ကရင်အချင်းချင်းပြန်လှည်ပူးပေါင်းရန် ကြိုးပမ်းနေ

ကရင်အချင်းချင်းပြန်လှည်ပူးပေါင်းရန် ကြိုးပမ်းနေ

ကို(၂)/ သြဂုတ် ၁၉၊ ၂၀၀၉

ခွဲထွက်သွားခဲ့သော ကရင်ဗုဒ္ဒဘာသာတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တဖန် ပြန်လည်ပူးပေါင်းရန် ကမ်းလှမ်းမှုများရှိလာသည့်အတွက် ကရင်အမျိုးသားအစီးအရုံး(ကေအဲန်ယူ)အတွက် သတင်းကောင်းတခု ဖြစ်လာပါသည်။

ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)အဖွဲ့မှ ကေအဲန်ယူ တပ်မတော်အား ပြီးခဲ့သည့် ဇွန်လက တိုက်ခိုက်ခြေမုန်း ခြင်းကြောင့် ကရင်ပြည်သူ (၃၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ထိုင်းနိုင်ငံသို့ထွက်ပြေးသိမ်းရှောင်ခံခဲ့ရာမှ ယခုလိုပြန်လှည် ပူးပေါင်းရန် ကမ်းလှမ်းမှုများ ဖြစ်ပေါ်လာသည်။

ပြီးခဲ့သည့် ဇွန်လှိုင်လမှစ၍ ဒီကေဘီအေဘက်မှ ကေအဲန်ယူတပ်မတော်ထံသို့လာရောက်ပူးပေါင်းရန် ဆက်သွယ်မှုများ စတင်ဖြစ်ပေါ်လာခဲ့ပြီး အခြေအနေများ ဆက်လက်တိုးတက်သွားရေးအတွက် ကေအဲန်ယူ တပ်မဟာ (၆)အနေဖြင့် ဆက်သွယ်ညှိနှိုင်းမှုများပြုလုပ်နေပါကြောင်း ကေအဲန်ယူ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦးဖြစ်သည့် ပဒိုဒေးဗစ်ထောကပြောသည်။

၎င်းက “ကရင်အချင်းချင်းကရင် သတ်ရမယ့် ဖြတ်ရမယ်။ နောက်ပြီးတော့ ဒီဗမာစစ်တပ်တွေ စိတ်ချမ်းသာအောင် ကရင်တွေက သေပေးရမယ် ဆိုတဲ့ဟာမျိုးကတော့ ဒီကေဘီအေလည်း မလိုချင်ဘူး။ ကေအဲန်အဲလ်အေလည်း မလိုချင်ပါဘူး” ဟု ဆက်ပြောပါသည်။

ဒီကေဘီအေမှ ကေအဲန်ယူတပ်မဟာ(၆)အတွင်း ပြန်လှည်ပူးပေါင်းနိုင်ရန် ကမ်းလှမ်းနေသည့် အခြေအနေများကို ကေအဲန်ယူမှ ထိပ်ပိုင်းခေါင်းဆောင်များကလည်း လက်ခံကြိုဆိုလိုက်ပါသည်။

ဒီကေဘီအေမှ တပ်ဖွဲ့ဝင်များကို ၎င်းတို့၏ ရာထူးအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ(၆)နှင့် ကေအဲန်ယူခေါင်းဆောင်ပိုင်းတို့အနေဖြင့် သင့်လျှော်သည့်အတိုင်း အကောင်အထည် ဖော်သွားမှာဖြစ်ပြီး၊ အကြံဉာဏ်ပေးသွားမည်ဟုဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီ မြန်မာစစ်အစိုးရမှ ၎င်းတို့နှင့်အပစ်ရပ်ယူထားသောဒီကေဘီအေကို အေအဲန်ယူအား “အမြစ်ပြတ်ခြေမုန်းရန်” တွန်းအားပေးမှုများ ဖြစ်ပေါ်နေပြီး၊ တချိန်တည်းမှာပင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အပစ်အရပ်များကိုလဲ နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန် ဖိအားပေးမှုများ ရှိနေသည်ကို နိုင်ငံတကာသတင်းဌာနများနှင့် ပြည်ပရောက် မြန်မာသတင်းဌာန အတော်များများက အစီရင်ခံတင်ပြမှုများ ရှိနေသည်။

ဒီကေဘီအေကို ဦးသာထူးကျော် ခေါင်းဆောင်ကာ ၂၀၀၄ခုနှစ်တွင် ကေအဲန်ယူမှခွဲထွက်၍ စစ်အစိုးရနှင့် အပစ်ရပ်ယူပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ရွာတွင် အခြေစိုက်နေထိုင်သည်။

http://ktimes.org/thatin/1-latest-news/437-2009-08-19-13-35-35.html

No comments: