ပျောက်ဆုံးနေသည့် ပင်လုံမြို့နယ်အတွင်းမှ ကျေးရွားဥက္ကဌတစ်ဦးကိစ္စအတွက် ပန်ကြားခြင်း

ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ၂၀၁၃

ပင်လုံမြို့အနောက်တောင်ဘက် ကျန်းစန်းနယ် ထံဖူးကျေးရွာအုပ်စုဥက္ကဌ ကောင်းပုံကျေးရွာ ဦးခွန်မောင်လွန်းသည် (15-1-2013) ရက်နေ့ ည (10း00) နာရီခန်မှာ မျက်နှာဖုံးစွပ် ပျောက်ကျားဝတ်စုံ အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါသည်။

ကျန်ရစ်သော မိသားစုဆွေမျိုးများတို့မှာ မည်ကဲ့သို့သောအကြောင်းကြောင့် ဖမ်းဆီးခေါ်သွားသည်ကို သိရှိရန် စုံစမ်းမေးမြန်းရာ ဖြစ်စဉ်အမှန်တရားမသိ ပူပင်သောကများစွာနှင့် မျက်ရည်နေ့တိုင်းကျရပါသော်လည်း ယနေ့ထိတိုင် ဆိုးသတင်း ကောင်းသတင်း မသိရသောကြောင့် ရှင်နေသလား သေနေပြီလား သိချင်နေကြပါသည်။

ထို့ကြောင့် ဤပန်ကြားစာသည် ကိုးကွယ်သောဆရာတော်ဘုရားများ မိတ်သင်္ဂဟများနှင့် မိဘဆွေမျိုးများတို့က ရှင်သည် သေသည်ကို သိလိုသည်ဖြစ်ပါ၍ တစ်ဦးတစ်ယောက်သော်၎င်း စာတိုဖြင့်လည်းကောင်း ဖုန်းဖြင့်လည်းကောင်း အသိပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

သိလိုချင်သည်မှာ ရှေးပညာရှိ သူတော်ကောင်းများတို့ ဆိုဆုံးမသော စကားများသည် (ပျက်အစဉ်ပြင်ခဏ) ၀ါဒနှစ်မျိုးမှာ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ၊ စရိုက်နှစ်မျိုးမှာ သုစရိုက်၊ ဒုစရိုက် အထက်ပါ ဝေါဟာရစကားလုံးများကို သိမြင်ရ်ျ အနက်အဓိပ္ပါယ်ဖော်ရင် စာလုံးပေါင်းမြောက်များစွာပေါ်ထွက်လာ မည်ဖြစ်ပါသည်။ 

သူတော်ကောင်းတို့ ကိုင်ဆောင်ထားသောလက်နက်သည် မေတ္တာတရားသာဖြစ်သည်။ ဤကမ္ဘာလောကကြီးမှာ မေတ္တာတရားလွမ်းမိုးမည်ဆိုလျှင် အားလုံးအေးချမ်းပြီး သာယာဝပြောနေမည်ဖြစ်ပေသည်။ ထိုမေတ္တာတရားလက်နက်ဖြင့်သာ ပြဿနာများကိုဖြေရှင်းရန်လိုပါသည်။ 

ဆရာတော်များ 
မိသင်္ဂဟများ 
မိဘဆွေမျိုးများ

1 comment:

Doitright said...

ခုတလော ပင်လုံ၊ လွိုင်လင်၊ မိုင်းပွန်မြို့များ၏ ပတ်ဝန်းကျင်တဝိုက်ရှိ ရှမ်း၊ ပအိုဝ်းရွာသားများကို RCSS/ SSA သောင်းကျန်းသူများမှ လူအင်အားအတင်းအဓမ္မ စုဆောင်းနေတယ်လို့ကြားသိရပါတယ်။ ခုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးပါ ဖမ်းသွားတယ်ဆိုတော့ တော်တော်ကိုလက်မခံသင့်တော့ပါဘူး။ သူတို့လက်ချက်ဖြစ်မယ်ဆိုတာသေချာပါတယ်။ အဲဒီတဝိုက်က ရှမ်း၊ ပအိုဝ်းရွာသားတွေဆိုရင် အသက် ၁၅ မှ ၅၀ အတွင်းရှိ ယောက်ျားတွေ အတင်း အဓမ္မ စစ်သားစုဆောင်း ခံရမှာကြောက်ပြီး အလုပ်ပစ် အကိုင်ပစ်၊ သားကွဲ မယားကွဲ နေနေရတဲ့ဘဝကို ရှမ်းပြည်ကို သိပ်ချစ်ပါတယ်ဆိုတဲ့ ရွက်ဆစ်များ သိရဲ့လား၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲအမိန့်ပေးစေခိုင်းနေတာပဲလား။ ဒီကိစ္စတွေကို SNLD၊ SNDP ပါတီတို့မှ ရွာသူရွာသားတွေကို သနားသောအားဖြင့် ဝင်ရောက်ဆွေးနွေးဖြေရှင်းပေးဖို့ ရွာသူ ရွာသားများကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုပါတယ်။