စက်တင်ဘာ ၅ ရက်၊ ၂၀၁၁
ခွန်ထွန်းအောင်သည် ပအိုဝ်းမဂ္ဂဇင်းတွင် တက်ကြွစွာပါဝင်သူဖြစ်ပြီး၊ ဘာသာရေး၊ လူမှုရေး နှင့် အမျိုးသားရေးလုပ်ငန်းများတွင်လည်း စိတ်ပါဝင်စားစွာ ပါဝင်လုပ်ကိုင် ဆောင်ရွက်တတ်သည့် လူငယ်တစ်ဦး ဖြစ်ပါသည်။ ၎င်းအား အခြားသော ပအိုဝ်းလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှိစေဖို့အတွက် နမူနာဆံပြကောင်း တစ်ဦးပင် ဖြစ်ကြောင်း ပအိုဝ်းမဂ္ဂဇင်းအယ်ဒီတာချုပ် ခွန်သောမတ်စ်က ပြောသည်။
ကွယ်လွန်သူ ခွန်ထွန်းအောင်၏ မွေးရပ်ဇာတိမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ နောင်ဗိုကျေးရွာတွင် ဖြစ်ပြီး၊ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့်နောက်ပိုင်းတွင် ဘန်ကောက်မြို့ ဖန်ထိစ်ပလာဇာတွင် ဖုံးပြင် ဖုံးအရောင်းအ၀ယ်အလုပ်ကို အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့ပါသည်။
၎င်း၏ အသုဘအခန်းအနားကို ဘန်ကောက်ရောက် ပအိုဝ်းမဂ္ဂဇင်းအဖွဲ့ဝင် ၀ိုင်းတော်သားများနှင့် ၎င်း၏ကျန်ရစ်သည့် အသိမိတ်ဆွေများမှ စီစဉ်သဂြိင်္ုလ်မည်ဟု သိရသည်။
4 comments:
ဘယ်လိုအကြောင်းကြောင့် ကွယ်လွန်ခဲ့သည်ကို
သိရှိလိုပါသည်ခဗျား။
သူဘာသာ အေကြောင့် ပဲသေသေ... မင်းအလုပ်လား
မင်္ဂလာပါ မိတ်ဆွေတို့
ပအိုဝ်းမဲက်ဂသိဉ်း အဖွဲ့ဝင် ခွန်ထွန်းအောင် သည့်အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်တာဖြစ်ပါတယ်။
ခွန်သောမတ်စ်
ပအိုဝ်းမဲက်ဂသိဉ်း အယ်ဒီတာ
မင်္ဂလာပါ
ပအိုဝ်းမဲက်ဂသိဉ်း အဖွဲ့ဝင် ခွန်ထွန်းအောင်သည့်
အဆုတ်ကင်ဆာရောဂါဖြင့်
ကွယ်လွန်တာဖြစ်ပါသည်၊
ခွန်သောမတ်စ်
ပအိုဝ်းမဲက်ဂသိဉ်းအယ်ဒီတာ
Post a Comment