ဘန်ကောက်ရှိ ပအိုဝ်းတိုင်းရင်းသားတစ်ဦ လုပ်ငန်းခွင်အနီး ရေချောင်းမှာ ငါးဖမ်းစဉ် လျှပ်စစ်ဓာတ်လိုက် သေဆုံး

Written by ခွန်စိမ်းမောင် (တောင်ကြီး) ။ စက်တင်ဘာလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်။ တောင်ကြီးတိုင်းမ်

တောင်ကြီးတိုင်းမ် (ဘန်ကောက်) ။ ။ (၂၄. ၉.၂၀၁၂) ရက်နေ့ လုပ်ငန်းခွင် အနားယူချိန် ညနေ(၄း၀၀) နာရီကျော်ခန့်တွင် ရွှေ့ပြောင်းအလုပ်သမား ပအိုဝ်းတိုင်းရင်းသားတစ်ဦး ဖြစ်သည့် ဘန်ကောက်မြို့၊ န၀မင် အရပ်ရှိ လုပ်ငန်းခွင့်အနီး ရေချောင်းမှာ ငါးဖမ်းစဉ် လျှပ်စစ်ဓာတ်အားလိုက်သဖြင့် အသက် (၃၈)နှစ် အရွယ်ရှိ ဦးခွန်မြို့ ရေထဲမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဟုတ်ကဲ့ “အခင်းဖြစ်တာကတော့ ကျနော်တို့ လုပ်ငန်းခွင် အားလပ်တဲ့အချိန်လည်းဖြစ်တယ်၊ ကျနော်တို့ အလုပ်လုပ်တဲ့နေရာက ရေချောင်းနဲ့နီးတယ်၊ အဲဒီချောင်းထဲမှာ ငါးဖမ်းသွားတယ်။ ရေထဲမှာရှိတဲ့ ငါးကို လျပ်စစ်မီးနဲ့ လျော့ဖို့လုပ်တာ လျှပ်စစ်ဓာတ်အားလျော့လိုက်ပြီး သေဆုံးသွားတယ်“ ဟု ဦးခွန်မြို့ ရဲ့ ညီအရင်း ဖြစ်တဲ့ ခွန်တဖူး မှ ပြောပြပါသည်။

သေဆုံးသူမှာ ရွေ့ပြောင်းအလုပ်သမား ပအိုဝ်းတိုင်းရင်းသားတစ်ဦး ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့ န၀မင်အရပ်မှာ နေထိုင်ပြီး ပရိဘောဂလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကောင်ငွန်ကျေးရွာမှ ဇာတိဖြစ်ပြီး၊ ရုပ်အလောင်း ဈာပနပွဲကို မိတ်ဆွေသင်္ဂဟများ၊ ဆွေမျိုးသားချင်းများ ယနေ့ (၂ရ.၀၉.၂၀၁၂) ကြာသပတေးနေ့ ဘန်ကောက်မြို့ န၀မင် ဘုန်းကြီးကျောင်း သုဿာန်တွင် မီးသဂြိုလ် ကြောင်းလည်း သိရပါသည်။

No comments: