PNO အမည်သုံးပြီး ၀င်းယကိစ္စသတင်း မဟုတ်မှန်ကြောင်း ပအိုဝ်းဒေသအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် စာလိုက်ဖြန့်ဝေ

ဇူလိုင်လ (၈) ရက်၊ ၂၀၁၂

ဝင်းယရွာတွင် အခင်းဖြစ်ပွားသည့်ကိစ္စနဲ့ ပတ်သက်သော "PNO နှင့် ပအိုဝ်းအမျိုးသားတို့ သိစေဖို့" ဟူသော သတင်းဆောင်းပါးနှင့် စပ်လျဉ်း၍ ဖြားပညာဗုတ်၊ ဟိန်းထွန်း၊ တိုးယံ စသော ပုဂ္ဂိုလ်တစ်စုတို့က
PNO ဟူသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ နာမည်ကို အသုံးပြု၍ အင်တာနက်ပေါ်က
ဝင်းယသတင်းမှာ မှန်ကန်မှု မရှိကြောင်း ဘုန်းတော်ကြီးကျောင်းများသို့ စာများ လိုက်လံဖြန့်ဝေနေသည်ဟု သတင်းရရှိပါသည်။

ထို့အပြင် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင် စသော မြို့နယ်များတွင် အင်တာနက်သုံးသော
ပအိုဝ်းလူငယ်များကို တရားခံအလား သဘောထားပြီး ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်နေကြပါသည်။

သားသတ်ရုံကိစ္စကိုမူ ခုချိန်ထိ ဖယ်ရှားခြင်း မရှိကြောင်း ကြားသိရပါသည်။.

ထို့ကြောင့် ၀င်းယကိစ္စတွင် အဖွဲ့အစည်း၏အမည်နဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် ပြုလုပ်ဖန်တီးကြသည့် ဖြားပညာဗုတ်နှင့် ဟိန်းထွန်းတို့ကို ပအိုဝ်းအဖွဲ့
အစည်းတွင် ဆက်လက် မထားသင့်ကြောင်း PNO ရုံးမှ တာဝန်ရှိသူအချို့က ပြောဆို
ဝေဖန်နေကြသည်ဟု သတင်းရရှိပါသည်။

လွန်ခဲ့သည့်နှစ်များက ပေါမူ ဒေသတွင် ဖြစ်ပေါ်ခဲ့သော ပြဿနာများမှာလည်း ဖြားပညာဗုတ်၏ လက်ချက်ဖြစ်ကြောင်း ပေါမူ ဒေသခံတို့ အထံမှ ကြားသိရပါသည်။

ပအိုဝ်းလူထုများ အနေဖြင့်လည်း PNO အဖွဲ့အစည်းတွင် အဂတိလိုက်စားသူများ ဘက်လိုက်၍ အမှုကို ဆုံးဖြတ်တတ်သူများကို မထားစေလိုကြောင်း ဆန္ဒရှိကြပါသည်။

5 comments:

ခမ်းဟော်ခွန် said...

ဝင်းယသတင်းနှင့် ပတ်သက်လျှင်
PNO နှင့် ပအိုဝ်းအမျိုးသားတို့ သိစေဖို့ ဆိုတဲ့
သတင်းဆောင်းပါး ပါ အချက်အလက်များသာ
အမှန်တကယ် ဖြစ်ရပ်မှန်များဖြစ်ပါတယ်။ သက်သေခံ စာရွက်စာတမ်းတွေလဲ ရှိပါတယ်။
အနီးနားရွာက ၀ါးလ နားရီး ဟံဖို့ ဟံဆီး တခေါ့မူး စတဲ့ ရွာက ကျောင်းထိုင်းဘုန်းကြီးတွေကို မေးမြန်းနိုင်ပါတယ်။

ခွန်ခမ်းမြတ် said...

‎တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ပစ်ကျေးရွှာအုပ်စုအတွင်းရှိ ၀င်းယဒုံသည် ၄င်းကျောင်းထိုင်ဘုန်းတော်ကြီး၊ ဦးသြဘာသနှင့် တကာများဖြစ်ပွါးတဲ့ပြသနာဖြစ် ကြောင်းဒေသခံများထံမှစုံစမ်းသိရှိရပါတယ်။-ပထမအချင်းချင်းပြသာနာဖြစ်ပြီးကျေးရွှာအုပ်စု ၊အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး ၊ရဲတပ်ဖွဲ့ဝင်တို့မှ အချင်းချင်းပြေလည်စွာဖြေရှင်းပေးဖို့ဆိုပြီးတော့ ရှင်းကြတယ် ဒါပေမဲ့ပြေလည် မှူမရှိတဲ့တွက်သက်ဆိုင်တဲ့အုပ်ချုပ်ရေးအာဏာပိုင် တွေကပအိုဝ်းတိုင်းရင်းသားများဖြစ်တဲ့အတွက် ရုံးရောက်၊ဂတ်ရောက်ရင်မကောင်းဘူးဆိုပြိးတော့ ပအိုဝ်းတမျိုးသားများရဲ့ဦးစီးဦးဆောင်အဖွဲ့ ဖြစ်တဲ့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကို ကိုယ်အမျိုးသားကိစ္စဖြစ်တဲ့အတွက်ကူညီ ဖြေရှင်းညှိနိုင်းပေးပါဆိုပြီး တော့မှ လွန်ခဲ့တဲ့ 2011 ခုနှစ် ကတည်းကညှိနိုင်း ပေးဒါအဆင်မပြေလို့ တဆင့်ပြီး တဆင့် ပြီးတဆင့် (PNO) ဗဟိုအထိရောက်သွားတယ်၊ ဒါကြောင့် (PNO) ဗဟိုကည်းရွာသားနှင့် ဘုန်းကြီး ပြသာနာဆိုတော့ရွာသားကိုညှိနိုင်း ပေးလို့ရတယ် ဒါပေမဲ့ဘုန်းကြီးဆိုတော့ “သံဃာ့အဖွဲ့အစည်း” က ဘဲဖြေရှင်းရင်ကောင်းမွန်တယ်ဆိုပြီးတော့ ပအိုဝ်းသံဃာ့တော်ကြီးများထံချဉ်းကပ်တဲ့အခါ ဆရာတော်ကြီးတွေကအမျိုးမျိုးသုံးသပ် တယ်ရွာကြီးအတွင်းစည်းလုံးညီညွတ်ဖို့အတွက် ဆိုရင်ရွာကြီးတော့မပျက်စေချင်ဘူး -ကျောင်းထိုင်ဖြစ်တဲ့ဦးသြဘာသအနေနဲ့ ကျောင်းတိုက်ကနေ ခဏဆင်းပေးပါ တကာအချင်းချင်းညီညတ်ကြတဲ့အခါမှဘဲ ကျောင်းပြန်ထိုင်ပေါ့” ဆိုပြီးတော့ဆုံးဖြတ်ကြတယ် ဒါပေမဲ့အကြောင်းအမျိုးမျိုးကဘေးကနေပြီး တီးကေးတဲ့လူတွေက သတင်းကို ချဲ့ကားပြီး PNO အဖွဲ့ကိုအမျိုးမျိုး အပုတ်ချတယ် အမှန်က PNO ကညှိနိုင်းပေးတာ- ပအိုဝ်းဆရာတော်ကြီး တွေလည်းစေတနာနဲ့ ညှိနိုင်းပေးတာ အဆင်မပြေတော့မတတ်နိုင်ဘူးပေါ့လေ” ဟုကျေးရွာနီးနားနေ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားတယ် ဟုသတင်းရရှိပါတယ် နောက်သူဘာပြောသေးလည်းးဆိုတော့ ၀င်းယကိစ္စနှင့်ပတ်သက်ပြီး အားလုံးကိုသတင်းအမှန်သိစေချင်တယ်လို့ပြောသွားခဲ့တယ်

ခွန်ခမ်းမြတ် said...

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ပစ်ကျေးရွှာအုပ်စုအတွင်းရှိ ၀င်းယဒုံသည် ၄င်းကျောင်းထိုင်ဘုန်းတော်ကြီး၊ ဦးသြဘာသနှင့် တကာများဖြစ်ပွါးတဲ့ပြသနာဖြစ် ကြောင်းဒေသခံများထံမှစုံစမ်းသိရှိရပါတယ်။‎-ပထမအချင်းချင်းပြသာနာဖြစ်ပြီးကျေးရွှာအုပ်စု ၊အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး ၊ရဲတပ်ဖွဲ့ဝင်တို့မှ အချင်းချင်းပြေလည်စွာဖြေရှင်းပေးဖို့ဆိုပြီးတော့ ရှင်းကြတယ် ဒါပေမဲ့ပြေလည် မှူမရှိတဲ့တွက်သက်ဆိုင်တဲ့အုပ်ချုပ်ရေးအာဏာပိုင် တွေကပအိုဝ်းတိ...ုင်းရင်းသားများဖြစ်တဲ့အတွက် ရုံးရောက်၊ဂတ်ရောက်ရင်မကောင်းဘူးဆိုပြိးတော့ ပအိုဝ်းတမျိုးသားများရဲ့ဦးစီးဦးဆောင်အဖွဲ့ ဖြစ်တဲ့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကို ကိုယ်အမျိုးသားကိစ္စဖြစ်တဲ့အတွက်ကူညီ ဖြေရှင်းညှိနိုင်းပေးပါဆိုပြီး တော့မှ လွန်ခဲ့တဲ့ 2011 ခုနှစ် ကတည်းကညှိနိုင်း ပေးဒါအဆင်မပြေလို့ တဆင့်ပြီး တဆင့် ပြီးတဆင့် (PNO) ဗဟိုအထိရောက်သွားတယ်၊ ဒါကြောင့် (PNO) ဗဟိုကည်းရွာသားနှင့် ဘုန်းကြီး ပြသာနာဆိုတော့ရွာသားကိုညှိနိုင်း ပေးလို့ရတယ် ဒါပေမဲ့ဘုန်းကြီးဆိုတော့ “သံဃာ့အဖွဲ့အစည်း” က ဘဲဖြေရှင်းရင်ကောင်းမွန်တယ်ဆိုပြီးတော့ ပအိုဝ်းသံဃာ့တော်ကြီးများထံချဉ်းကပ်တဲ့အခါ ဆရာတော်ကြီးတွေကအမျိုးမျိုးသုံးသပ် တယ်ရွာကြီးအတွင်းစည်းလုံးညီညွတ်ဖို့အတွက် ဆိုရင်ရွာကြီးတော့မပျက်စေချင်ဘူး -ကျောင်းထိုင်ဖြစ်တဲ့ဦးသြဘာသအနေနဲ့ ကျောင်းတိုက်ကနေ ခဏဆင်းပေးပါ တကာအချင်းချင်းညီညတ်ကြတဲ့အခါမှဘဲ ကျောင်းပြန်ထိုင်ပေါ့” ဆိုပြီးတော့ဆုံးဖြတ်ကြတယ် ဒါပေမဲ့အကြောင်းအမျိုးမျိုးကဘေးကနေပြီး တီးကေးတဲ့လူတွေက သတင်းကို ချဲ့ကားပြီး PNO အဖွဲ့ကိုအမျိုးမျိုး အပုတ်ချတယ် အမှန်က PNO ကညှိနိုင်းပေးတာ- ပအိုဝ်းဆရာတော်ကြီး တွေလည်းစေတနာနဲ့ ညှိနိုင်းပေးတာ အဆင်မပြေတော့မတတ်နိုင်ဘူးပေါ့လေ” ဟုကျေးရွာနီးနားနေ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားတယ် ဟုသတင်းရရှိပါတယ် နောက်သူဘာပြောသေးလည်းးဆိုတော့ ၀င်းယကိစ္စနှင့်ပတ်သက်ပြီး အားလုံးကိုသတင်းအမှန်သိစေချင်တယ်လို့ပြောသွားခဲ့တယ်

ဝေးခွန်မောင်း said...

ခွန်ခမ်းမြတ်ပြောသလို တကယ်စေတနာနဲ့ဆိုရင်
ကြိုဆိုရမှာပါ။ ၀င်းယရွာသားတွေကလဲ ကြီုဆိုကြမှာ ဧကန်မလွဲပါပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ PNOနှင့်ပအိုဝ်း အမျိုးသားတို့ သိစေဖို့ ဆိုတဲ့ ဆောင်းပါးထဲက
အတိုင်း PNOက လူ(၇)ယောက်အုပ်စုရဲ့ စကား
ဆို အကုန်အမှန်လို့ ယူဆတယ်။ သုံးရွာနှင့် တခြမ်းဘက်က စကားဆိုရင် လုံးဝ ထည့်မစဉ်းစားခဲ့တာ စေတနာအမ၊ှန်လို့
ဘယ်လိုပြောနိုင်မလဲ။ မိုးကြိုးပစ်တာကို
ထန်းလက်နဲ့ ကာဖို့ကြိုးစားနေတာ ၇ယ်စရာ
ကောင်းပါတယ်။ ပြီးတော့ ၁၅ ရက် ၁ လပိုင်း
မှာ PNOရုံးမှာ ဆရာတော်ကြီးတွေ ကြားဖြတ်
လုပ်ပေးဖို့ ဆုံးဖြတ်ပြီး ဖြားပညာဗုတ်တို့ကို
တာဝန်ပေးလိုက်တာ ဖြားပညာဗုတ်လဲ
လုပ်ပေးမယ်ပြောပြီးတော့ တကယ်သွားမလုပ်
ခဲ့တာကော စေတနာအမှန်ပဲလား။ ၁ လပိုင်း ၁၅ ရက် က ဆရာတော်ကြီးတွေရဲ့ သြ၀ါဒ အတိုင်း တကယ်သာ တာဝန်ရှိသူတွေ သွားလုပ်ပေးမယ်ဆိုရင် ပြဿနာက အဲဒီ
အချိန်ထဲက ငြိမ်းပြီးသားပါ။ အဲဒီအကြောင်းကို
ကျတော့ ခမ်းမြတ်က ဘာလို့ မပြောရဲတာလဲ
လည်ချောင်းမှာ တစ်ခုခုဆို့နေလို့လား မေးပါရစေ။
မတရား လုပ်မဲ့လုပ်ရင် အာဏာသမားနဲ့ ပြည်သူလူထု ဘယ်သူက
ပိုလုပ်ခွင့် ပိုရှိလဲဆိုတာ အားလုံးသိကြမှာပါ။
ခမ်းမြတ်ပြောသလို ရဲတို့ အုပ်ချုပ်ရေးမှူးတို့
ရှင်းတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးရှေ့မှောက်မှာ
ကြားဖြတ်လုပ်ပါ့မယ်လို့ ကတိဝန်ခံ လက်မှတ်
ထိုးပြီးမှ အဲဒီလက်မှတ်ကို ဘာမှ မသိလို့ ထိုးမိပါတယ်ဆိုပြီး လူတစ်စုရဲ့ ကြိုးကိုင်မှုကို
ခံရတာ ဘယ်သူလဲ။ အဲဒါ (၇)ယောက်အုပ်စုရဲ့ သူကြီးကိုယ်တိုင်ပဲလေ။
အဲဒီအကြောင်းကိုရော ခမ်းမြတ်က မသိဘူးလား။ မသိချင်ယောင်ဆောင်တာလား။
အဲဒီနေ့က အုပ်ချုပ်ရေးမှူးကိုယ်တိုင်
ဒါတရားမ၀င်ဘူး ဘုန်းကြီးကို လူက
မောင်းထုတ်ခွင့် မရှိဘူး ဆိုပြီး ပြောသွားတာလဲ ခမ်းမြတ်မသိဘူးလား။
အဲဒီအကြောင်းတွေ ကျောက်တစ်လုံးမြို့နယ်
စာရေးမှ မှတ်တမ်းအတိအကျ ရှိပါတယ်။
ကျောင်းတိုက်က ခဏဆင်းပေးပါဆိုတာကလဲ
တကယ်တော့ PNOက လူ(၇)ယောက်အုပ်စုရဲ့
အလိုကျ လှည့်ကွက်ဆင်ခြင်းသာဖြစ်ပါတယ်။
အားလုံးလဲ စဉ်းစားကြည့်ကြပါ။ ကျောင်းကနေ
အပြစ်မရှိဘဲ ခဏဆင်းရမယ်ဆိုတော့
အဓိပ္ပါယ်ကော ရှိပါရဲ့လား။
ပြီးတော့ ခမ်းမြတ်ပြောတဲ့ပုံဆိုရင်
ဦးသြဘာက ဘာမှအပြစ်မရှိဘဲ
အလကားသက်သက် ဆင်းပေးရမဲ့ပုံပေါက်ပါတယ်။
ခမ်းမြတ်ပြောသလို တကယ်သတင်းအမှန်ကို
သိချုင်ရင် ကျောက်တစ်လုံးအုပ်ချုပ်ရေးမှူးကို
သွားမေးကြည့်ပါ။ သူတို့သာ အမှန်အတိုင်း
ပြောရဲမယ်ဆိုရင် ၂၇-၅-၂၀၁၂ နေ့က
သွားရောက်ဖြေရှင်းခဲ့ပုံကို ပြောပြမှာပါ။
တစ်ခုသတိထားရမှာက ကျောက်တစ်လုံး
အုပ်ချုပ်ရေးမှူးတို့ဆိုတာကလည်း PNOနှင့်
မကင်းတဲ့ အဖွဲ့အစည်းလိုဖြစ်နေတယ် ဆိုတာပါ။
အဲဒီနယ်တစ်ကျောမှာ PNOနှင့် ပဏာစားမှလဲ အဆင်ပြေနိုင်တယ်လေ။
ခမ်းမြတ်ပြောတာ ဟုတ်သလိုလိုနဲ့
သတင်းအမှန်ကို ဖုံးဖို့ကြိုးစားနေတာ
သိသာပါတယ်။

ဝေးခွန်မောင်း said...

ခွန်ခမ်းမြတ်ပြောသလို တကယ်စေတနာနဲ့ဆိုရင်
ကြိုဆိုရမှာပါ။ ၀င်းယရွာသားတွေကလဲ ကြီုဆိုကြမှာ ဧကန်မလွဲပါပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ PNOနှင့်ပအိုဝ်း အမျိုးသားတို့ သိစေဖို့ ဆိုတဲ့ ဆောင်းပါးထဲက
အတိုင်း PNOက လူ(၇)ယောက်အုပ်စုရဲ့ စကား
ဆို အကုန်အမှန်လို့ ယူဆတယ်။ သုံးရွာနှင့် တခြမ်းဘက်က စကားဆိုရင် လုံးဝ ထည့်မစဉ်းစားခဲ့တာ စေတနာအမ၊ှန်လို့
ဘယ်လိုပြောနိုင်မလဲ။ မိုးကြိုးပစ်တာကို
ထန်းလက်နဲ့ ကာဖို့ကြိုးစားနေတာ ၇ယ်စရာ
ကောင်းပါတယ်။ ပြီးတော့ ၁၅ ရက် ၁ လပိုင်း
မှာ PNOရုံးမှာ ဆရာတော်ကြီးတွေ ကြားဖြတ်
လုပ်ပေးဖို့ ဆုံးဖြတ်ပြီး ဖြားပညာဗုတ်တို့ကို
တာဝန်ပေးလိုက်တာ ဖြားပညာဗုတ်လဲ
လုပ်ပေးမယ်ပြောပြီးတော့ တကယ်သွားမလုပ်
ခဲ့တာကော စေတနာအမှန်ပဲလား။ ၁ လပိုင်း ၁၅ ရက် က ဆရာတော်ကြီးတွေရဲ့ သြ၀ါဒ အတိုင်း တကယ်သာ တာဝန်ရှိသူတွေ သွားလုပ်ပေးမယ်ဆိုရင် ပြဿနာက အဲဒီ
အချိန်ထဲက ငြိမ်းပြီးသားပါ။ အဲဒီအကြောင်းကို
ကျတော့ ခမ်းမြတ်က ဘာလို့ မပြောရဲတာလဲ
လည်ချောင်းမှာ တစ်ခုခုဆို့နေလို့လား မေးပါရစေ။
မတရား လုပ်မဲ့လုပ်ရင် အာဏာသမားနဲ့ ပြည်သူလူထု ဘယ်သူက
ပိုလုပ်ခွင့် ပိုရှိလဲဆိုတာ အားလုံးသိကြမှာပါ။
ခမ်းမြတ်ပြောသလို ရဲတို့ အုပ်ချုပ်ရေးမှူးတို့
ရှင်းတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးရှေ့မှောက်မှာ
ကြားဖြတ်လုပ်ပါ့မယ်လို့ ကတိဝန်ခံ လက်မှတ်
ထိုးပြီးမှ အဲဒီလက်မှတ်ကို ဘာမှ မသိလို့ ထိုးမိပါတယ်ဆိုပြီး လူတစ်စုရဲ့ ကြိုးကိုင်မှုကို
ခံရတာ ဘယ်သူလဲ။ အဲဒါ (၇)ယောက်အုပ်စုရဲ့ သူကြီးကိုယ်တိုင်ပဲလေ။
အဲဒီအကြောင်းကိုရော ခမ်းမြတ်က မသိဘူးလား။ မသိချင်ယောင်ဆောင်တာလား။
အဲဒီနေ့က အုပ်ချုပ်ရေးမှူးကိုယ်တိုင်
ဒါတရားမ၀င်ဘူး ဘုန်းကြီးကို လူက
မောင်းထုတ်ခွင့် မရှိဘူး ဆိုပြီး ပြောသွားတာလဲ ခမ်းမြတ်မသိဘူးလား။
အဲဒီအကြောင်းတွေ ကျောက်တစ်လုံးမြို့နယ်
စာရေးမှ မှတ်တမ်းအတိအကျ ရှိပါတယ်။
ကျောင်းတိုက်က ခဏဆင်းပေးပါဆိုတာကလဲ
တကယ်တော့ PNOက လူ(၇)ယောက်အုပ်စုရဲ့
အလိုကျ လှည့်ကွက်ဆင်ခြင်းသာဖြစ်ပါတယ်။
အားလုံးလဲ စဉ်းစားကြည့်ကြပါ။ ကျောင်းကနေ
အပြစ်မရှိဘဲ ခဏဆင်းရမယ်ဆိုတော့
အဓိပ္ပါယ်ကော ရှိပါရဲ့လား။
ပြီးတော့ ခမ်းမြတ်ပြောတဲ့ပုံဆိုရင်
ဦးသြဘာက ဘာမှအပြစ်မရှိဘဲ
အလကားသက်သက် ဆင်းပေးရမဲ့ပုံပေါက်ပါတယ်။
ခမ်းမြတ်ပြောသလို တကယ်သတင်းအမှန်ကို
သိချုင်ရင် ကျောက်တစ်လုံးအုပ်ချုပ်ရေးမှူးကို
သွားမေးကြည့်ပါ။ သူတို့သာ အမှန်အတိုင်း
ပြောရဲမယ်ဆိုရင် ၂၇-၅-၂၀၁၂ နေ့က
သွားရောက်ဖြေရှင်းခဲ့ပုံကို ပြောပြမှာပါ။
တစ်ခုသတိထားရမှာက ကျောက်တစ်လုံး
အုပ်ချုပ်ရေးမှူးတို့ဆိုတာကလည်း PNOနှင့်
မကင်းတဲ့ အဖွဲ့အစည်းလိုဖြစ်နေတယ် ဆိုတာပါ။
အဲဒီနယ်တစ်ကျောမှာ PNOနှင့် ပဏာစားမှလဲ အဆင်ပြေနိုင်တယ်လေ။
ခမ်းမြတ်ပြောတာ ဟုတ်သလိုလိုနဲ့
သတင်းအမှန်ကို ဖုံးဖို့ကြိုးစားနေတာ
သိသာပါတယ်။