
၆၄ နှစ်မြောက်လွတ်လပ်ရေးနေ့အထိန်းအမှတ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ပရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံကျေးရွာတွင် ၁၉ ကြိမ်မြောက်အားကစားပြိုင်ပွဲကို ရပ်ကွက်၊ ကျေးရွာအဆင့်၊ ကျောင်းအဆင့်အလိုက် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ လျှောတိုင်တက်ပြိုင်ပွဲ၊ တာဝေးပြိုင်ပွဲ စသည့် ပြိုင်ပွဲများစည်ကား သိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
၎င်းအားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို မြန်မာ့အားကစားကမ္ဘာကို လွှမ်းစေရန်ဟူသည့် နိုင်ငံတော်၏ ရည်မှန်းချက်ကို အထောက်အကူဖြစ်လာစေရန်၊ ကျန်းမာသန်စွမ်းကြံ့ခိုင်သော လူငယ်များ ပေါ်ထွက်လာစေရန်၊ အားကစားစိတ်ဓာတ်ပြည့်ဝသော လူငယ်များပိုမိုထွက်ပေါ်လာစေရန်၊ ဒေသတွင်းအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် တစ်ရွာနှင့်တစ်ရွာ လူငယ်လူရွယ်များ ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။
“ဒီပွဲရဲ့အစဉ်အလာကလွန်ခဲ့တဲ့သုံးဆယ့်ငါးနှစ်ကတည်းကရှိခဲ့ပါတယ်။ ဒါပေမဲ့ ၈၈ အရေးခင်းဖြစ် လာတဲ့အတွက် ဒီအစဉ်အလာကိုရပ်နားထားရတယ်။ ဒါကြောင့် ၁၉၉၆ ခုနှစ်မှာစတင်ပြီး ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ကျင်းပတုန်းက ကျွန်တော်တို့ဈေးကို ပတ်ခိုင်းပါတယ်။ အဲဒီကစပြီးကျင်းပလာရာ အခုနှစ်ဆို ၁၉ ကြိမ်မြောက်ရှိပါပြီ၊ ပွဲရံပုံငွေလည်းအတင်းကောက်ခံခြင်းမရှိဘူး ပွဲစားများနှင့်ရပ်မိရပ်ဖများက စေတနာအလျောက် ကြည်ကြည်ဖြူဖြူကူညီပေးကြတယ်။ ဒီမနက်ဆို ထူးထူးခြားခြားပေါ့ ရံပုံငွေတစ်ပိုင်း အနေနှင့် အသက် ၄၀ ကျော်က အယောက် ၇၀ ကျော် တစ်ယောက် ငါးထောင်စီထည့်ပြီး အပြေးပြိုင်ပွဲများကျင်းပတယ်။ ဒါလဲရင်းနှီမှုအနေနှင့်ပါ အတင်းအဓမ္မမရှာဘူး ပြီးတော့ ကျောင်းသားအားကစားပွဲကို အဓိကလုပ်တာဖြစ်တယ်” ဟု ပွဲကော်မတီ နာယက ဦခွန်သန်းထူးက ပြောသည်။
ဘောလုံးပွဲကိုပြိုင်ပွဲ ၄၆ ရွာပါဝင်သော ဦးစီးကော်မတီဥက္ကဌဖလားကိုလည်းကောင်း၊ ၁၀ ရပ်ကွက်အသင်းကို အုပ်ချုပ်ရေးမှူးဖလားကိုလည်းကောင်း၊ ကျောင်းအဆင့် ၄ ပေ ၇ လက်မအောက် ပြိုင်ပွဲကို ဆိုက်ခေါင်ပညာရေးမိသားစု ဥက္ကဌဖလားကိုလည်းကောင်း ဖလား ၃ ခုနှင့် ပြိုင်ပွဲကျင်းပပေးကြောင်း၊ ညပိုင်းအစီအစဉ်အနေနှင့် တောင်ကြီးမြို့နာမည်ကြီး ပအိုဝ်းအဆိုတော်များ ဖျော်ဖြေခြင်းနှင့် အောင်မာဃဒေသခံ ဇာတ်သဘင်ကိုလည်း ဖျော်ဖြေပေးကြောင်း သိရသည်။


No comments:
Post a Comment