ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ထိခိုက်ပျက်စီးခဲ့

Thursday, 28 April 2011 | Eleven Media Group

ဧပြီလ ၂၃ ရက် နေ့က ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် လေပြင်းတိုက်ခတ်သည့်အတွက် နေအိမ်အလုံး ၄၀ ထိခိုက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာ ရီ ၁၅ မိနစ်ဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၁ လုံးမှာ လုံးဝပျက်စီးခဲ့ပြီး ကျန်အိမ်ခြေ ၂၉ လုံးမှာ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ ပါသည်။

"ညနေ ၄ နာရီ ၁၅ မိနစ် ၀န်းကျင်လောက်မှာ လေပြင်းတိုက်တာပါ။ လေပြင်းတိုက်ချိန်မှာ အများစုက တောင်ယာထဲသွားနေကြတာလေ။ အိမ် ၁၁ လုံးကတော့ လုံးဝကို ပျက်စီးခဲ့တယ်။ ကျန်တဲ့ ၂၉ လုံး ကတော့ အမိုးလန်တာ၊ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်။ သစ်ပင်တစ်ချို့တောင် ပြိုလဲ ပျက်စီးကုန်တယ်"ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

No comments: