နအဖစစ်အစိုးရ၏ ကြေညာချက်အမှတ် ၁/၂၀၀၈ နှင့် ကြေညာချက်အမှတ် ၂/၂၀၀၈ အပေါ် ကေအိုင်အို၏ သဘောထားထုတ်ပြန်ချက်

တိုက်ပွဲဖြစ်ပွားပြီးနောက် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်သုံးဦးကို ဖမ်းဆီး

2008.02.20

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့က ရှမ်းပြည်တောင်ပိုင်းက စစ်အစိုးရတပ်တွေကို ပအိုဝ်းတပ်က ဝင်ရောက် တိုက်ခိုက်ပြီးနောက ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး ခေါင်းဆောင်သုံးဦးကို တောင်ကြီးမြို့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းထဲက ခေါ်ဆောင်သွားပြီး အခုချိန်ထိထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ကြ တောင်ကြီးမြို့နဲ့ ၅၈ မိုင်အကွာမှာရှိတဲ့ ဆီဆိုင်မြို့က စစ်ဖက်ဆိုင်ရာလုံခြုံရေး (စရဖ) နဲ့ အစိုးရတပ်တွေဖြစ်တဲ့တပ်မ (၄၂၃) ကို ဗိုလ်မှူးကြီးခွန်သူရိန်ခေါင်းတောင်တဲ့ ပီအန်အယ်လ်အေခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်၊၊ တိုက်ပွဲဖြစ်ပြီးနောက် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ် ရလလဖနောင်ထော် အခြေစိုက် လက်ရှိဗဟိုဌာနချုပ် ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဥက္ကဌစောတာကလယ်၊ ဒု-ဥက္ကဌခွန်စိန်ရွှေနဲ့ နိုင်ငံရေးမှူး ဦးစိုးအောင်လွင်ကို စစ်တပ်က ခေါ်ယူထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အခုလိုရှမ်းခေါင်းဆောင်တွေကို ခေါ်ယူထိန်းသိမ်းရတဲ့ဖြစ်ရပ်မှာ တောခိုအဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားရေးလွတ်မြောက်ရေးတပ်ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်သူရိန်တို့တပ်ရဲ့ ပစ်ခတ်မှုဟာ ရလလဖအဖွဲ့ကိုဦးဆောင်နေတဲ့ နောင်ထော်အခြေစိုက် တာကလယ်တို့အဖွဲ့က ကာကွယ်ကူညီပေးထားလို့ ဆိုပြီးစွပ်စွဲနေတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်အရာရှိတွေနဲ့ ရလလဖခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ တောခိုအဖွဲ့ဖြစ်တဲ့ ခွန်သူရိန်အဖွဲ့က အခုလို ၀င်ရောက်တိုက်ခိုက်တာကို ကြောင်းပြပြီး လက်ရှိရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖကို လက်မှတ်ထိုးပြီး လက်နက်အပ်ခိုင်းတယ်။ ပြန်တောခိုမလား လက်နက်ချမလားဆိုတဲ့မေးခွန်းတွေထုတ်ပြီး ဖိအားပေးအကျပ်ကိုင်နေတယ်လို့ ရလလဖနဲ့နီးစပ်သူ ရှမ်းနိုင်ငံရေးလှုပ်ရှားသူ စိုင်းမင်းလွင်က ပြောပါတယ်။

အခုလက်ရှိရှမ်းပြည်နယ်အတွင်းမှာ ရှေ့ဖြစ်လာမယ့်နိုင်ငံရေးအခြေအနေက အတော်ကိုတင်းမာနေပြီး ဌာနချုပ်ရဲဘော်တွေကလည်း လွယ်လွယ်နဲ့အညံ့ခံမှာမဟုတ်သလို သူတို့ခေါင်းဆောင်လူကြီးတွေကို အခုလိုစစ်တပ်ကခေါ်သွားပြီး ထိန်းသိမ်းထားတာနှစ်ရက်ရှိနေပြီတဲ့အတွက် တပ်ကိုအဆင်သင့်ပြင်နေပြီး အခြေအနေကိုစောင့်ကြည့်နေကြတယ်။ တောင်ကြီးမှာရှိတဲ့ ရလလဖရုံးကိုလည်း စစ်ဖက်ရေးရာအဖွဲ့က စောင့်ကြည့်ထားပြီး ဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားသလို တောင်ကြီးမြို့ပေါ်က ဖုန်းလိုင်းတွေကိုလဲ ဖြတ်တောက်ထားတယ်လို့သိရပါတယ်။

ရလလဖဖက်ကလဲ မြန်မာစစ်တပ်ရဲ့ဖိအားပေးမှုအပေါ် အညံ့ခံမဲ့ပုံမရှိတဲ့အပြင် ခွန်သူရိန်တို့အဖွဲ့ကလဲ စစ်ကြေငြာထားတဲ့အတွက် ဆီဆိုင်မြို့လူထုကတော့ စစ်ပွဲဖြစ်မယ့်အရိပ်အယောင်တွေ မြင်ရလို့ စိုးရိမ်နေကြတယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအကြောင်းသတင်းကို RFA သတင်းထောက် မဆုမွန်က သတင်းပေးပို့ထားပါတယ်။

http://www.rfa.org/burmese/thadin/2008/02/20/shan_troop_leaders_detained/

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ သဘောထားရပ်တည်ချက်နှင့် တောင်းဆို/တိုက်တွန်းချက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့သည် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သော ပအိုဝ်းအမျိုးသားတော်လှန်ရေးမျိုးဆက်ဖြစ်သည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) သည် အကြမ်းဖက်သမားများမဟုတ်ပါ။ တတိုင်းပြည်လုံးရှိ ပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းအမျိုးသားပြည်သူတို့အား အကြမ်းဖက်အုပ်ချုပ်နှိမ်နှင်းနေသော အကြမ်းဖက်သမား၊ သောင်းကျန်းသူနအဖကို တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား တော်လှန်ရေးသမားများသာဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် ပအိုဝ်းအမျိုးသားတို့ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အလို့ငှါ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ (၁၉း၃၀) အချိန်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ နအဖ၏ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် စကခ (ရ) လက်အောက်ခံ ဆီဆိုင်မြို့အခြေစိုက် ခမရ (၄၂၃) တပ်ရင်းအား ၀င်ရောက်တိုက်ခိုက်လိုက်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို တောင်းဆို လိုက်သည်။ နအဖအနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို လိုက်လျော မည်ဆိုလျင် စစ်ဆင် တိုက်ခိုက်မှုများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ရပ်စဲထား မည်။ နအဖမှ လိုက်လျောမှု မရှိလျင် တိုက်ခိုက်မှုများကို အရှိန်မြင့် ဆက်လက်လုပ်ဆောင် သွားမည်။

သဘောထားရပ်တည်ချက်

နအဖစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) ၇ အချက်အတိုင်း ဆက်သွားလျင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် နအဖနှင့်နိုင်ငံရေးစကား ပြောစရာမရှိ၊ နောင်တက်လာမည့် ဒီမိုကရေစီနည်းကျပြည်သူမှရွေးချယ် တင်မြောက်ထား သော တရားဝင်အစိုးရနှင့်သာ နိုင်ငံရေး၊ ပအိုဝ်းတိုင်းရင်းသားအရေးကိစ္စများကို စကားပြောမည်။


တောင်းဆိုချက် (၆) ရပ်

။ နအဖအနေဖြင့် တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မှုများ၊ တိုင်းရင်းသားဒေသများတွင် စစ်ရေးပြင်ဆင်ခြင်း၊ စစ်ဆင်ရေးထိုးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းလုပ်ရပ်များကို ရပ်တန့်ရန်

၂။ တိုင်းပြည်အား စစ်ဗိုလ်ချုပ်များအုပ်ချုပ်နေခြင်းကို အလိုမရှိ၊ စစ်ခေါင်းဆောင်များနှင့် စစ်တပ်များ စစ်တန်းလျားသို့ပြန်ရန်

၃။ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် နအဖစစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) (၇) ချက်နှင့် အမိန့်အာဏာဖြင့် ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ (၁၀၄) ချက်ကို ပြန်လည်ရုပ်သိမ်းရန်

၎။ မသမာသောနည်းလမ်းများကို အသုံးပြုပြီး မေလတွင်ပြုလုပ်မည့် (၁/၂၀၀၈) ပါအတုအယောင် လူထုဆန္ဒခံယူပွဲနှင့် (၂/၂၀၀၈) ပါ (၂၀၁၀) ခုနှစ်တွင်ပြုလုပ်မည့်ရွေးကောက်ပွဲ ထုတ်ပြန် ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းရန်

၅။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွတ်ပေးရန်

၆။ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံနိုင်ငံရေး အင်အားစုများအားလုံး ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ကြားဖြတ်အစိုးရသို့ အာဏာလွဲအပ်ရန်

တိုက်တွန်းချက်

မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေထိုင်ကြသော ရဟန်းသံဃာများ၊ ပြည်သူများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားများ၊ အရပ်လက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ အတိုက်အခံနိုင်ငံရေးပါတီများ၊ အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် တိုင်းပြည်၏အာဏာကို မတရားရယူထားပြီး တိုင်းပြည်ကို အဘက်ဘက်မှ အောက်ဆုံးထိမွဲပြာကျအောင် အုပ်ချုပ်နေသော နအဖစစ်အာဏာရှင်တစ်စုအား ဖြုတ်ချနိုင်ရေးအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ တောင်းဆိုချက် (၆) ရပ်နှင့် သဘောထားရပ်တည်ချက်ကို ၀ိုင်းဝန်းရပ်ခံကြပါရန် အလေးအနက်တိုက်တွန်းလိုက်သည်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်
ဗဟိုကော်မတီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)

ဆီဆိုင်ရှိ မြန်မာတပ်စခန်းများကို ပအိုဝ်းဝင်တိုက်၊ နှစ်ဦးသေ

ခွန်အောင်မြတ်
ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၀၈ ခုနှစ်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မိုရှိ မြန်မာစစ်အစိုးရ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ပီအဲန်အယ်လ်အေ)က ယခုရက်ပိုင်းအတွင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ တပ်ကပ်ကီး တဦးအပါအ၀င် နှစ်ဦးသေဆုံးသည်

ဆီဆိုင်မို အခြေစိုက်သည့် မြန်မာစစ်တပ် စစ်ဘက်ရေးရာ လုံခုံရေးတပ်ဖွဲ(စရဖ)ရုံးနှင့် ခမရ (၄၂၃) တပ်စခန်း တိုကို ယခုလ ဖေဖော်ဝါရီ ၁၇ ရက်နေတွင် ပီအဲန်အယ်လ်အေက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ (ပီအဲန်အယ်လ်အို) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကီး ခွန်သူရိန်က ပြော သည်

အဲဒီတိုက်ပွဲမှာကတော့ ကျနော်တို ဖက်မှာတော့ အကျအဆုံးမရှိပါဘူး နအဖ ဘက်မှာ ကတော့ စစ် ဘက်ရေးရာ လုံခုံရေးတပ်ဖွဲက ကျနော်တို လေ့လာစုံစမ်းသိရှိရတဲ့ သတင်းအရဆိုရင်တော့ တပ်ကပ်ကီးအဆင့်ရှိတဲ့ သန်းစိုး သေဆုံးပီးတော့ ရဲတပ်ဖွဲက တစ်ယောက်ကျတယ်လို သိရတယ် အဲဒီ (၄၂ ၃) တပ်မှာတော့ ဘယ်လောက်ကျတယ်ရာရတဲ့ သတင်းကလည်း အတိအကျ မသိရသေးပါဘူး စုံစမ်းဆဲပဲ ဖြစ်ပါတယ်။”

ယခုတိုက်ပွဲသည် တိုင်းပြည်ကို မတရားအာ
ာရယူထားပီး တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ် အကမ်းဖက် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရကို တော်လှန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

နအဖအနေနဲ ရုတ်မက် Road Map (၇) ချက် အတိုင်းကို ဆက်ပီးတော့မှ သွားမယ်ဆိုရင်တော့ ကျ နော်တို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲအနေနဲက နအဖနဲ နိုင်ငံရေး စကားပြောစရာလည်း မရှိဘူး အဲတော့ နောက်တက်လာမယ့် ဒီမိုကရေစီနည်းကျပေါ့ ပြည်သူလူထုကနေပီးတော့မှ ရွေး ချယ်တင် မြောက်ထားတဲ့ တရားဝင်အစိုးရနဲပဲ ကျနော်တို ပအိုဝ်းအမျိုးသားရေးကိစတွေ နိုင်ငံရေး ကိစတွေ စကားပြော မယ်ဆိုတဲ့ ကျနော်တို သဘောထားရပ်တည်ချက်ရှိပါတယ်ဟု၎င်းက ဆက် ပြောသည်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ
(ပီအဲန်အယ်လ်အို) က ယနေကညာချက် ထုတ်ပြန်ပြီး နအဖစစ်အစိုးရအား စစ်အာရှင်စနစ်တည်မဲရေးအတွက် ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇)ချက်နှင့် အမိန်အာာဖြင့်ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ(၁၀၄) ချက်ကို ပြန်လည်ုပ်သိမ်းရန် တိုင်းရင်းသားကိုယ်စားလှယ်များ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများဖြင့် ကားဖြတ် အစိုးရတစ်ရပ်ဖွဲစည်းပီး ကားဖြတ်အစိုးရသို အာာ လွဲအပ်ရန် တောင်းဆို ထားသည်

တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မများ တိုင်းရင်းသားဒေသများတွင် စစ်ရေး ပြင်ဆင်ခြင်း စစ်ဆင်ရေးထိုးခြင်း လုပ်ကံသတ်ဖြတ်ခြင်းင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်များကို ရပ်တန်ရန်နှင့် စစ်ခေါင်းဆောင်များ စစ် တန်းလျားသိုပြန်ရန် တောင်းဆိုထားပြီး မလိုက်လျောပါက စစ်ဆင်တိုက်ခိုက်မအရှိန်မြင့် ဆက်လက် လုပ် ဆောင်သွားမည်ဟု ကေညာချက်တွင် ပါရှိသည်

ပီအဲန်အယ်လ်အို သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲမှ ခွဲထွက်ပြီး နောက်ဖွဲစည်းခဲ့သည့် အဖွဲဖြစ်ပြီး ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် ပအိုဝ်းအမျိုးသားတော်လှန်ရေး မျိုးဆက် ဖြစ်သည်ဟုကေညာချက်တွင်ဖေါ်ပြထားသည်

မြန်မာစစ်အစိုးရထံ တရားဝင် လက်နက်အပ်နှံသွားသည့် ဗိုလ်မှူးကီး ခွန်ချစ်မောင် ဦးဆောင်သည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ (ရလလဖ) အဖွဲဝင်တဦးက ၁၇ ရက်နေတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကောင်း ယင်းတိုက်ပွဲတွင် ကျဆုံးဒ်ရာရမများရှိကောင်း အတည်ပြုပြောဆိုသည်

နအဖစခန်းများကို ပအိုဝ်းလက်နက်ကိုင်တပ်များ တိုက်ခိုက်

ကိုကျော်ထင်/ ၁၉ ဖေဖော်ဝါရီ ၂၀၀၈
ခေတ်ပြိုင်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ တပ်ဖွဲ့ဝင်အချို့သည် ယခုလ (၁၇) ရက် ညနေပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အခြေစိုက် နအဖတပ်စခန်းများကို
ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဆီဆိုင်မြီု့နယ်ရှိ စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) နှင့် ခမရ (၄၂၃) တပ်များကို PNLO တပ်ဖွဲ
ဝင်များက တိုက်ခိုက်ခဲ့ကြောင်း PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

၎င်းက “တိုက်ပွဲအခြေအနေကတော့ နအဖဘက်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က တပ်ကြပ်ကြီးတယောက် ကျပြီးတော့မှ ရဲတပ်ဖွဲ့ကလည်း တယောက်ကျတယ်လို့သိရတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့အစိတ်အပိုင်းကတော့ ကျနော်တို့မသိရသေးပါဘူး” ဟု ပြောသည်။

ညနေ (၇) နာရီခွဲခန့်က စတင်ခဲ့သည့် နာရီဝက်ခန့် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် PNLO ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်တွင်းအခြေစိုက် ရလလဖနှင့် နီးစပ်သူတဦးကလည်း ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားသည်။

PNLO မှ တိုက်ပွဲသတင်းနှင့် ပတ်သက်သည့် ယနေ့ထုတ်ပြန်ကြေညာချက်တွင် လာမည့် မေလ တွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲနှင့် ၂၀၁၀ တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတို့ကို ရုပ်သိမ်းရန်၊ အတိုက်အခံများ၊ တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ကြားဖြတ်အစိုးရကို ဖွဲ့စည်းပေးရန်နှင့် ယင်းအစိုးရကို အာဏာလွဲပေးရန်အပါအ၀င် အချက် (၆) ချက်ပါ တောင်းဆို ချက်နှင့် အကယ်၍ မလိုက်နာပါက ဆက်လက်တိုးမြှင့်တိုက်ခိုက်သွားမည်ဟု ပါရှိသည်။

ငြိမ်းချမ်းရေးယူထားသည့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက် ခဲ့သော PNLO ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ထိုင်း-မြန်မာနယ်စပ်၌ အမည်ပြောင်း ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ ။

ပအိုဝ်း တစီးထီ(ဆေးတော်ပွားရေ)

ကိုအောင်မိုးမြင့် သောတရှင်တို မင်္ဂလာအပေါင်းနဲ ပြည့်စုံကပါစေ ကျနော်တို အပတ်စဉ်တင်ဆက် နေတဲ့ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံမှာ ဒီတပတ်မှာတော့ ပအိုဝ်းတိုင်းရင်းသားတိုရဲ ရိုးရာ အစားအသောက်ထဲက တစီးထီခေါ် ဆေးတော်ပွားရေ အကောင်းပဲဖြစ်ပါတယ် ပအိုဝ်းလူမျိုး တိုရဲ ကျေးလက်တောရွာတွေမှာ လုပ်ငန်းခွင်ကအပြန် အပင်ပန်းပြေစေမယ့် တစီးထီ အကောင်းကို ကျနော် အောင်မိုးမြင့်နဲ ကိုအောင်ကျော်နဲ မခိုင်ခိုင်တိုက တင်ဆက်သွားမှာပါ

နိုင်ငံရေးနည်းဖြင့်ကြိုးပမ်းစဉ် တပ်အင်အားတိုးချဲ့ရန်လည်း လိုအပ်ဟု ရှမ်းပြည်တပ်မတော် ပြောကြား

ကျော်ထင် / ၁၆ ဇန်န၀ါရီ ၂၀၀၈

နအဖစစ်အစိုးရနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကြိုးပမ်း နေစဉ်အတွင်း တပ်အင်အားကိုလည်း ခိုင်မာအောင် တိုးချဲ့တည်ဆောက်သွားမည်ဟု လက်နက် ကိုင် တိုက်ပွဲဝင်နေဆဲဖြစ်သည့် ရှမ်းပြည်တပ်မတော်- တောင်ပိုင်း (SSA-S) က ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ပြီးစီးသွားသည့် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ
(RCSS) ၏ (၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် RCSS ၏ လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ် ဆိုင်းက ပြောကြားသည်။

၎င်းက “ငြိမ်းချမ်းရေးကိစ္စအတွက်၊ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေး နွေးဖို့အတွက် ကမ်းလှမ်းထားတာ နအဖဘက်က လက်မခံတော့ဘူးဆိုရင်တော့ ဒီစစ်ရေး နည်းလမ်းမှအပ ကျနော်တို့ ရွေးစရာလမ်းမရှိတော့ဘူး။ ဒီတော့ ကျနော်တို့မှာလည်း စစ်ရေး ကိစ္စကို ပစ်ပယ်လို့မရဘူး။ ကျနော်တို့အင်အားတိုးချဲ့ သွားဖို့တော့ လိုအပ်တယ်” ဟု ပြောသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရွတ်ဆစ်အပါအ၀င် ကိုယ်စားလှယ် (၁၉၈) ဦးတက်ရောက်သည့် အဆိုပါ နှစ်ပတ်လည်အစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးရေး၊ စစ်အင်အားတိုးချဲ့ရေး၊ ရှမ်းပြည်နယ် အတွင်းရှိ အခြားသောအဖွဲ့အစည်းများနှင့် သွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပါအ၀င် အချက် (၆) ချက်ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ အခြားသောအဖွဲ့အစည်းများနှင့် သွေးစည်းညီညွတ်မှုတည်ဆောက်ရေး ဆုံးဖြတ်ချက်ကို ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုလိုက်သည်။

PSLF အထွေထွေအတွင်းရေးမှူး မိုင်အိုက်ဖုန်းက “အခုလို အက်စ်အက်စ်အေက ရှမ်းပြည်မှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ အဖွဲ့အစည်းတွေအားလုံး တကယ့်စည်းလုံးညီညွတ်ရေးကို တည် ဆောက်ဖို့ဆိုတဲ့ လုပ်ငန်းအစီအစဉ်တခုဟာ အင်မတန်ကောင်းတဲ့လုပ်ငန်းဖြစ်ပါတယ်၊ ကျနော် တို့ဆီမှာလည်း ဒီလုပ်ငန်းတွေ အစီစဉ်ရှိပါတယ်” ဟု ပြောသည်။

၎င်းကဆ က်၍ “ရှမ်းအဖွဲ့က ပိုပြီးတော့ ဦးဆောင်လုပ်နိုင်တယ်ဆိုရင်တော့ ဒါ တကယ်ပိုကောင်း တယ်။ တကယ်ဒီလိုမျိုး လုပ်ငန်းပုံစံကိုချမှတ်ပြီးတော့ လက်တွေ့ အကောင်အထည်ဖော်ဖို့လည်း လိုတယ်လို့ ကျနော်ပြောချင်တယ်။ ဒါမှပဲ ကျနော်တို့ရှမ်းပြည်မှာ တကယ့်စည်းလုံးညီညွတ်တဲ့၊ တကယ့်တန်းတူရည်တူနဲ့ ရှမ်းပြည်အနာဂတ်ကို မျှော်မှန်းထားတဲ့အတိုင်း အမြန်ဆုံးရရှိနိုင်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက SSA-S နှင့် စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ခဲ့ကြ သော်လည်း ချိန်းဆိုထားသောနေရာသို့ စစ်အစိုးရကိုယ်စားလှယ်များ မလာရောက်ခဲ့၍ အထ မမြောက်ခဲ့ပေ။ ။

ပအိုဝ်းအဖွဲ့များ ပူးပေါင်းရန် သဘောတူ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇန္န၀ါရီလ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် နယ်စပ်တွင် အခြေစိုက်သော ပအိုဝ်းအဖွဲ့အစည်းများက အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေညာချက်တရပ်ကို ယနေ့ ထုတ်ပြန်သည်။

ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်သော အဖွဲ့များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ် အို)။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (ပီအဲန်ဒီအို)။ ပအိုဝ်းအမျိုးသမီးသမဂ္ဂ (ပီဒဗလျူအို)နှင့် ပအိုဝ်း လူငယ်ဒီမိုကရက်တစ်အဖွဲ့ (ပီဝိုင်ဒီဝို) တို့ ဖြစ်ကြသည်။

ယင်းအဖွဲ့များအနက် ပီအဲန်အယ်လ်အိုအဖွဲ့မှာ အပစ်ရပ်အဖွဲ့ဖြစ်သော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးအဖွဲ့ (ရလလဖ)မှ ခွဲထွက်ကာ ယခင်နှစ်က တောပြန်ခိုခဲ့သော လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ကျန်အဖွဲ့ များမှာ ပအိုဝ်းလူထုအခြေပြု အဖွဲ့များဖြစ်ကြသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်က “ကျွန်တော်တို့တတွေ တခု တည်းသော နိုင်ငံရေး ဦးတည်ချက်အောက်မှာ တစည်းတလုံးတည်း ဖြစ်ဖို့ သဘောတူခဲ့တယ်” ဟု ပြောသည်။

တခုတည်းသော နိုင်ငံရေး ဦးတည်ချက်အောက်တွင် ဆိုရာမှာ ပအိုဝ်းအမျိုးသားတို့၏ စစ်မှန်သော ကိုယ်ပိုင်ပြ ဌာန်းခွင့်ရရှိရေးအတွက် ပအိုဝ်းအမျိုးသားတို့အား ဖိနှိပ်သွေးစုပ်နေသော နအဖ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်း သွားသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဟု သဘောတူညီခဲ့ခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသမီး သမဂ္ဂ (ပီဒဘလျူယူ)မှ နန်းယဉ်သွယ်က “ပအိုဝ်းအခွင့်အရေးတွေ အားလုံးရရှိဖို့ ကျွန်မ တို့ အဖွဲ့တွေ အကုန်လုံး ပူးပေါင်းပြီးတော့မှ သေချာပြန်လုပ်ကြဖို့ပေါ့နော်။ ပေါင်းလုပ်သွားမယ်ပေါ့။” ဟု ပြောသည်။

ယခုလောလောဆယ်တွင် မယ်ဟောင်ဆောင် ဒေသအခြေစိုက် ပအိုဝ်းအဖွဲ့များ စတင်ဆွေးနွေးခြင်းဖြစ်ပြီး နောင် ဆွေးနွေးပွဲများတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော ပီပီ အယ်အို (ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး အဖွဲ့) အပါအ၀င် အခြား ပအိုဝ်းအမျိုးသား ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

မဲဟောင်ဆောင်ဒေသရှိ ပအိုဝ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ထုတ်ပြန်ကြေငြာချက်

စစ်အစိုးရက ရလလဖအား လက်နက်ချရန် ဖိအားပေးနေ

အောင်မိုးမြင့်။
ဇန္န၀ါရီလ ၁၂ ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်တွင် အခြေစိုက်သော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) အား ယခုလ ၂၁ ရက်နေ့တွင် လက်နက်ချရန် မြန်မာစစ်အစိုးရမှ ဖိအားပေးနေသည်ဟု သိရ သည်။


ဇန္န၀ါရီလ ၁ ရက်နေ့က မြန်မာစစ်အစိုးရ၏ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ (G1) တာဝန်ယူထားသည့် ဒုဗိုလ်မှူးကြီး မြ၀င်း က ဆီဆိုင်မြို့ကိုရောက်ရှိလာပြီး ရလလဖမှ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖိအားပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။


ယင်းသတင်းကို ရလလဖမှ ခွဲထွက်၍ စစ်အစိုးရအားလက်နက်ကိုင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှုး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလို အတည်ပြုပြောသည်။


ဒီလ တစ်ရက်နေ့မှာတုန်းက စရဖ (G1) ဒုဗိုလ်မှူးကြီး မြ၀င်းကနေပြီးတော့မှ ဆီဆိုင်မြို့ကို လာပြီး တော့မှ ရလလဖမှာ ရှိတဲ့ အဖွဲ့ခေါင်းဆောင်တွေနဲ့ လာတွေ့သွားတယ်လို့ သိရတယ်။ လာတွေ့တော့ ဒီ ၂၁ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့မှ လက်နက်အပ်ရမည်လို့ အဲ့လိုမျိုး လာပြီးတော့မှ Warning (သတိ)ပေးသွားတယ်။ အဲ့တော့ အကယ်လို့ လက်နက်အပ်မယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ ခင်ဗျားသီးခြားအပ်မလား၊ ဦးချစ်မောင်နဲ့ ခင်ဗျားပူးပေါင်းပြီးတော့မှ အပ်ရမလားဆိုပြီးတော့မှ အဲ့ဒီလိုမျိုး ကျနော်တို့ကြားရတယ်။


ဒုဗိုလ်မှူးကြီး မြ၀င်း လာရောက်ပြောဆိုချိန်တွင် ရလလဖ ခေါင်းဆောင်များဖြစ်ကြသည့် ဦးတာကလယ်၊ ဦးစော ဖာမူ၊ ဦးစိုးအောင်လွင် စသည့်ခေါင်းဆောင်များ ကျန်းမာရေးမကောင်းသဖြင့် သွားရောက်တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပဲ ရလလဖ၏ ကိုယ်စားလှယ် ဦးစိန်ရွှေ တဦးတည်း သွားရောက်တွေ့ဆုံခဲ့သည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့သည့် ရလလဖမှ ဗိုလ်မှူးရဲနိုင် ကိုလည်း မူးယစ်ဆေးဝါးအမှုနှင့် ထောင်ဒဏ် အနှစ်နှစ်ဆယ်ချမှတ်လိုက်ပြီး နောက်နောင် ရဲနိုင်လိုမျိုး ဖြစ်တာမတွေ့ချင်ဘူးဟု ပြောဆိုသွားခဲ့ သည်ဟု ဆိုသည်။


မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့က ပြီးခဲသည့်နှစ် နိုဝင်ဘာလတွင် ဆီဆိုင်မြို့နယ်အတွင်း ဘိန်းသုံးတန် ဖမ်းဆီးရမိ သည့် သတင်းကို ဖုံးကွယ်လို၍ အစားထိုးဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုသိရကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်မှ ပြောသည်။


ကျနော်တို့ သိရသလောက်က ရဲနိုင်တို့နဲ့ ပတ်သက်ပြီးတော့မှ မူးယစ်ဆေးဝါး ဖမ်းမိတယ်ဆိုတာက တော့ ကျနော်တို့ သိရသလောက်က မဟုတ်ဘူးလို့ ကျနော်တို့ သိရတယ်ပေါ့။ လက်ပူးလက်ကြပ် မိတာမဟုတ်ဘဲနဲ့ ဟို့အရင် ကျနော်တို့ ကြားသိရတဲ့ ဘန့်ရင်ဆက်တော်အရှေ့ဖက်မှာမိတဲ့ မူးယစ် ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ လှည့်ကွက်အနေနဲ့ လူစားထိုးပြီးတော့မှ ထောင်ချလိုက်တယ်။ အဲ့ လိုမျိုး ဖော်ပြလိုက်တယ်။ ဟိုးတစ်ခေါက်တုန်းက ဘယ်သူ့ဟာ ဖမ်းမိတယ်။ ဘယ်ဝါဟာဖမ်းမိတယ် ဆိုတာ နအဖကနေပြီးတော့မှ သတင်းထုတ်ပြန်ခြင်းမရှိဘူး။ အဲ့လိုမျိုးအတော်ကြာတဲ့အချိန်ကျမှ အဲ့ဒီ ရဲနိုင်တို့ အဖွဲ့ကိုဖမ်းပြီးတော့မှ အခုဒီလိုမျိုး တရားစွဲ ထောင်ချတယ်ဆိုတာကတော့ အရင်ပြစ်မှု ဟောင်းတွေကို ဖာထေးတယ်။ ပိုင်ရှင်မပေါ်တဲ့ အဲ့ဒီဟာကို ပြောမယ်ဆိုရင်တော့ အစားထိုးပြီးတော့မှ ထောင်ချတယ် လို့ ကျနော်တို့ ဒီလိုပဲ ကြားသိရတယ်ခင်ဗျ။


ရလလဖအဖွဲ့သည် ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။


လွန်ခဲ့သောနှစ်လယ်ပိုင်းက ရလလဖအဖွဲ့၏ ဒုဥက္ကဌ ခွန်ထိဆောင်နှင့် အတွင်းရေးမှုး ခွန်သူရိန်တို့ ခေါင်းဆောင် သောအဖွဲ့သည် တောပြန်ခို၍ မြန်မာစစ်အစိုးကို ပြန်လည်လက်နက်ကိုင်တော်လှန်ခဲ့ပြီးနောက် ဥက္ကဌဖြစ်သူ ခွန်ချစ်မောင်မှာ ဖိအားပေးခံရပြီး လက်နက်ချသွားခဲ့သည်။ လက်နက်မချဘဲ ကျန်ရှိနေသော ရလလဖ အဖွဲ့ဝင် များကို နောင်ထော်ဌာနချုပ်တွင် နာယကကြီးတာကလယ်က ဦးဆောင်၍ အပစ်ရပ် ရလလဖအဖွဲ့ အဖြစ်ဆက်လက် ရပ်တည်ခဲ့သည်။

ရလလဖအား လက်နက်ချခိုင်းသည့် သတင်းများထွက်ပေါ်

ကျော်ထင်/ ၈ ဇန်န၀ါရီ ၂၀၀၈
ခေတ်ပြိုင်


ပအိုဝ်းနီအဖွဲ့ဟု လူသိများသော ငြိမ်းချမ်းရေးအဖွဲ့တခုဖြစ်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အား မြန်မာစစ်အစိုးရက နည်းလမ်းမျိုးစုံနှင့် လက်နက်ချရန် ဖိအားပေးနေကြောင်း ရှမ်းပြည်တောင်ပိုင်းမှလာသော သတင်းများအရ သိရသည်။


ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်အခြေစိုက် ရလလဖအား အကယ်၍ လက်နက် မချပါက ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့တခုဖြစ်သည့် ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် လက်အောက်ခံတပ်ရင်း (၅) နှင့် ပူးပေါင်းရန် ဖိအားပေးလျက်ရှိကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။


ယမန်နှစ်၌ ဦးခွန်ထီစောင်ခေါင်းဆောင်သော အင်အား (၁၀၀) ကျော် ပြန်လည်တောခိုလာကာ ရလလဖမှ ဦးချစ်မောင်ခေါင်းဆောင်သောအဖွဲ့ နအဖထံ အပြီးအပိုင်လက်နက်ချသွားပြီး သည့်နောက် ကျန်ရှိသည့် ရလလဖအဖွဲ့အား နအဖမှ ဖိအားပေးလာခြင်းဖြစ်သည်။


ရလလဖဗဟိုနှင့် နီးစပ်သူတဦးက “ဒါ ကောလဟလလည်း ဖြစ်နိုင်တယ်၊ အတည်လည်း ဖြစ်နိုင် ပါတယ်။ ၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေးယူထားတဲ့ ဦးတာကလယ် ဦးစီးတဲ့ နဂိုမူရင်း ရလလဖအဖွဲ့ဟာ ဗဟိုဌာနချုပ်နောင်ထော်မှာ ရှိနေတုန်းပဲ၊ ဒီအချိန်ထိ လက်နက်မချသေးဘူး၊ လက်နက်ချမှာလည်း မဟုတ်ဘူး၊ ၉၄ မူအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ သိရတယ်” ဟု ပြောသည်။


ရလလဖအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲပြီး ဒေသငြိမ်းချမ်းရေးတည်ဆောက်မည်ဆိုသည့် မူအရ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနှင့်နေလိုကြောင်း ၎င်းက ပြောသည်။


“ဒီကိစ္စတွေကို ခေါင်းဆောင်ပိုင်းက အကုန်သိတယ်ဗျ။ ဒီသတင်းမှန်မမှန် အဖွဲ့အစည်းတခုလုံးက စောင့်ကြည့်နေကြတယ်၊ ရလလဖဘက်က နဂိုကတည်းက ငြိမ်းချမ်းရေး လိုချင်လို့ အပစ်အခတ် ရပ်စဲတာပဲလေ၊ အဲဒီတော့ ဒီငြိမ်းချမ်းရေးကို ဆက်ပြီးတည်ဆောက်သွားမယ်၊ ဘာကိုပဲဖြစ်ဖြစ် သူတို့ကိုမထိပါးရင် ဘာမှမလုပ်ဘူး” ဟု ၎င်းက ပြောသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ (၁၉) ရက်က ရလလဖမှ ဗိုလ်မှူးရဲနိုင်အပါအ၀င် တပ်သား (၉) ဦးကို မူးယစ်
ဆေးဝါးပုဒ်မနှင့်ဖမ်းဆီးခဲ့ရာ လက်ရှိတွင် တောင်ကြီးရဲစခန်း၌ ချုပ်နှောင်ထားသည်။


ဗိုလ်မှူးရဲနိုင်သည် နအဖထံ အပြီးအပိုင်လက်နက်ချသွားသော ဦးချစ်မောင်အဖွဲ့ နောင်ထော်ဌာန ချုပ်မှ တိတ်တဆိတ်ထွက်ခွာစဉ် ပိတ်ဆို့တိုက်ခိုက်ခဲ့သော တပ်မှူးတဦးဖြစ်ခြင်း၊ ပြီးခဲ့သည့်နှစ်က ဆီဆိုင်မြို့နယ်အတွင်း ဘိန်း (၃) တန်ဖမ်းဆီးရမှု ပြည်ပသတင်းဌာနများသို့ ပေါက်ကြားသွား ခြင်းတို့ကြောင့် ဖိအားပေးခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောဆိုသည်။


ရလလဖခွဲထွက်အဖွဲ့တခုဖြစ်သည့် နယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်သူရိန်ကလည်း နအဖမှလက်နက်ချရန် (သို့မဟုတ်) ဦးအောင် ခမ်းထီအဖွဲ့နှင့်ပူးပေါင်းရန် ဖိအားပေးသည်ဟု သတင်းများရရှိကြောင်း အတည်ပြု ပြောဆိုသည်။


ရလလဖ၏ အနာဂတ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်သူရိန်က “ဒီအချိန်မှာ နအဖကို ခုခံတော်လှန် ဖို့ဆိုတဲ့ အမြင်အပေါ်မှာ သူတို့စိတ်ကို ပိုင်းဖြတ်မယ်ဆိုရင်တော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် နအဖ လက်အောက်ခံမှာ နေမှာမဟုတ်ဘူး။ သူတို့အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပြန်လုပ် မယ်ဆိုတာကတော့ ကျနော်တို့ သုံးသပ်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ဆိုတာကလည်း အဲဒီမှာရှိတဲ့ တပ်မှူးတွေအပေါ်မှာ မူတည်တယ်” ဟု သုံးသပ်ပြောဆိုသည်။ ။

ရလလဖတပ်ရင်းမှူးအပါအ၀င် ဖမ်းဆီးမှုသည် အချက်သုံးချက် ပါရှိနိုင်ဟု ပြောဆို

ကန္တာရ၀တီတိုင်း(မ်)၊ ဒေလီထက်
ဒီဇင်ဘာ (၂၂) ရက်၊ ၂၀၀၇

မြန်မာစစ်အစိုးရတပ်နှင့် အပစ်အခတ်ရပ်စဲရေးယူထားသည့် ရှမ်းပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ တပ်ရင်းမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် (၈) ဦးတို့အား ဖမ်းဆီးမှုသည် အချက် (၃) ချက်ကြောင့် ဖြစ် နိုင်သည်ဟု မကြာသေးခင်က တောပြန်ခိုလာသည့် ယခုပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောကြားသွား ပါသည်။

မြန်မာစစ်အစိုးရတပ်သည် ရလလဖတပ်ရင်းမှူး အဆင့်ရှိသူ ဗိုလ်းမှူးရဲနိုင်ဦးနှင့် ၎င်းအဖွဲ့ဝင်အချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။ အားလုံးအဖွဲ့ဝင်အင်အားသည် (၂၀၀) ၀န်းကျင်ခန့်ရှိပါသည်။

၎င်းအချက်များသည် ယခင်ကဦးချစ်မောင် ဦးဆောင်သည့်ရလလဖအဖွဲ့သည် လက်နက်ပေးအပ်စဉ် အဖွဲ့ တခုလုံး လက်နက်အပ်ခဲ့ပြီဟု ကြေငြာထားသည်။ သို့သော် တပ်ရင်းမှူးအဆင့်ရဲနိုင် (ခေါ်) ကာပရဲ ဦးဆောင် အဖွဲ့က လက်နက်မအပ်ပါ။ ပြီးခဲ့သည့်လက မူးယစ်ဆေးဝါးသုံးတန် ဖမ်းမိသည်ဟု သတင်းအမောင်ချခြင်းအပေါ် အစားထိုးဖမ်းခြင်းနှင့် မစ္စတာဂမ်ဘာရီမှ တဆင့် ဒေါ်စုထုတ်ပြန် ကြေညာချက်အပေါ် ဦးတာကလယ်မှ မည်သည့် ပြောဆိုခြင်းမရှိသည့်အပေါ် ဖိအားပေးမျိုးဖြစ်သည်ဟု သုံးသပ်ပြောသွားပါသည်။

ခွန်သူရိန်က "လူအင်အားအများကြီးနဲ့ ၀ိုင်းထားပြီးတော့မှ ဖမ်းလိုက်တယ်လို့ ကျနော်တို့သိရတယ်။ ဖမ်းမိတဲ့ အချိန် ကျနော့်ရဲဘော်တစ်ယောက်ရဲ့ကိုယ်ပေါ်မှာ ဟိုစစ်ဒီစစ်တဲ့အချိန်ကျတော့ ဘိန်းသုံးကျပ်သား လောက်တွေ့တယ်လို့ပြောတယ်။ အဲလိုမျိုးဖြစ်တဲ့အချိန် ကျနော်တို့သုံးသပ်တာကတော့ မူးယစ်ဆေးဝါးသုံးတန် ဖမ်းမိတဲ့ကိစ္စမှာ လက်သည်မပေါ်ဘူး၊ တရားခံမပေါ်ဘူး ဆိုတဲ့အချိန်ကျတော့ ဦးချစ်မောင်တို့ နာမည်ထွက်နေ တဲ့ဟာကို လူစားထိုးဖို့အတွက် ဖမ်းလိုက်တယ်လို့ ကျနော်တို့သုံးသပ်မိတယ်" ဟု ပြောကြားသွားပါသည်။

တပ်ရင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးရဲနိုင် (ခေါ်) ကာပရဲနှင့် သူ၏တပ်သား (၈) ယောက်အား ယခုလ ၁၈ ရက်နေ့က ဆီဆိုင်မြို့နယ် ဘမ်းငုံကမ်းကျေးရွာတွင် ဖမ်းဆီးသွားခြင်းပင်ဖြစ်ပါသည်။ "အဓိက နအဖရဲ့ ရည်ရွယ်ချက် ကတော့ ဒီအဖွဲ့တွေကနေပြီးတော့မှ လက်နက်အပ်ရေးကို နည်းပေါင်းစုံနဲ့ သူတို့အကျပ်ကိုင်တယ်ဆိုတဲ့ဟာပဲ" ဟု ခွန်သူရိန်ကပြောသည်။

မူးယစ်ဆေးထုတ်လုပ်မှုတွင် မြန်မာစစ်အရာရှိများပါဝင်ဟု တိုင်းရင်းသားလူငယ်အဖွဲ့

ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်းတွင် ဘိန်းစိမ်းနှင့် ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိခဲ့သော်လည်း စစ်အရာရှိကြီးများ ပါဝင် ပတ်သက်နေ၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှိ့ဝှက်ထားခဲ့သည်ဟု တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့(မြန်မာနိုင်ငံ)က ယနေ့ အစီရင်ခံစာ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ၃တန်ခန့်ရှိပြီး ရှမ်းပြည်တောင်ပိုင်းတွင် အကြီးမားဆုံး ဖမ်းဆီးရမိခြင်းဖြစ် သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကာလတန်ဖိုးမှာ ကျပ်သိန်း နှစ်ထောင့်ငါးရာခန့် ရှိသည့် ယင်းမူးယစ်ဆေးများကို မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့ က လွန်ခဲ့သည့်လ ၄ရက်နှင့် ၈ရက်နေ့တွင် ဆီဆိုင်မြို့နယ် လွယ်မောတောင် ထီတမ်းကျေးရွာအနီးရှိ ဘိန်းချက် စက်ရုံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယင်းစက်ရုံသည် မြန်မာစစ်အစိုးရထံ လက်နက်ချသွားသော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလ လဖ) အဖွဲ့၏ ဥက္ကဌဟောင်းဖြစ်သူ ဦးချစ်မောင် ထိန်းချုပ်သည့် ဒေသတွင်တည်ရှိပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တွင် မြန်မာစစ်တပ်အရာရှိများ ပါဝင်ပတ်သက် နေသည်ဟု အစီရင်ခံစာတွင်ဖော်ပြသည်။

ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလို သုံးသပ်သည်။

“ထန်းယန်းကျေးရွာရဲ့ အရှေ့ဖက် နည်းနည်းသွားကျမှာပေါ့ အဲဒီနေရာမှာက ထီတမ်းလို့ ခေါ်တယ်။ အဲဒီမှာ ဘိန်းချက်စခန်းတခုမိတယ်လို့ ကျနော်တို့ အဲလိုမျိုးကြားရတယ်။ အဲလိုဟာကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီဟာတွေဟာ သူတို့နဲ့ မပတ်သက်ရင် တခြားလူနဲ့ ပတ်သက်စရာ အ ကြောင်းမရှိဘူးလို့ကျနော်တို့က ဒီလိုပဲသုံးသပ်တယ်။နောက်ထပ်တခုကတော့ အစိုးရအနေနဲ့ စစ်တပ် အနေနဲ့ မပါဝင်လာဘူး ဆိုတာကလည်းပဲ ကျနော်တို့ ပြောလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိနေတဲ့ နေရာနဲ့ အဲဒီ အမှတ် (၄၂၅) (၄၂၆) တပ်ရင်း ထိုင်တဲ့ နေရာက ငါးမိုင် ၀န်းကျင်ပဲ ရှိတယ်။ အဲဒီတပ်နယ် အတောတွင်း အဲဒီပတ်လည်မှာပဲ ရှိနေတယ်ဆိုနေတဲ့ အချိန်ကျတော့ ဒါကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီနေရာမှာ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံပေါ်လာနိုင်တာက အဲဒီမှာ ရှိနေတဲ့ ဒေသခံ အာဏာပိုင်၊ နောက် အစိုးရတပ်တွေရော၊ ရဲတွေရော မပါဝင် မပတ်သက်လို့ ကတော့ အဲဒီနေရာမှာ လုပ်လို့ မရဘူးလို့ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ ”

မြန်မာအာဏာပိုင်များက ဘိန်းချက်စက်ရုံအစောင့် ထီတမ်းရွာသား ဦးပညာ (ခေါ်) တလော ဆိုသူကို ဖမ်းဆီး ထားပြီး စက်ရုံပိုင်ရှင်အဖြစ် ယူဆရသော ခွန်ချစ်အောင်( ဥက္ကဌဟောင်း ဦးချစ်မောင်၏ သား)မှာ တိမ်းရှောင်နေ ကြောင်းနှင့် လက်နက်ချ ရလလဖ ဥက္ကဌဟောင်း ဦးချစ်မောင်နှင့်သား ခွန်ချစ်အောင်တို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး-ဗိုလ်မှူးကြီးမြ၀င်းကို လစဉ် ကျပ်သိန်း (၅၀) ၊ ဒေသခံ တပ်ရင်းများဖြစ်သည့် ခမရ(၄၂၅)နှင့် ခမရ (၄၂၆) တပ်ရင်းတို့ကို လစဉ် ကျပ်သိန်း (၃၀)စီ ပေးသွင်းနေရကြောင်း အစီရင်ခံစာတွင် ပါရှိ သည်။

ဦးချစ်မောင်အဖွဲ့သည် ပြီးခဲ့သည့် မေလအစောပိုင်းက ရလလဖ ဗဟိုဌာနချုပ် နောင်ထောင်ဝ်မှ ထွက်ခွာခဲ့ပြီး နအဖထံ လက်နက်ချခဲ့သည်။

လွန်ခဲ့သောအပတ်က ရှမ်းပြည်အရှေ့ပိုင်းတွင် မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့က ဘိန်းခင်း ၁၅၀ခန့်တွေ့ရှိ ဖျက်ဆီးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သော်လည်း ယခုဖမ်းဆီးရမှုကို ဖော်ပြခြင်းမရှိခဲ့ပေ။

ခွဲထွက် ရလလဖ အမည်သစ် ပြောင်းလဲ ခွဲထွက် ရလလဖ အမည်သစ် ပြောင်းလဲ

အောင်မိုးမြင့်
နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်

မြန်မာစစ်အစိုးရကို ပြန်လည်လက်နက်တော်လှန်ခဲ့သော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ (ရလ လဖ) ခွဲထွက်အဖွဲသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲအဖြစ် အမည်ပြောင်းလဲဖွဲစည်းလိုက်ပီး ပအိုဝ်း အမျိုးသားအရေးကို ဦးတည်ဆောင်ရွက်သွားမည်ဟု ယနေ ထုတ်ပြန်ကေညာသည်

အဖွဲ့၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပတ်သက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ အထွေထွေ အတွင်းရေးမှုး ဗိုလ်မှူးကီး ခွန်သူရိန်က ယခုလို ပြောသည်

စစ်အာာရှင်စနစ်ကို ကျနော်တိုတိုက်ဖျက်မယ် မဟာလူမျိုးကီးဝါဒကီးစိုမှုကို ကျနော်တို တိုက် ဖျက်မယ် ဒီမိုကရေစီနိုင်ငံ ကျနော်တို ထူထောင်မယ် ပြည်ထောင်စု စစ်စစ်ဖြစ်ပေါ်လာအောင် ကျ နော်တို တည်ထောင်မယ် နောက်ပီးတော့ ပိုသွားတာ တစ်ခုကတော့ ဟိုးတုန်းကတော့ပြောမယ် ဆိုရင် အကျယ်ချဲ့ပြီးတော့မှ ခုံပီးပြောတာပေါ့ ဒီကနေကျတော့ ကျနော်တို ချူပ်လိုက်ပါတယ် အဲ့ ဒီနိုင်ငံရေး အဓိက ရည်မှန်းချက်ကတော့ ကျနော်တို ပအိုဝ်း အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ ရေးနဲ တန်းတူရေးဆိုတဲ့ဟာတွေပဲဖြစ်ပါတယ်ခင်ဗျ

အမည်ပြောင်းလဲခြင်းအခမ်းအနားကို ကရင်နီတိုးတက်ရေးပါတီထိန်းချုပ်ရာ ထိုင်းမြန်မာနယ်စပ်ဒေသတွင် ယနေ နံနက် ဂနာရီက ကျင်းပခဲ့သည်

အမည်ပြောင်းလဲဖွဲစည်းလိုက်သော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲကို ဗဟိုကော်မတီဝင် ၁၁ဦး ဗဟို အလုပ်အမဆောင် ၅ဦးနှင့်ဖွဲစည်းလိုက်ကာ ဥကဌအဖြစ် ဗိုလ်မးချုပ်ခွန်ထိဆောင် အထွေထွေအတွင်းရေးမး ဗိုလ်မကီးခွန်သူရိန်နှင့် တွဲဘက်အထွေထွေအတွင်းရေးမး ဗိုလ်မကီးအောင်ကျော် တိုကို တာဝန်ပေးအပ်ခဲ့ သည်

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ မူလအဖွဲအစည်းဖြစ်သော ရလလဖသည် ၁၉၉၄ခုနှစ်က မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်

ရလလဖ ဒုဥကဌအဖြစ်တာဝန်ယူခဲ့သူ ခွန်ထိဆောင်နှင့် အဖွဲသည် ပီးခဲ့သည့် ဇွန်လအတွင်းက ဌာနချုပ်မှ ခွဲထွက်ကာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီထိန်းချုပ်ရာ နယ်မြေတွင် အခြေစိုက်ခဲ့ မြန်မာအစိုးရကို ပြန် လည် တော်လှန်တိုက်ခိုက်ခဲ့သည်

ရလလဖ ဥကဌ ခွန်ချစ်မောင်ဦးဆောင်သောအဖွဲသည် ဇူလိုင်လအတွင်းတွင် စစ်အစိုးရထံ လက်နက် ချသွားခဲ့ပီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မိုနယ် နောင်ထော်ရှိ ဌာနချုပ်စခန်းကို နာယက အဖွဲက ဆက် လက် ဦးဆောင်ခဲ့သည်

Nay Win Tun: Burma's Gem Stone Tycoon

By Wai Moe
October 31, 2007

Burma’s gem stone industry, one of the largest in the world, is now dominated by Nay Win Tun, who controls Burma’s largest gem trading business.

The CEO of Ruby Dragon Jade & Gems Co Ltd is a young businessman in his early 40s. He is believed to be among the Top 10 richest persons in Burma.

His company donated a massive slab of jade, weighing more than 3,000 tons, to the ruling junta in the early 2,000s. The high quality jade was more than 70-feet long by 20-feet high by 16-feet wide.

Nay Win Tun is the right hand man of Aung Kham Hti, the leader of the Pa-O ethnic ceasefire group, and is also an executive of the Pa-O National Peace Group and Jade Dragon (Gems) Co Ltd, the parent company of Ruby Dragon Jade & Gems Co Ltd.

He manages ruby and jade mines located in Pha Kant and Tawmaw in KachinState; Khamti in Sagaing Division; Mogok in Mandalay Division; and Mongshu in Shan State.

The family members of high ranking Burmese army generals are believed to be shareholders of Ruby Dragon Jade & Gems Co Ltd, according to business sources.

Nay Win Tun also owns businesses in neighboring countries such as Thailand, Singapore and China.
He operates luxury hotels in several of Burma’s beach resorts and in Pha Kant, a popular town for jade trading in Kachin State.

The New Light of Myanmar, the state-run newspaper, reported on March 9, 2007, that Lt-Gen Myint Swe of the Ministry of Defence attended the opening ceremony of the Royal Ruby Jade Hotel Resort and Spa in Rangoon, owned by Nay Win Tun.

Nay Win Tun owns homes on fashionable Than Lwin Street (Windermere) and in Golden Valley in Rangoon. His business office is on Pyay Road in Rangoon.

Rangoon is also the site of a large gem factory and a large commercial gem complex owned by Ruby Dragon & Gems Co Ltd.