ရလလဖတပ်ရင်းမှူးအပါအ၀င် ဖမ်းဆီးမှုသည် အချက်သုံးချက် ပါရှိနိုင်ဟု ပြောဆို

ကန္တာရ၀တီတိုင်း(မ်)၊ ဒေလီထက်
ဒီဇင်ဘာ (၂၂) ရက်၊ ၂၀၀၇

မြန်မာစစ်အစိုးရတပ်နှင့် အပစ်အခတ်ရပ်စဲရေးယူထားသည့် ရှမ်းပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ တပ်ရင်းမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် (၈) ဦးတို့အား ဖမ်းဆီးမှုသည် အချက် (၃) ချက်ကြောင့် ဖြစ် နိုင်သည်ဟု မကြာသေးခင်က တောပြန်ခိုလာသည့် ယခုပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောကြားသွား ပါသည်။

မြန်မာစစ်အစိုးရတပ်သည် ရလလဖတပ်ရင်းမှူး အဆင့်ရှိသူ ဗိုလ်းမှူးရဲနိုင်ဦးနှင့် ၎င်းအဖွဲ့ဝင်အချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။ အားလုံးအဖွဲ့ဝင်အင်အားသည် (၂၀၀) ၀န်းကျင်ခန့်ရှိပါသည်။

၎င်းအချက်များသည် ယခင်ကဦးချစ်မောင် ဦးဆောင်သည့်ရလလဖအဖွဲ့သည် လက်နက်ပေးအပ်စဉ် အဖွဲ့ တခုလုံး လက်နက်အပ်ခဲ့ပြီဟု ကြေငြာထားသည်။ သို့သော် တပ်ရင်းမှူးအဆင့်ရဲနိုင် (ခေါ်) ကာပရဲ ဦးဆောင် အဖွဲ့က လက်နက်မအပ်ပါ။ ပြီးခဲ့သည့်လက မူးယစ်ဆေးဝါးသုံးတန် ဖမ်းမိသည်ဟု သတင်းအမောင်ချခြင်းအပေါ် အစားထိုးဖမ်းခြင်းနှင့် မစ္စတာဂမ်ဘာရီမှ တဆင့် ဒေါ်စုထုတ်ပြန် ကြေညာချက်အပေါ် ဦးတာကလယ်မှ မည်သည့် ပြောဆိုခြင်းမရှိသည့်အပေါ် ဖိအားပေးမျိုးဖြစ်သည်ဟု သုံးသပ်ပြောသွားပါသည်။

ခွန်သူရိန်က "လူအင်အားအများကြီးနဲ့ ၀ိုင်းထားပြီးတော့မှ ဖမ်းလိုက်တယ်လို့ ကျနော်တို့သိရတယ်။ ဖမ်းမိတဲ့ အချိန် ကျနော့်ရဲဘော်တစ်ယောက်ရဲ့ကိုယ်ပေါ်မှာ ဟိုစစ်ဒီစစ်တဲ့အချိန်ကျတော့ ဘိန်းသုံးကျပ်သား လောက်တွေ့တယ်လို့ပြောတယ်။ အဲလိုမျိုးဖြစ်တဲ့အချိန် ကျနော်တို့သုံးသပ်တာကတော့ မူးယစ်ဆေးဝါးသုံးတန် ဖမ်းမိတဲ့ကိစ္စမှာ လက်သည်မပေါ်ဘူး၊ တရားခံမပေါ်ဘူး ဆိုတဲ့အချိန်ကျတော့ ဦးချစ်မောင်တို့ နာမည်ထွက်နေ တဲ့ဟာကို လူစားထိုးဖို့အတွက် ဖမ်းလိုက်တယ်လို့ ကျနော်တို့သုံးသပ်မိတယ်" ဟု ပြောကြားသွားပါသည်။

တပ်ရင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးရဲနိုင် (ခေါ်) ကာပရဲနှင့် သူ၏တပ်သား (၈) ယောက်အား ယခုလ ၁၈ ရက်နေ့က ဆီဆိုင်မြို့နယ် ဘမ်းငုံကမ်းကျေးရွာတွင် ဖမ်းဆီးသွားခြင်းပင်ဖြစ်ပါသည်။ "အဓိက နအဖရဲ့ ရည်ရွယ်ချက် ကတော့ ဒီအဖွဲ့တွေကနေပြီးတော့မှ လက်နက်အပ်ရေးကို နည်းပေါင်းစုံနဲ့ သူတို့အကျပ်ကိုင်တယ်ဆိုတဲ့ဟာပဲ" ဟု ခွန်သူရိန်ကပြောသည်။

No comments: