ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဟာ ဧပြီလမှာ ကျင်းပရန်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကလောမြို့နယ်မှ လှစ်လပ်နေသည့် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
 PNO
 ကတော့ အဲဒီရွေးကောက်ပွဲမှာ ကလောမြို့နယ်အတွက် လှစ်လပ်နေတဲ့ 
ပြည်သူ့လွတ်တော်အမတ်နေရာကို ၀င်ရောက်ယှဉ်ပြိုင်မယ့် 
ကိုယ်စားလှယ်လောင်းကတော့ ခွန်သန်းမောင် (ခ) ခွန်ပေါလိုင်း ကို 
ရွေးချယ်ထားကြောင်း သိရပါတယ်။
PNO
 ကတော့ အဲဒီရွေးကောက်ပွဲမှာ ကလောမြို့နယ်အတွက် လှစ်လပ်နေတဲ့ 
ပြည်သူ့လွတ်တော်အမတ်နေရာကို ၀င်ရောက်ယှဉ်ပြိုင်မယ့် 
ကိုယ်စားလှယ်လောင်းကတော့ ခွန်သန်းမောင် (ခ) ခွန်ပေါလိုင်း ကို 
ရွေးချယ်ထားကြောင်း သိရပါတယ်။"မနက်ဖြန် တဘက်ခါဆို PNO စည်းရုံးရေး စဆင်းတော့မှာ ဖြစ်တယ်။ လောလောဆယ်တော့ ကြံခိုင်ရေးပါတီက လွဲရင် တခြားပါတီတွေက စည်းရုံးရေးဆင်းတာ မတွေ့ရသေးဘူး” လို့ ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီးတော့ အမည်မဖေါ်လိုတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ ခေါင်းဆောင်တစ်ဦးကို ကိုယ်းကားပြီးတော့ ဗွာသ,ရာ; ဆိုက်မှ ဖေါ်ပြသွားပါတယ်။
ကလောမြို့နယ်မှ လှစ်လပ်နေတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားအတွက် အရွေးကောက်ခံရန် ယှဉ်ပြိုင်မည့်အခြားပါတီများကတော့ ကြံ့ခိုင်ရေးပါတီမှ ဦးမြ၀င်း၊ SNDP မှ စ၀်သာဦး၊ တစညပါတီမှ ဦးခင်မောင်လှ ဖြစ်ပြီး NLD ပါတီကတော့ ဒေါက်တာ ဒေါ်သန်းငွေ စတဲ့ ပါတီကိုယ်စားလှယ်များ အသီးသီးဝင်ပြိုင်ကြမယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် ဇူလိုင်လ သန်ခေါင်စာရင်းအရ ကလောမြို့နယ်အတွင်း လူဦးရေ စုစုပေါင်း ၁၄၉၀၀၀ ဦးရှိသည့်အနက် ဓနု- ၅၄၅၂၃ ဦး၊ ဗမာ-၃၆၈၁၀ ဦး၊ ပအိုဝ်း-၃၀၂၉၂ ဦး၊ တောင်ရိုး-၂၁၀၂၆ ဦး၊ ပလောင်-၃၂၅၀ ဦး၊ ရှမ်း-၉၃၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။ ကလောမြို့နယ်တွင် အသက် (၁၈)နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၉၂၂၅၆ ဦးရှိကြောင်း သန်ခေါင်စရင်းကို ကိုးကားပြီးတော့ ဗွာသ,ရာ; ဆိုဒ် မှ ထည့်သွင်းဖေါ်ပြထားပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ အနေဖြင့် ၂၀၁၀ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့ စတဲ့ ၃ မြို့နယ်မှာသာ ၀င်ရောက်ပြိုင်ပြီး ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော် နှစ်ရပ်စလုံးအတွက် အမတ် ၁၀ နေရာ အနိုင်ရရှိခဲ့ပါတယ်။
၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလဲ ပအိုဝ်းတိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီအဖြစ် ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်းမြို့နယ်တို့မှ အမတ် ၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။
 
 
No comments:
Post a Comment