ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ကျွန်တော်တို့ ယုံကြည်လို့ကို မရသေးဘူး

ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး (ရလလဖ) ဥက္ကဋ္ဌဦးခွန်စိန်ရွှေနှင့် တွေ့ဆုံခြင်း

ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ၁၉၂၉ ခုနှစ် ပဒေသရာဇ်ဆန့်ကျင် တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းခဲ့ပြီး ၁၉၆၃ ခုနှစ် အာဏာသိမ်း အစိုးရလက်ထက် နိုင်ငံရေးအင်အားစု များနှင့်အတူဖျက်သိမ်းခံခဲ့ရသော (ပအမဖ)အဖွဲ့အား အခြေခံ၍ ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မှော်ဘီမြို့မှာ ပထမဆုံးအကြိမ် မြန်မာလူငယ်များဖိုရမ် အောင်မြင်စွာကျင်းပနိုင်ခဲ့

ဒီဇင်ဘာ ၁၈၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

အခန်းအနားကို ဒီဇင်ဘာ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့ထိ ရန်ကုန်တိုင်း မှော်ဘီမြို့မှာ တစ်နိုင်ငံလုံးရှိ လူငယ်များ ၂၀၀ ကျော်ခန့် တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်၊ ရှမ်းပြည် ပဒေသရာဇ်စနစ် တော်လှန်ရေးနေ့

ကိုလိုနီခေတ် နယ်ချဲ့အင်္ဂလိပ်ခွင့်ပြုချက်အရ ပဒေသရာဇ်စနစ်အရှင် အချို့သော စော်ဘွားများဟာ ရှမ်းပြည်ကျေးလက်ဒေသတွေမှာ ဘုရားပွဲနဲ့ အသုဘပွဲတွေကအစ လောင်းကစားပွဲများ ထည့်သွင်းကစားစေခြင်း၊ ပညာရေးနဲ့ ဗဟုသုတ အသိအမြင်နည်းပါးအောင် မျက်စိမိတ် နားပိတ်ထားစေခြင်း၊ ဘိန်းစတဲ့ မူးယစ်သေစာတွေနဲ့ မှိုင်းမိစေခြင်း၊ ပြည်သူလူထုအပေါ်မှာ အခွန်အကောက်အမျိုးမျိုး အဓမ္မ ကောက်ခံစေခြင်း စသဖြင့် မတရား ဖိနှိပ် အုပ်ချုပ်တာကို တွေ့ရပါတယ်။

ဆီဆိုင်မြို့နယ် တပ်ရင်းအမှတ် ၄၂၆ မှ စစ်ဗိုလ်တစ်ဦး အပြစ်မဲ့ရွာသားကို ထိုးကြိတ်ရိုက်နှက်

By ခွန်စိုးပေ | ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အခြေစိုက် စစ်အစိုးရခြေမြန်တပ်ရင်းအမှတ် ၄၂၆ က ဟိန်းဇာနည်ဆိုတဲ့ စစ်ဗိုလ်တစ်ဦးဟာ ဒီဇင်ဘာလ ၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်ညနေအချိန် ထီထဲုင်ထိုးမီးရထားဘူတာမှာ ရွာသားနှစ်ဦးကို အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံ့ဂုဏ်ဆောင်အလှမယ် နန်းခင်ဇေယျာ သထုံရောက် လူမှုရေးနှင့်ပရဟိတပညာရေးအလှူပေး

ခွန်စိမ်းမောင် (တောင်ကြီး)၊ ဒီဇင်ဘာလ ၁၃ ၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

မွန်ပြည်နယ် သထုံမြို့ရှိ ပအိုဝ်းစာပေယဉ်ကျေးမှု(ဗဟို) ဌာနခွဲက ဦးဆောင်ပြီး ခွန်တန်နွယ် ပအိုဝ်းလူငယ်ကွန်ယက်တို့ ဦးစီးကျင်းပသော နိုင်ငံ့ဂုဏ်ဆောင် အလှမယ် ပအိုဝ်းတိုင်း၇င်းသူလေး နန်းခင်ဇေယျာနှင့် လူငယ်များတွေ့ဆုံပွဲ တစ်ရပ်ကို သထုံမြို့ သူဝဏ္ဏခန်းမတွင် ပြီးခဲ့သည် (၁၂ ၊ ၁၂ ၊၂၀၁၂) ခုနှစ်တွင် ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်နယ်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ( ရ.လ.လ.ဖ) ၏ ဥက္ကဋ္ဌ အဘ ခွန်စိန်ရွှေနှင့် တွေ့ဆုံခြင်း

ပြည်တွင်းစစ်ဖြစ်လာရတဲ့အကြောင်းရင်းကို ဘယ်သူမှ အခုထက်ထိ မပြောကြသေးဘူး။ ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းကို ၀ိုင်းဝန်းဖယ်ရှားမယ်ဆိုရင်ထာဝရငြိမ်းချမ်းရေးဟာ မုချရမယ်လို့ ကျွန်တော်ထင်တယ်။

သံဃာများ ပူးပေါင်းပါဝင်ခြင်းမရှိသည့်အတွက် တောင်ကြီးမြို့ အထွေထွေသပိတ်အစီအစဉ် ရပ်နားခဲ့ရ

By ဖိုးဇေ (တောင်ကြီး) | ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ လောကမာန်အောင်ကျောင်းတိုက်ဆရာတော် ဦးခေမာနန္ဒသည် လက်ပံတောင်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး သံဃာတော်များ
ထုတ်ပြန်တောင်းဆိုထားသည့် အချက်သုံးချက်အား နိုင်ငံတော်အစိုးရမှ တစ်စုံတစ်ရာ တုန့်ပြန်ဆောင်ရွက်ပေးခြင်း မရှိလျှင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၂ နာရီ ကျော်လွန်ပါက တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း/သာမဏေများစုစည်းပြီး
အထွေထွေသပိတ်အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လမ်းလျှောက်ချီတက်ပြီး တောင်းဆိုချက် (၃) ချက်အား
သံပြိုင်အော်ဟစ်တောင်းဆိုရန် ၁၂ ရက်နေ့တွင် လောကမာန်အောင်ကျောင်းတိုက်တွင် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရသည်။

ပအိုဝ်းအမျိုးသားတို့၏ "December Eleven" ပဒေသရာဇ်စနစ် တော်လှန်ရေး

ဒီဇင်ဘာ (၁၁) ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ပဒေသရာဇ်စနစ်သည် ရှမ်းကုန်းပြင်မြင့်တွင် အုပ်ချုပ်သူ လူတန်းစား၏ အမွေခံ အရိုက်အရာကို ဆက်ခံပြီး အုပ်ချုပ်ခဲ့သော စနစ်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် နိုင်ငံခြားဘာသာရပ်ကဏ္ဍမှာ ထိုင်းဘာသာကို စိတ်ဝင်စားသူများ

ခွန်စိမ်းမောင် (တောင်ကြီး) | ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ရန်ကုန် တက္ကသိုလ်တွင် (Yangon University of Foreign Languages-YUFL) နိုင်ငံခြားဘာသာရပ် သင်ယူနေကြသော ကျောင်းသားကျောင်းသူများတွင် ထိုင်းဘာသာရပ်ကို စိတ်ဝင်းစား လေ့လာသင်ယူကြသူများစွာရှိကြောင်း ပြီးခဲ့သော ၇ ဒီဇင်ဘာ ၂၀၁၂ ခုနှစ်ထုတ် နာမည်ကြီး ထိုင်းသတင်းစာ တစ်ခုဖြစ်သည့်  ပရချာချတ် ထုရကိစ်မှာ ဖော်ပြထားပါသည်။

တောင်ကြီးမြို့သံဃာ ဆန္ဒဖေါ်ထုတ်ပွဲမှာ မပါဝင်ပေမယ့် ဒကာနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူ

ဖိုးဇေ (တောင်ကြီး) | ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့မှာ နိုင်ငံ့အရေးနှင့် ပတ်သက်ပြီး စီတန်းလှည့်လည်တဲ့ သံဃာများရှိသလို လောကီအကြောင်း စိတ်မ၀င်စားပဲ ပြည်သူနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူနေကြတဲ့ သံဃာများလည်းရှိပါတယ်။

တောင်ကြီးမြို့တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်

By ဖိုးဇေ (တောင်ကြီး) | ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရန် ဆန္ဒဖေါ်ထုတ်သည့်သံဃာတော်များ အကြမ်းဖက်ဖြိုခွင်းသည့်ကိစ္စအပေါ် ရှုပ်ချဆန့်ကျင်သည့်လမ်းလျှောက်ဆန္ဒပြပွဲတရပ် ယနေ့ တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

Letpadoung Mines Crises, A Test for Democracy

By Kanbawza Win | December 4, 2012 | Taunggyitime

Even as the International News headlines were glue to Syria and the Middle East, the Burmese quasi military government initiated by the monk killer Thein Sein steals the limelight by cracking down the peaceful monks and people demonstrating in Letpadoung Mines.

RCSS/SSA အဖွဲ့မှ လွယ်တိုင်းလျှံပွဲတော်အတွက် ရွာသားများ အဓမ္မ ခေါ်ယူစုဆောင်း

စနေနေ့ | ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

လွိုင်လင်ခရိုင် ပင်လုံမြို့နယ်မြောက်ဘက်ခြမ်း၊ မိုင်းပွန်မြောက်ဘက်ခြမ်း၊ မိုင်းကိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်မြောက်ဘက်ခြမ်းဒေသရှိရွာများတွင် စက်တင်ဘာလမှ စပြီး RCSS အဖွဲ့မှ
ရွာသားများကို ခေါ်ယူစုဆောင်းပြီး လွယ်တိုင်းလျှံသို့ အတင်းဓမ္မခေါ်ဆောင်လျှက်ရှိနေကြောင်း ရွာသားများပြောကြားချက်အရ သိရှိရသည်။

Thai PBS ရုပ်သံလှိုင်းမှ ကျင်းပသည့် Edutainment Festival မှာ ပအိုဝ်းတိုင်းရင်းသားများ ပါဝင်

ခွန်စိမ်းမောင် (တောင်ကြီး) | ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ထိုင်းနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ရှိပြီး လူထုပူးပေါင်း ပါဝင်မှုအားကောင်းသည့် Thai PBS ရုပ်သံလွင့်ဌာနမှ ပထမဆုံးကြိမ် ကျင်းပသည့် Edutainment Festival ပွဲတော်ကြီးမှာ ပြည်ထောင်စုဖွား ပအိုဝ်းတိုင်းရင်းသားများနှင့် နီပေါ (နေပါလီ) တိုင်းရင်းသားများလည်း မိမိတို့ ရိုးရာယဉ်ကျေးမှု အကဖြင့် ပူးပေါင်းပါဝင် တင်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပအိုဝ်းပါတီ (PNO) ရဲ့ မြေသိမ်းမှုဆိုင်ရာပြောဆိုချက်ကို တောင်ကြီးမှာ တုံ့ပြန်

Saturday, December 01, 2012 | Sithu Linn | Irrawaddy

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခေါ် PNO ပါတီ အတွင်းရေးမှုး(၃) ဦးမောင်ပေါင်း မကြာသေးခင်က ဂျာနယ်တစောင်သို့ ပြောဆိုချက်များသည် ဒေသခံပြည်သူများ ခံစားနေရသည်နှင့် တလွဲစီဖြစ်နေကြောင်း တောင်ကြီးမြို့ ထီဟန်ဆေး ကျေးရွာ ဒေသခံများက ပြောသည်။