ထိုင်းနိုင်ငံတွင် ကျင်းပသည့် (၉) ကြိမ်မြောက် နိုင်ငံတကာရိုးရာယဉ်ကျေးမှုပွဲ၌ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ The Most Informative ဆု ရရှိ

ခွန်စိမ်းမောင် (တောင်ကြီး)၊ ဇန်န၀ါရီလ ၂၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ထိုင်းနိုင်ငံရှိ သူရိန်ဒါရာရာဇဖတ်တက္ကသိုလ်မှ (၁၀) ရက်ကြာ ဦးစီးကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် Surin International Folklore Festival ၏ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတော်တွင် မြန်မာနိုင်ငံမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဟိုပုံးမြို့) အကအဖွဲ့မှ The Most Informative ဆု ရရှိ ကြောင်း သိရသည်။

“ဒီပွဲမှာ ပအိုဝ်းတိုင်းရင်းသားအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု လာရောက်ဖျော်ဖြေခွင့် ရရှိသည့် အတွက် အထူးပဲ ၀မ်းသာဂုဏ်ယူမိပါတယ်” ဟု နန်းဆန်းဖြူ က ပြောသည်။

နိုင်ငံတကာ ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်သည့် ခရီးစဉ် ဖျော်ဖြေမှုအတွက် မြန်မာနိုင်ငံမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဟိုပုံးမြို့) အဖွဲ့တို့ ဦးဆောင်ပြီး ပအိုဝ်းတိုင်းရင်းသားရိုးရာ အက (၅) မျိုးဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြောင်းလည်း သိရသည်။



(၉) ကြိမ်မြောက် Surin International Folklore Festival ပွဲတော်တွင် ပါဝင်သည့် နိုင်ငံပေါင်း ၂၀ နိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ၊ နီပေါ၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ယူကရိန်း၊ အစ္စရေး၊ အိန္ဒိယ (ဘုံဘိုင်-ဒေလီ) ၊ အိန္ဒိယ (မနီမုရနယ်)၊ သီရိလင်္ကာ၊ အီတလီနှင့် ဖီလစ်ပိုင် ၊ အမေရိကန်၊ လပ်ဝီ ၊ တူရဂီ၊ ဘူဂေးရီယား စသည့် နိုင်ငံများ အသီးသီး ပါဝင်ကြသည်။ ယခုနှစ်၌ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ ဒုတိယအကြိမ်မြောက် ပါဝင်နှီးနှောဖလှယ်ခဲ့ခြင်း ဖြစ်သည်။

No comments: