မကဒတ ၂၅ နှစ်မြောက် ငွေရတုအခန်းနားနှင့်ကျဆုံးရဲဘော် ဂုဏ်ပြုပွဲ ကျင်းပ

ခွန်ဇာရာ (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၁၅ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်း ရှမ်းပြည် ဦးဆောင်ပြုလုပ်ပေးသော မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများဒီမိုကရေစီတပ်ဦး (မကဒတ) ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက်ငွေရတုအထိမ်းအမှတ် ဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုပွဲကို လွန်ခဲ့သော ၂၅ နှစ်ကျောင်းသား အရွယ်မှ တော်လှန်ရေးတိုက်ပွဲဝင်ပြီးကွဲကြ၊ မိသားစုနှင့်ခွဲကြ ကျဆုံးသွားသောရဲဘော်များ ကိုဂုဏ်ပြုခြင်းပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ တောင်ကြီးမြို့ ကက်သလစ်အောက်မေ့ဖွယ်ဓမ္မရုံတွင် ကျင်းပကြောင်းသိရသည်။

“၂၅ နှစ် ကျောင်းသားအရွယ်ကတည်းက တော်လှန်ရေးလုပ်ပြီးကွဲကြ၊ မိသားစုနှင့်မတွေ့ကြ ယခုလို ပြန်လည်တွေ့ဆုံချိန်မှာ ကျဆုံးသွားသောရဲဘော်အတွက်အမှတ်တရဖြစ်စေတယ်၊ ကျွန်တော်တို့ဒီမိုကရေစီ မှာဘယ်လိုလက်တွဲကြမလဲ ဆုံးဖြတ်ချက်ချတဲ့ ပွဲလည်း ဖြစ်စေတယ်၊ ဒါပေမဲ့ကျဆုံးသွားတဲ့ရဲဘော်တွေ ဒီမိုကရေစီလမ်းလေးပွင့်သွားတာကို မမြင်လိုက်ရသည့်အတွက်ဝမ်းနည်းပါတယ်၊ လိုင်ဇာ၊ ပဲခူးမှာလည်းကျင်းပပြီးပြီ၊ ဖေဖေါဝါရီ ၈ ရက်နေ့တွင်လွိုင်ကော်မှာကျင်းပတယ် တောင်ကြီးက နောက်ဆုံးဖြစ်တယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့စည်း ရှမ်းပြည် ကိုနေမျိုးကပြောသည်။

“ဒီလိုပြန်တွေ့ဖို့ မျှော်လင့်မထားပါဘူး။ အခုပြန်လည်ဆုံတွေ့ရတော့ဝမ်းလည်းသာတယ်။ စိတ်မကောင်း မှုလည်းဖြစ်တယ်” ဟုရှမ်းပြည်မျိုးဆက်မှ ကိုစိုင်းမျိုးထွန်းကပြောသည်။

“၈၈ အဖွဲ့မှ အကူအညီတောင်းပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးတဲ့အတွက်ဒီပွဲကို တက်ရောက်ရခြင်းဖြစ်တယ်၊ မဲနယ်တောင်မှ ပအိုဝ်းများကို ကျေးဇူးရှင်များဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင် ဖိတ်စာပို့ပေးပါတယ်။ ဒါပေမဲ့ တက်ရောက်မှုမရှိတဲ့အတွက် စိတ်မကောင်းဘူးပေါ့။ ပအိုဝ်းတစ်စည်းတစ်လုံးတော့ မပြောတော့ဘဲ တစ်ကမ္ဘာလုံးကို လူလို့သာသတ်မှတ်ပြီး တန်းတူအခွင့်အရေးရရှိသင့်တယ်” ဟု စက်မှုဇုံနေ ပအိုဝ်းတိုင်းရင်းသား ဦးခွန်ကျော်ဖါလု ကပြောသည်။



ငွေရတုအခမ်းအနားကို (မကဒတ) ရဲဘော်မိသားစုနှင့် ကျေးဇူးတော်ရှင်များ အရပ်ဘက်လူ့အဖွဲ့အ စည်းများ အပါအဝင် တက်ရောက်သူ ၂၀၀ ကျော်ရှိကြောင်း၊ (မကဒတ) ကျဆုံးရဲဘော် ၆၇၀ တွင် ရှမ်းတောင် ပအိုဝ်းတိုင်းရင်းသားဒေသအတွင်း ကျဆုံးသော ရဲဘော် ၁၀ ဦးဝန်းကျင်ရှိကြောင်း သိရသည်။


No comments: