အမျိုး ဘာသာ သာသာနာ။

ဖေဖေါ််၀ါရီလ ၂၄၊ ၂၀၂၁

ဒီအသုံးအနှုန်းက နားထောင်လို့သိပ်ကောင်းတယ်၊ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးပါ လို့ကြားလိုက်ရင် အလိုလိုနဲ့စိတ်ထဲမှာ နိုးကြွလာတယ်။

ဒါပေမယ့် ဒီအသုံးအနှုန်းကို ဘယ်သူတွေက အဓိကကိုင်စွဲသုံးနှုန်းသလဲလို့ စမ်းစစ်လိုက်ရင် ပြည်သူလူထုရဲ့အာဏာကို မတရားလုယူတဲ့ ခေတ်အဆက်ဆက်အာဏာရှင်စစ်ခွေးနဲ့ စစ်ခွေးတွေကို ကပ်ဖားပေါင်းစားလုပ်နေတဲ့ ခရိုနီတွေပဲ ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။

အမျိုး ဘာသာ သာသနာ လို့ ပါးစပ်မှာလိုက်အော်နေပေမယ့် တကယ်တော့ သူတို့မိသားစုအကျိုးစီးပွားနဲ့ သူတို့အာဏာတည်မြဲရေးအတွက်ပဲ လုပ်နေကြတာတွေ့မြင်နေရပါလိမ့်မယ်။ သူတို့ရဲ့ကိုယ်ကျိုးကို ကာကွယ်ဖို့ အသုံးချတဲ့ လက်စွဲကျမ်းတခုပဲဖြစ်တယ်။

တကယ်တော့ တိုင်းပြည်အရေး ပြည်သူလူထုအရေးနဲ့ အမျိုးသားအရေးတွေဟာ ဘာသာ သာသနာအရေးတွေနဲ့ တထပ်တည်း ဆက်စပ်မနေပါဘူး။ အဲဒါတွေကို တသားတည်းလို့တွဲမြင်ရင် အသုံးချခံဖြစ်သွားပါလိမ့်မယ်။

အဲဒီအမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဥ်နဲ့ အသုံးချအခံရဆုံးဘ၀ဖြစ်သွားတာက ပအို၀်းတွေပဲဖြစ်တယ်။ ဒါက လက်တွေ့ဖြစ်နေတဲ့ ဟာတွေ။
 
အထူးသဖြင့် ယခုလိုအချိန်မျိုးမှာ ဒို့တတွေအကြားမှာ အမျိုး သာဘာ သာသနာ ဆိုပြီးတော့ လာရောက်ရင်စည်းရုံးဟောပြောနေရင် သတိကြီးစွာနဲ့ နားယောင်ပါမသွားဖို့လိုတဲ့အပြင် သင့်ရင်သင့်သလို တုန့်ပြန်ရမှာဖြစ်တယ်။

ယနေ့ပအို၀််းလူငယ်တွေ အဲဒီအချက်ကို ကောင်းကောင်းနားလည်သဘောပေါက်တယ်။ အဲဒါကြောင့်ပဲ သူတို့တတွေ အသုံးချခံဘ၀ အဖြစ်မခံလို့ အာဏာရှင်ကို ဆန့်ကျင်အံတုနေကြတာဖြစ်တယ်။

ကျုပ်တို့အားလုံးအနေနဲ့ ပအို၀််းပြည်သူတွေအသုံးချမခံရဖို့ ယနေ့ပအို၀််းလူငယ်တွေရဲ့ မတရားမှုကိုခေါင်းငုံ့မခံပဲ အကြမ်းမဖက်တဲ့တော်််််််််််််််််လှန်တိုက်ပွဲကို တတ်နိုင်တဲ့ဖက်က ၀န်းရံပေးနေရမယ်။

No comments: