီးလွန်နေတာကြောင့် ချက်ချင်းပြန်မဖြေတာကိုတော့ မေခင်မွန်းကို တောင်းပန်ပါတယ်။ ဒီသတင်းဆောင်းပါးကို ရေး ရတဲ့ အကြောင်းကို ဆောင်းပါးအစမှာ ပြောထား
ပြီးသားပါ။ ရည်ရွယ်ချက်ကတော့ ပညာဗုတ်တို့
လို ကလိမ်ကကျစ်ပုဂ္ဂိုလ်တွေ မတရားလုပ်နေ
တာတွေကို ပအိုဝ်းလူထုတွေ သိစေချင်လို့ပေါ့။
တောင်ကြီးတောင်ပိုင်း၊ ကျောက်တလုံးမြို့နယ်
တစ်ခုလုံး ၀င်းယကိစ္စမှာ ဘယ်လို မတရားမှုတွေ
ခံနေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ လာဘ်တွေ ဘယ်လောက်စားထားလဲဆိုတာ
သိသာပါတယ်။ မတရားတာတွေကို အင်တာနက်သုံးနေကြတဲ့ ပအိုဝ်းလူငယ်တွေ
အားလုံးသိရှိပြီး ၀ိုင်းဝန်းတိုက်ခိုက်စေလိုပါတယ်။
pno က ပညာဗုတ်တို့ ဖြန့်တဲ့စာကို ရထားတဲ့ မေခင်မွန်း အနေနဲ့ ပအိုဝ်းလူထုသိအောင် အွန်လိုင်းပေါ်တင်ပေးသင့်ပါတယ်။ တင်ပေးပါလို့လဲ တောင်းဆိုပါတယ်။
မေခင်မွန် သိထားသင့်တဲ့ အချက်ကတော့ ပညာဗုတ်တို့ တိုးယံတို့ ဟိန်းထွန်းတို့ မှန်တယ်ဆိုရင် အွန်လိုင်းပေါ်မှာ ပြောရဲရမှာပေါ့
ခု သူတို့ ဘာကြောင့် မပြောရဲတာလဲ
အဲဒါဟာ..............ပဲ ဆိုတာ သိသာပါတယ်

ခမ်းဟော်ခွန် said...

ခရီးလွန်နေတာကြောင့် ချက်ချင်းပြန်မဖြေတာကိုတော့ မေခင်မွန်းကို တောင်းပန်ပါတယ်။ ဒီသတင်းဆောင်းပါးကို ရေး ရတဲ့ အကြောင်းကို ဆောင်းပါးအစမှာ ပြောထား
ပြီးသားပါ။ ရည်ရွယ်ချက်ကတော့ ပညာဗုတ်တို့
လို ကလိမ်ကကျစ်ပုဂ္ဂိုလ်တွေ မတရားလုပ်နေ
တာတွေကို ပအိုဝ်းလူထုတွေ သိစေချင်လို့ပေါ့။
တောင်ကြီးတောင်ပိုင်း၊ ကျောက်တလုံးမြို့နယ်
တစ်ခုလုံး ၀င်းယကိစ္စမှာ ဘယ်လို မတရားမှုတွေ
ခံနေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ လာဘ်တွေ ဘယ်လောက်စားထားလဲဆိုတာ
သိသာပါတယ်။ မတရားတာတွေကို အင်တာနက်သုံးနေကြတဲ့ ပအိုဝ်းလူငယ်တွေ
အားလုံးသိရှိပြီး ၀ိုင်းဝန်းတိုက်ခိုက်စေလိုပါတယ်။
pno က ပညာဗုတ်တို့ ဖြန့်တဲ့စာကို ရထားတဲ့ မေခင်မွန်း အနေနဲ့ ပအိုဝ်းလူထုသိအောင် အွန်လိုင်းပေါ်တင်ပေးသင့်ပါတယ်။ တင်ပေးပါလို့လဲ တောင်းဆိုပါတယ်။
မေခင်မွန် သိထားသင့်တဲ့ အချက်ကတော့ ပညာဗုတ်တို့ တိုးယံတို့ ဟိန်းထွန်းတို့ မှန်တယ်ဆိုရင် အွန်လိုင်းပေါ်မှာ ပြောရဲရမှာပေါ့
ခု သူတို့ ဘာကြောင့် မပြောရဲတာလဲ
အဲဒါဟာ..............ပဲ ဆိုတာ သိသာပါတယ်

ခမ်းဟော်ခွန် said...

ဝင်းယကိစ္စဟာ ဆောင်းပါးမှာ ရေးသားထားသလို ကျောက်တလုံး ရဲမှူးကြီး သို့မဟုတ် အုပ်ချုပ်ရေးမှူးကြီး ကောင်းကောင်းသိတဲ့ ကိစ္စပါ။ လူအများစုနဲ့ အနည်းစု ဖြစ်တဲ့ ကိစ္စပါ။
လူအနည်းစုက လုပ်ပိုင်ခွင့်ရှိတဲ့ PNO ထဲက ပုဂ္ဂိုလ်တစ်ချို့နဲ့ (PNO အားလုံးကို မဆိုလိုပါ) ပေါင်းပြီး မတရား တဘက်သတ် လိမ်ညာဏ်ဆင်ပြီး ပြဿနာလုပ်ထားတာပါ။
အဓိက ကတော့ ခမ်းဗွေ ပါပဲ။ သူကိုယ်တိုင်က
အဲဒီပုဂ္ဂိုလ်(၇)ယောက်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပါတယ်။ ပြီးတော့လဲ သားသတ်ရုံကလည်း သူတို့စီးပွား ဖြစ်နေတာဆိုတော့
ငါး တကာ ယိုတဲ့ချီး(ချေး)က ပုဇွန်ဆိတ်ခေါင်းပေါ်ပုံ ဆိုသလိုပါပဲ အားလုံးက ဦးသြဘာကို မဲကြ အခဲမကျေကြ ဖြစ်ပြီးပေါ့ဗျာ။
ဒီလိုမျိုးကိစ္စတွေဆိုတာ သိပ်ဆန်းတာမှ မဟုတ်တာ။ စဉ်းစားကြည့်ကြလေဗျာ။
သူတို့က လုပ်ပိုင်ခွင့် အာဏာရှိသူတွေပဲ။
သူတို့သာ တကယ်မှန်ကန်ရင် ဦးသြဘာ
ခုလောက်ဆို ဘယ်ဘ၀ရောက်နေမလဲ။
ခုတော့ သူတို့ဘက်က မမှန်လို့ ဟိုလူ
လျှောက်ရမ်း ဒီလူ လျှောက်ရမ်း နဲ့
အင်တာနက်သုံးတတ်တဲ့သူတွေကို လိုက်မဲတာဟာ အင်မတန် လူကြီးလူကောင်း
မဆန်တဲ့ကိစ္စပဲ။ အင်းလေ နဂိုလ်ထဲက လူကြီးလူကောင်းဆန်တာမှ မဟုတ်ဘဲ
လူကြီးလူကောင်းသာ ဆန်မယ်ဆိုရင် ၀င်းယကိစ္စတောင် ခုလောက်ကြီးထွားလာမှာ မဟုတ်ဘူးလေ။
ခုခေတ်မှာ အင်တာနက် သုံးတတ်တဲ့သူတွေကိုသာ
တရားခံ ရှာမယ်ဆိုရင် တကမ္ဘာလုံးက အားလုံး တရားခံ ဖြစ်သွားမှာပေါ့။
ဝင်းယကိစ္စမှာ ခုလောက်နဲ့မှ မရပ်ကြသေးရင် ခွန်မောင်ဝမ်း ပြောသလို
PNOက ဘုန်းကြီးလူထွက်တွေ အကျင့်ပျက် ခြစားသူတွေကို
ဓာတ်ပုံနဲ့ တကွ ထပ်တင်နိုင်ဖို့ ကျိုးစားသွားမှာပါ။
မေခင်မွန်တို့လို ပအိုဝ်းအမျိုးသမီး လူငယ်တွေ ခွန်မောင်ဝမ်းတို့လို ပအိုဝ်းအမျိုးသား လူငယ်တွေလဲ
အမှန်တရားအတွက် ရဲရဲရင့်ရင့်
ရပ်တည်ပေးကြပါ။ မတရားတာတွေကိုလဲ
ဝိုင်းဝန်းဖော်ထုတ် တားဆီးပေးကြပါ။ ဒါမှ
ကျွန်တော်တို့ ပအိုဝ်းအမျိုးသား တစ်ရပ်လုံးက
ကောင်းမွန်တိုးတက် ဖွံ့ဖြိုးလာမယ်ဆိုတာ မမေ့စေချင်ပါဘူးဗျာ။

ခွန်ခမ်းမြတ် said...

ခမ်းဟော်ခွန် မင်းသက်သေပြဖို့လိုနေတယ် ခမ်းဗွေဟာသူ့ဟာသူအလုပ်ရှပ်တာ မင်းတို့ဝင်းယရွာကို ပြန်လည်စည်းလုံးစေတဲ့စိတ်နဲ့လုပ်ပေးနေတာ မင်းတို့ကောင်တွေစေတနာကိုစေတနာနဲ့မတန်တဲ့ကောင်တွေ

ခမ်းဟော်ခွန် said...

ခွန်ခမ်းမြတ်လဲ ပေါင်းစားတဲ့အဖွဲ့ထဲကထင်ပါရဲ့
သားသတ်ရုံထက်ခိုင်မာတဲ့ သက်သေများ ရှာပေးရအုံမလား။ စဉ်းစဉ်းစားစားလဲ ပြောပါ။
သခင်အားရအောင် ကျွန်ပါးဝသလို မပြောပါနဲ့ မင်းကိုယ်တိုင် သားသတ်ရုံကြီးကို သွားကြည့်စမ်းပါ။ ဘယ်နှနှစ်ရှိနေပြီလဲ ။
စေတနာ တကယ်ရှိရင် ၁လပိုင်း ၂၀၁၂ PNOရုံးချုပ်မှာ ဆရာတော်တွေ ပထမဆုံး
ဆုံးဖြတ်ပေးတဲ့အတိုင်း ၀င်းယမှာ သွားလုပ်ပေးပါလား။ ခုတော့ ရုံးမှာ ဆုံးဖြတ်တာ
တစ်ခြား ရွာမှာသွားလုပ်တာက တခြား။ အေးလေ သွားတဲ့လမ်းမှာ ငွေထုတ်ကို ခလုတ်တိုက်မိ
သွားတော့ မျက်စိလည်သွားမှာပေါ့။
ခွန်ခမ်းမြတ်သာ စဉ်းစားတတ်မယ်ဆိုရင်
ဆောင်းပါမှပါတဲ့ အချက်အလက်က တစ်ခုမှ ငြင်းစရာမရှိဘူးဆိုတာ ထင်ထင်ရှားရှားကြီးပါ။
ခု ၀င်းယကိစ္စမှာ တာဝန်ရှိသူတွေက အမှန်တရားကို ရှာနေတာမှ မဟုတ်ဘဲ။
အနိုင်တရား ရှာနေတာလေ။ ပြဿနာ
တစ်ခုပြေလည်ဖို့ဆိုတာ အမှန်တရား
ရှာရင်ရှာ ငြိမ်းချမ်းရေး ရှာရင်ရှာ
အဲဒီနှစ်ခုပဲ ရှိတယ်။ အဲဒီနှစ်ခုမှ မရှာချင်ဘဲ
အနိုင်တရားပဲ ရှာနေမယ်ဆိုရင်တော့
ဘယ်တော့မှ ပြေလည်သွားမှာ မဟုတ်ဘူး
ခုဝင်းယကိစ္စမှာ တာဝန်ရှိသူတွေက တစ်ဘက်စကားပဲ နားထောင်တယ်။ ငွေနဲ့ ရောပြောတဲ့ စကားပဲ
နားဝင်ချိုတာကိုး။ သုံးရွာ တစ်ခြမ်းနှင့် လူအနည်းစု ဖြစ်တာတောင် လူတစ်ယောက်က လူတစ်ရာကို နိုင်ရမယ်ဆိုရင် သိပ်တော့
မဟုတ်တော့ဘူးလေ
ခွန်ခမ်းမြတ်လဲ မျက်စိနှစ်ဘက်ကိုဖွင့်ပါ
တစ်ဘက်ထဲဖွင့်ရင်တော့ တစ်ဘက်ပဲ
မြင်ရမှာပဲ

ခမ်းဟော်ခွန် said...

ခွန်ခမ်းမြတ်လဲ ပေါင်းစားတဲ့အဖွဲ့ထဲကထင်ပါရဲ့
သားသတ်ရုံထက်ခိုင်မာတဲ့ သက်သေများ ရှာပေးရအုံမလား။ စဉ်းစဉ်းစားစားလဲ ပြောပါ။
သခင်အားရအောင် ကျွန်ပါးဝသလို မပြောပါနဲ့ မင်းကိုယ်တိုင် သားသတ်ရုံကြီးကို သွားကြည့်စမ်းပါ။ ဘယ်နှနှစ်ရှိနေပြီလဲ ။
စေတနာ တကယ်ရှိရင် ၁လပိုင်း ၂၀၁၂ PNOရုံးချုပ်မှာ ဆရာတော်တွေ ပထမဆုံး
ဆုံးဖြတ်ပေးတဲ့အတိုင်း ၀င်းယမှာ သွားလုပ်ပေးပါလား။ ခုတော့ ရုံးမှာ ဆုံးဖြတ်တာ
တစ်ခြား ရွာမှာသွားလုပ်တာက တခြား။ အေးလေ သွားတဲ့လမ်းမှာ ငွေထုတ်ကို ခလုတ်တိုက်မိ
သွားတော့ မျက်စိလည်သွားမှာပေါ့။
ခွန်ခမ်းမြတ်သာ စဉ်းစားတတ်မယ်ဆိုရင်
ဆောင်းပါမှပါတဲ့ အချက်အလက်က တစ်ခုမှ ငြင်းစရာမရှိဘူးဆိုတာ ထင်ထင်ရှားရှားကြီးပါ။
ခု ၀င်းယကိစ္စမှာ တာဝန်ရှိသူတွေက အမှန်တရားကို ရှာနေတာမှ မဟုတ်ဘဲ။
အနိုင်တရား ရှာနေတာလေ။ ပြဿနာ
တစ်ခုပြေလည်ဖို့ဆိုတာ အမှန်တရား
ရှာရင်ရှာ ငြိမ်းချမ်းရေး ရှာရင်ရှာ
အဲဒီနှစ်ခုပဲ ရှိတယ်။ အဲဒီနှစ်ခုမှ မရှာချင်ဘဲ
အနိုင်တရားပဲ ရှာနေမယ်ဆိုရင်တော့
ဘယ်တော့မှ ပြေလည်သွားမှာ မဟုတ်ဘူး
ခုဝင်းယကိစ္စမှာ တာဝန်ရှိသူတွေက တစ်ဘက်စကားပဲ နားထောင်တယ်။ ငွေနဲ့ ရောပြောတဲ့ စကားပဲ
နားဝင်ချိုတာကိုး။ သုံးရွာ တစ်ခြမ်းနှင့် လူအနည်းစု ဖြစ်တာတောင် လူတစ်ယောက်က လူတစ်ရာကို နိုင်ရမယ်ဆိုရင် သိပ်တော့
မဟုတ်တော့ဘူးလေ
ခွန်ခမ်းမြတ်လဲ မျက်စိနှစ်ဘက်ကိုဖွင့်ပါ
တစ်ဘက်ထဲဖွင့်ရင်တော့ တစ်ဘက်ပဲ
မြင်ရမှာပဲ

ခမ်းဟော်ခွန် said...

ခွန်ခမ်းမြတ်လဲ ပေါင်းစားတဲ့အဖွဲ့ထဲကထင်ပါရဲ့
သားသတ်ရုံထက်ခိုင်မာတဲ့ သက်သေများ ရှာပေးရအုံမလား။ စဉ်းစဉ်းစားစားလဲ ပြောပါ။
သခင်အားရအောင် ကျွန်ပါးဝသလို မပြောပါနဲ့ မင်းကိုယ်တိုင် သားသတ်ရုံကြီးကို သွားကြည့်စမ်းပါ။ ဘယ်နှနှစ်ရှိနေပြီလဲ ။
စေတနာ တကယ်ရှိရင် ၁လပိုင်း ၂၀၁၂ PNOရုံးချုပ်မှာ ဆရာတော်တွေ ပထမဆုံး
ဆုံးဖြတ်ပေးတဲ့အတိုင်း ၀င်းယမှာ သွားလုပ်ပေးပါလား။ ခုတော့ ရုံးမှာ ဆုံးဖြတ်တာ
တစ်ခြား ရွာမှာသွားလုပ်တာက တခြား။ အေးလေ သွားတဲ့လမ်းမှာ ငွေထုတ်ကို ခလုတ်တိုက်မိ
သွားတော့ မျက်စိလည်သွားမှာပေါ့။
ခွန်ခမ်းမြတ်သာ စဉ်းစားတတ်မယ်ဆိုရင်
ဆောင်းပါမှပါတဲ့ အချက်အလက်က တစ်ခုမှ ငြင်းစရာမရှိဘူးဆိုတာ ထင်ထင်ရှားရှားကြီးပါ။
ခု ၀င်းယကိစ္စမှာ တာဝန်ရှိသူတွေက အမှန်တရားကို ရှာနေတာမှ မဟုတ်ဘဲ။
အနိုင်တရား ရှာနေတာလေ။ ပြဿနာ
တစ်ခုပြေလည်ဖို့ဆိုတာ အမှန်တရား
ရှာရင်ရှာ ငြိမ်းချမ်းရေး ရှာရင်ရှာ
အဲဒီနှစ်ခုပဲ ရှိတယ်။ အဲဒီနှစ်ခုမှ မရှာချင်ဘဲ
အနိုင်တရားပဲ ရှာနေမယ်ဆိုရင်တော့
ဘယ်တော့မှ ပြေလည်သွားမှာ မဟုတ်ဘူး
ခုဝင်းယကိစ္စမှာ တာဝန်ရှိသူတွေက တစ်ဘက်စကားပဲ နားထောင်တယ်။ ငွေနဲ့ ရောပြောတဲ့ စကားပဲ
နားဝင်ချိုတာကိုး။ သုံးရွာ တစ်ခြမ်းနှင့် လူအနည်းစု ဖြစ်တာတောင် လူတစ်ယောက်က လူတစ်ရာကို နိုင်ရမယ်ဆိုရင် သိပ်တော့
မဟုတ်တော့ဘူးလေ
ခွန်ခမ်းမြတ်လဲ မျက်စိနှစ်ဘက်ကိုဖွင့်ပါ
တစ်ဘက်ထဲဖွင့်ရင်တော့ တစ်ဘက်ပဲ
မြင်ရမှာပဲ

Unknown said...

လူတွေက လေအလကားရတိုင်း ပါးစပ်ကြီးဟပြီး ပြောချင်ရာ ပြောတတ်ကြတယ်.. မပြောနဲ့လို့လဲ မတားရက်ပါဘူး ကိုယ့် Right ဘဲလေ ဒါမယ့် တစ်ခုတော့ ရှိတယ်... သင် သမိုင်းကြောင်း ဘယ်လောက်သိထားလဲ