ပြည်သူများလိုအပ်ချက်ဖြစ် လူမှုရေး အသင်းအဖွဲ့ လွတ်လပ်စွာဖွဲ့စည်းနိုင်ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ပြော

Written by ခွန်စိမ်းမောင်(တောင်ကြီး) September 21th, 2012 | တောင်ကြီးတိုင်းမ်

၂၀- ၉-၂၀၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့ နောင်ကျောကျေးရွာ၊ ပုံလောင်းရွာ ဘုန်းတော်ကြီးကျောင်း မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးခွန်လှသိန်း နှင့် နောင်ကျောအုပ်ချုပ်ရေးမှူး ဦးခွန်မောင်စိုး တို့ အဖွဲ့သည့် ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

၎င်း တွေ့ဆုံ ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာမှု ရရှိစေဖို့အတွက် ပြည်သူများလိုအပ်ချက်ဖြစ်တဲ့ ဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ဆောင်သည့် လူမှုရေး အသင်းအဖွဲ့တို့ကို အကြောက်တရားကင်းစွာနဲ့ လွတ်လွတ်လပ်လပ်ဖွဲ့စည်းနိုင် ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း က ပြောကြားသွားပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာသူ ဒေသခံ ပအိုဝ်းရွာသူကြီး တစ်ဦး ဖြစ်တဲ့ ဦးခွန်အောင်ခမ်း က တောင်ကြီးတိုင်းမ် ကို အခုလို ပြောပြပါတယ်။

"ဟုတ်ကဲ့ ကျနော်တို့ ရွာမှာလာပြီး ဒေသခံ မိဘလူထုများနဲ့ တွေ့ဆုံခဲ့တယ်။ လွတ်လပ်ပွင့်လင်းတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ၏ လုပ်ဆောင်ချက်များကိုလည်း သိခဲ့ရပါတယ်။ ကျနော်တို့ ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေများကိုလည်း တင်ပြခွင့်ရပါတယ်။ အပြန်အလှန် နှီးနှော်ဖလှယ်ခြင်းဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်"

အဲဒီအခမ်းအနားမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ ဥကဌ ဦးခွန်စံလွင် ၏ ပြည်သူများလိုအပ်ချက်ကို ပြည်သူများသိရှိအောင် ၊ အကြောက်တရား မရှိအောင်၊ ဖွံ့ဖြိုးတိုးတက်ချင်ရင် လူမှုရေးအသင်းအဖွဲ့များကိုလည်း လွတ်လွတ်လပ်လပ်ဖွဲ့စည်းနိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ ဥကဌ ဦးခွန်စံလွင် ကိုယ့်စား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း က ရှင်းလင်းပြောကြားသွားပါတယ် ။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဒေသခံ မိဘပြည်သူများ (၄၀၀) ကျော် တက်ရောက်ပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် နဲ့ လွတ်လပ် ပွင့်လင်းစွာ နှီးနှော်ဖလှယ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

No comments: