By ရှမ်းပြည်သားလေး | ၁၄ ဒီဇင်ဘာ ၂၀၁၁ | တောင်ကြီးတိုင်းမ်
၂၀၁၁ တွင် ပေါ်ပေါက်လာသည့် အစိုးရသစ်၏ လက်ထက်တွင် ရှမ်းပြည်နယ် တည်ငြိမ်ရေးအတွက် မြန်မာ့တပ်မတော်နှင့် (SSA-S) [ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)] အကြား ရှမ်းနှစ်သစ်ကူး ကာလဖြစ်သော ဒီဇင်ဘာလအတွင်းတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ရှမ်းပြည်နယ်ရှိ ပြည်သူများ၏ဘ၀ ငြိမ်းချမ်းတည်ငြိမ်သာယာရေးအတွက် အင်မတန်မှ လိုအပ်ပါသဖြင့် ဤလုပ်ရပ်ကို အထူးကြိုဆိုပါသည်။
သို့သော်လည်း သိန်းစိန်အစိုးရနှင့် SSA-S တို့ ငြိမ်းချမ်းရေးသဘောတူညီမှုအတွက် ညှိနှိုင်းနေသည့်ကာလတွင် SSA-S ၏ ထိုးစစ်ဆင်ရေးသည် PNO ဘက်ကို ဦးတည်လာသည်။ ၂၀၁၁ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရဲနှင့် ဗမာစစ်တပ်ကို တွေ့ရင် မပစ်ပါနဲ့ PNO ကိုတွေ့ရင် ပစ်” ဟု SSA-S ထိပ်ပိုင်းခေါင်းဆောင်က အမိန့်ပေးထားသည်ဟု သိရသည်။ ထိုအချိန်မှ စပြီး လွယ်လင်မြို့ တောင်ဘက် မယ်စလီကုန်းရွာ အနီးတ၀ှက်တွင် SSA-S နှင့် PNO တို့ တိုက်ပွဲ အရှိန်မြင့်မားလာပြီး PNO ဦးဆောင်သည့် ဗိုလ်မှူးရွှေမန်းလည်း ကျဆုံးသွားခဲ့သည်။ လက်ရှိတွင် SSA-S တပ်ဖွဲ့သည် ဟိုပုံးမြို့ အရှေ့မြောက်ဘက်ရှိ ကျောက်တန်းရွာ အနီးတ၀ှက်နှင့် ထမ်းဂျန်းရွာ၊ ဂျအွန်ရွာ အနီးတ၀ှက်တွင် ရောက်ရှိနေပြီလို့ သိရသည်။
“လွန်ခဲ့သည့်နှစ်ပတ်က ကျောက်တန်းရွာ အရှေ့ဘက်မှာ ရှိတဲ့ ဗမာတပ်စခန်းက ဗမာတွေ ထွက်ခွာသွားပြီး PNO ၀င်ထိုင်ခိုင်းတော့ ရှမ်းစစ်တပ်(SSA-S) ၀င်ပစ်လိုက်တယ်။ နှစ်ဖွဲ့စလုံးက အသေအကျများတယ်လို့ ကြားတယ်။ နောက်ပြီး လွယ်လင်မြို့ကနေ တောင်ဘက်ကို ခြေကျင်နဲ့သွားရင် တစ်နာရီခွဲ ခရီးရှိတဲ့ မယ်စလီကုန်းရွာ ရှိတယ်။ အဲဒီဒေသလည်း PNO နှင့် ရှမ်းစစ်တပ်(SSA-S) တိုက်ပွဲဖြစ်တော့ စာသင်ကျောင်းမှာ စာသင်နေသည့် ကျောင်းသားတွေ ထွက်ပြေးကြတော့ ကျောင်သားတစ်ဦးကို ကျည်ဆံထိတယ်။ သေလား ရှင်လားတော့ မသိရဘူး” ဟု ထိုအရပ်ကို ရောက်ရှိနေတဲ့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပြသည်ကို သိရသည်။
SSA-S ကို ဦးဆောင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးရွက်ဆစ်သည် ယခင်က ဘိန်းဘုရင်ခွန်ဆာ ဦးဆောင်သည့် MTA ၏ တပ်ရင်းမှူးဟောင်း တစ်ဦးဖြစ်သည်။ ၁၉၉၆ တွင် န၀တ စစ်အစိုးရထံ ခွန်ဆာဦးဆောင်သည့် MTA တပ်ဖွဲ့က လက်နက်ချ သွားသည့်အခါ ရွက်ဆစ်လည်း ထိုလက်နက်ချသည့်အဖွဲ့မှာ ပါခဲ့ပါသည်။
“ခွန်ဆာကြီး လက်နက်ချသွားတဲ့အခါကြတော့ အခုဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က အဲဒီအချိန်က ခွန်ဆာတပ်၏ တပ်ရင်းမှူးအဆင့်လောက်ရှိပါလိမ့်မယ်။ ရွက်ဆစ်အဖွဲ့တွေလည်း လက်နက်ချတဲ့အထဲမှာ ပါခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လက်နက်ချခဲ့တဲ့ ဦးရွက်ဆစ်နဲ့ ထောက်လှမ်းရေး (၂၄)တပ်မှူး ဗိုလ်မှူးသိန်းဟန်နဲ့ တဲတစ်တဲထဲ အတူတူအိပ်ကြတာပါ” ဟု ထောက်လှမ်းရေးနှင့် သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က VOA အင်တာဗျူးထားသည့် တပ်မှူးတပ်သား ပြောစကား အပိုင်း(၂)တွင် ပြန်လည်ပြောပြခဲ့သည်ကို သိရသည်။
“မူလ SSA က သူတို့ကိုယ်သူတို့ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) လို့ မသတ်မှတ်ပါဘူး။ အဲဒီအချိန်တုန်းက စစ်အစိုးရကလည်း၊ သူတို့ကို SSA (ရှမ်းပြည်တပ်မတော်) လို့ပဲ၊ သတ်မှတ်ပါ တယ်။ မြောက်ပိုင်းတို့ တောင်ပိုင်းတို့ ဖြစ်နေတာက၊ သူတို့ ရှမ်းလက်နက်ကိုင်တပ်တွေထဲမှာပဲ၊ သတ်သတ် မှတ်မှတ်နဲ့ သူတို့ဟာသူတို့ ခွဲထားတဲ့ အနေအထားမျိုးပါ။ အဲဒီအချိန်တုန်းကတော့၊ စစ်အစိုးရအနေနဲ့က ဗိုလ်ချုပ်ဆေထင် ဦးဆောင်တဲ့ တပ်ကိုပဲ၊ SSA (ရှမ်းပြည်တပ်မတော်) လို့၊ အသိအမှတ်ပြုထားတာပါ။ ရွက်ဆစ် တို့အဖွဲ့ကိုတော့၊ ခွန်ဆာကြီး အောက်က ခွဲထွက်လာတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ အဖွဲ့အဖြစ်၊ ခွဲခြားပြီး ဆက်ဆံခဲ့ပါတယ်။ ‘၀’ ဆို့၊ ကိုးကန့်တို့၊ ဗိုလ်ချုပ်ဆေးထင်ရဲ့ SSA (ရှမ်းပြည်တပ်မတော်) တို့လို၊ သူတို့ကိုလည်း ငြိမ်းချမ်းရေးအဖွဲ့အဖြစ် လက်ခံဖို့၊ ရွက်ဆစ်တို့က အကြိမ်ကြိမ် တောင်းခံခဲ့ပေမဲ့၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူအရ၊ လမ်းစဉ်အရ၊ ရွက်ဆစ်တို့အဖွဲ့နဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူး ဆိုတဲ့၊ မှတ်ချက်နဲ့၊ မြန်မာ့တပ်မတော်က မဆွေးနွေးပဲ နေခဲ့တာပါ” ဟု ၎င်း(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်)က VOA ကို ဆက်ပြောပြခဲ့သည်။
၂၀၀၇ တွင် ပြိုကွဲခဲ့ပြီဖြစ်သော န၀တ၊ နအဖ စစ်အစိုးရနှင့် (၂၀၀၄ တွင်) အပစ်ခတ်ရပ် သဘောတူရထားသည့် ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ ခေါင်းဆောင်ဟောင်းတစ်ဦးက ရွက်ဆစ်နှင့်ပတ်သက်ပြီး ခုလိုပြန်ပြောပြခဲ့သည်။ “ခွန်ဆာလက်နက်ချသည့် အခန်းအနား ဗွီဒီယို မှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် ရွက်ဆစ်က အဲထဲမှာ ပါနေတာကို တွေ့ရလိမ့်မယ်။ ခွန်ဆာလက်နက်ချတုန်းက အတူမလိုက်သွားဘဲ နောက်မှ စစ်အစိုးရထံ သီးခြားအလင်းဝင်သည့် မဟာကြာ(SSS) တို့အဖွဲ့က အုပ်ချုပ်ခွင့်ရ နယ်မြေ ရကြတယ်။ ရွက်ဆစ်လည်း မဟာကြာလုပ်ပုံကိုမြင်တော့ သူတောပြန်ခိုပြီး MTA လက်ကျန်ရဲဘော်ဟောင်းများကို စုးစည်းပြီး အင်အားပြန်စုဆောင်းတယ်။ အင်းအားကောင်းလာတဲ့အခါတော့ နအဖစစ်အစိုးရထံ အကြိမ်ကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့တယ်။ မဟာကြာ (SSS) တို့ မိုင်းလားအဖွဲ့တို့ နယ်မြေအုပ်ချုပ်ခွင့်ရ ပုံစံရအောင် အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။”
SSA-S အင်အားကြီးမားရေးအတွက် ရွက်ဆစ်က မည်သူမဆို အရွယ်ရောက် အမျိုးသားများသည် ရှမ်းပြည်နယ်တွင် နေပါက စစ်မှုမထမ်းမနေရ မူကို ချမှတ်ခဲ့သည်။ SSA-S ထိန်းချုပ်ထားသည့် နယ်မြေအတွင်းနှင့် ၎င်း၏အနီးတ၀ိုက်ရှိ နယ်မြေခံများမှ ရွာသားများဖြစ်သော ရှမ်း၊ ပအိုဝ်း၊ လားဟူ မိမိတို့စိတ်ဆန္ဒမပါဘဲ SSA-S က အဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပေးကာ ၎င်းတို့တပ်ဖွဲ့ကို အတင်းဝင်စေခဲ့သည်။ ထိုလုပ်ရပ်ကြောင့် အရွယ်ရောက် ကာလသားများသည် ထိုင်းနိုင်ငံနှင့် မြို့ကြီးပြကြီးများသို့ ထွက်ပြေးတိမ်းရှောက်သွားခဲ့ကြသည်။
နောက်ပိုင်းတွင် ရွက်ဆစ်သည် သပ်ရပ်သော စစ်ဝတ်စုံအပြည့်နှင့် ဆန်းသစ်သော လက်နက်များဖြင့် သပ်ဆင်ထားသည့် ထောင်နှင့်ချီသော တပ်အင်အားကို ပိုင်ဆိုင်လာသည်။ သို့သော်လည်း ၎င်းတို့ လှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တော်လှန်ပုန်ကန် တိုက်ပွဲစစ်ပွဲဆင်နွဲမှု မရှိသလောက်နည်းပါးပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေ အနီးတ၀ှက်ရှိ လားဟူ၊ ပအိုဝ်း စသည့်လူမျိုးငယ်များကိုသာ လိုက်နိုင်ကျင့်သည်ကို တွေ့ရသည်။
တိုင်းရင်းသားအရေးကို ကြည့်ပါက SSA-S ဦးဆောင်သည့် ရွက်ဆစ်သည် ရှမ်းပြည်လွတ်လပ်ရေးဟု စကားလုံးကြီးကြီးဖြင့် ကြွေးကြော်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုသည့် တိုင်းရင်းသားတပ်ပေါင်းစုကို ဝေးဝေးရှောင်ပြီး နေခဲ့သည်။ ရွက်ဆစ်သည် ၎င်းအဖွဲ့အတွက် အစိုးရဖွင့်ပေးမည့် အခွင့်အရေးကိုသာ စောင့်မျော်နေသဖြင့် တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူရေးအတွက် တိုက်ပွဲဝင်သူမဟုတ်သည်ကို သိသာထင်ရှားနေပါသည်။ ရွက်ဆစ် ဆင်နွဲ့သည့် တော်လှန်ရေးနှင့် ခွန်ဆာဆင်နွဲ့သည့် တော်လှန်ရေးကို နှိုင်းယှဉ်လိုပါသည်။
ဒီနေရာတွင် ခွန်ဆာ၏ နောက်ခံသမိုင်းကြောင်းကို မိတ်ဆက်ပေးလိုသည်။ ခွန်ဆာသည် ၁၉၆၃ တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း၏ ကာကွယ်ရေးတပ် (the Anti Shan United Army Unit)နှင့်ထောက်လှန်းရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းကာကွယ်ရေးတပ်သည် လူအင်အား ၈၀၀ နီပါးရှိလာသောအခါ ဗိုလ်ချုပ်ကြီးနေ၀င်းထောက်ပံပေးနေသည့် လက်နက်ခဲယမ်းများကို အားမကိုးတော့ဘဲ ကိုယ့်ထူကိုယ့်ထရပ်တည်ပြီး ခွဲးထွက်လိုက်သည်။ ထို့နောက် ရှမ်းပြည်နယ်အရှေ့ပိုင်း ဧရိယာတော်များများကို ထိန်းချုပ်ထားပြီး ဘိန်းမူးယစ်ဆေးဝါးကို ထုတ်လုပ်ခဲ့သည်။
၁၉၆၉ တွင် ရန်ကုန်အစိုးရက ခွန်ဆာကို တောင်ကြီး၌ ဖမ်းမိပြီး မန္တလေးထောင်တွင် ထိန်းသိမ်းထားခဲ့သည်။ ၁၉၇၃ တွင် ခွန်ဆာ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော Chang Xu Chien (Fa Lun)က တောင်ကြီးမြို့ရှိ စ၀်စံထွန်းဆေးရုံတွင် တာဝန်ထမ်းနေသည့် ရုရှားဆရာဝန် (၂)ဦးကို ပြန်ပြေးဆွဲပြီး ထောင်ထဲရှိ ခွန်ဆာနှင့် လဲလယ်စေခဲ့သည်။ ခွန်ဆာက ထောင်ထဲမှ လွတ်မြောက်လာသောအခါ Shan United Army (SUA) ကို ပြန်ချိတ်ဆက်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ဘန်းဟင်တိုက်ရွာ (Ban Hin Taek) တွင် ပြန်လည်ခိုအောင်းခဲ့သည်။ ၁၉၈၂ ခု ဇန္န၀ါရီလတွင် ထိုင်းစစ်တပ်က ခွန်ဆာဌာနချုပ်ရှိသည့် Ban Hin Taek ရွာကို တက်သိမ်းနိုင်ခဲ့သည်။ ထိုနောက် ၁၉၈၅ ခု ဧပြီလတွင် ခွန်ဆာ၏ SUA နှင့် Shan United Revolutionary Army (SURA) တို့ကို ပေါင်းပြီး Mong Thai Army (MTA) ကိုဖွဲ့ကာ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း ဟိုမုန်းတွင် ဌာနချုပ် ဖွင့်ခဲ့သည်။
ခွန်ဆာဦးဆောင်သည့် MTA တပ်ဖွဲ့သည် ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးကို အဓိကထုတ်လုပ်ပြီး ရှမ်းပြည်နယ်နေ ပြည်သူများကို စစ်မှုမထမ်းမနေရဟု ထုတ်ပြန်ခဲ့ပြီး တပ်အင်အားတည်ဆောက်ခဲ့သည်။ ထိုကြောင့် ခွန်ဆာထိန်းချုပ်ထားသည့် နယ်မြေတွင်းရှိ ပြည်သူအမြောက်အများသည် ခွန်ဆာတပ်တွင် စစ်မှုမထမ်းလိုကြပါသဖြင့် ရှမ်းပြည်နယ်မှ ကယားပြည်နယ် လွယ်ကော် မိုးဗြဲသို့ ထွက်ပြေးတိမ်းရှောင်ကြသည့် သဓကများ ရှိသည်။ ထိုနောက် MTA တပ်သည် စစ်အင်အား နှစ်သောင်းကျော် ရှိလာပြီး ဟိုမုန်းတွင် လက်နက်စက်ရုံပါ ထူထောင်နိုင်ခဲ့သည်။ ခွန်ဆာသည် ၁၉၉၃ ခုနှစ် ဒီဇင်ဘာလတွင် ရှမ်းပြည်နယ် လွတ်လပ်ရေး ကြေငြာပြီး မိမိကိုယ့်ကို ရှမ်းသမတဟု သတ်မှတ်ခဲ့သည်။ MTA တပ်အင်အားကောင်းပါသော်လည်း စစ်အာဏာရှစ်စနစ်ကို ဖြုတ်ချရေး ထိုးစစ်ဆင်သည့် တိုက်ပွဲဆင်နွဲ့မှု မရှိသလောက် နည်းပါးပါသည်။ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအနီးအနားရှိ ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားလူမျိုးငယ်များ၏ တပ်ဖွဲ့များကိုသာ လိုက်နိုင်ကျင့်သည်ကို တွေ့ရသည်။ ခွန်ဆာလက်နက်မချခင် အချိန်တွင် ဟိုပုံးလွင်ပြင်သို့ ထိုးစစ်ဆင်လာပြီး “ပအိုဝ်းလူမျိုးများကို ရှမ်းပြည်နယ်မှ မောင်းထုတ်မည်” ဟု ကြွေးကြော်ခဲ့သည်။
ခွန်ဆာချုပ်ကိုင်သည့် စစ်ယူဖောင်းနှင့် လက်နက်အပြည့်သပ်ဆင်ထားသည့် MTA မဟာတပ်အင်းအားနှင့် ၎င်းတို့ဘိန်းချက်လုပ်ငန်းမှ ရထားသည့် ဓါနအင်အားများကို ရှမ်းပြည်နယ် ပြည်သူများအတွက် မဟုတ်ပေ။ ခွန်ဆာသည် ၁၉၉၆ ခုနှစ် ဇန္န၀ါရီလတွင် စစ်အစိုးရထံ လက်နက်ချ အညံခံပြီး ၎င်းပိုင်ဆိုင်သည့် ဓါနဥစ္စာများကို ရန်ကုန်မြို့တွင် ဗမာစစ်ဗိုလ်များနှင့်အတူ စစ်အာဏာရှင်စနစ် အကာအကွယ်ဖြင့် သေဆုံးသည့်အထိ (၂၀၀ရ အောက်တိုဘာတွင် ခွန်ဆာသေဆုံး) စိမ်ယူခဲ့သည်။ စစ်အာဏာရှင် နအဖအစိုးရလည်း ခွန်ဆာထံမှ လက်ခံရရှိထားသည့် လက်နက်ခဲယမ်းများကို အသုံးပြုပြီး တိုင်းရင်းသား အခွင့်အရေး၊ တန်းတူရေးနှင့် ဒီမိုကရေရေး တောင်းဆိုနေသည့် တိုင်းရင်းသားလက်နက်တပ်ဖွဲ့များကို နှိပ်နှင်းချေမှုန်းခဲ့သည်။
ရွက်ဆစ်ဦးဆောင်သည့် SSA-S တပ်ဖွဲ့သည် သိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူရရှိပြီးနောက် ဟိုပုံး၊ လွယ်လင် တွင် လှုပ်ရှားနေသည့် PNO တပ်ကို ဦးတည်ဖိအားပေးတိုက်ခိုက်လာသည်ကို တွေ့ရသည်။ ရွက်ဆစ်သည် ၎င်း၏ ဆရာဖြစ်သော ခွန်ဆာနည်းတူ “ပအိုဝ်းလူမျိုးများကို ရှမ်းပြည်နယ်မှ မောင်းထုတ်တော့မည်လား” ဟု သံသယဖြစ်နေပါသည်။
1 comment:
It is obviously a bais news and the same tone with the Burmese regieme. As a Shan, I can asure taht Shan people never thought any ethinc groups or Pa-Oh in Shan State as an enemy.
In contrast, Pa-Oh always think that Shan are their enemy. Throughout history, I found that Pa-Oh give more cooperation with Burman than any other ethnic groups in Shan State. Whenever Shan army enter Southern Shan State, Pa-Oh army are ready to inform or join force with Burmese and fight the Shan.
Moreover, I often hear that in Pa-Oh region as Hopong, Sisai, Panglaung etc, Shan villiagers are forbidden to learn Shan letter by Pa-Oh army. Shan are forced to wear Pa-Oh customes and so on.
Like in Katku pagodas, donor names written with Shan letters are destroied by Pa-Oh just to claim the pogodas belong to you. These are a few examples I've heard which are done by Pa-Oh. Through media, I found that Pa-Oh regard Shan as your enemy. You creat enemy yourselves, don't blame others.
In Shan State, Shan live peacefully with Wa, Kokang, Palaung, Akha, Muso, Kachin etc and why conflicts between Shan and Pa-Oh happen only in Pa-Oh area? I am not sure whether Shan can't live peacefully with Pa-Oh or Pa-Oh itself can't live peacefully with Shan and other ethnics?
Finally, as a Shan State resident, I want to express frankly, never mind if you Pa-Oh want to be enemy with Shan. Its your choice to live with Shan or Burmese.
Post a Comment