ကျောက်တလုံးမြို့မှ ရေးလာတဲ့ပေးစာ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲမှာနေထိုင်တဲ့ ဒေသခံလူငယ်တစ်ဦးမှ
တောင်ကြီးတိုင်းမ်သို့ ရင်ဖွင့်ရေးသားပေးပို့လာတဲ့စာကို ရေးလာတဲ့ပေးစာကဏ္ဍမှာ အောက်ပါအတိုင်း
ဖေါ်ပြလိုက်ပါတယ်။
-----------------------

ဇူလိုင်လ (၇) ရက်၊ ၂၀၁၂။

အခုကျနော် တင်ပြချင်တဲ့ကိစ္စကတော့ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲမှာ ပေါ်ပေါ်တင်တင်ခြစားမှု၊
ကျောက်တလုံးမြို့မှာ ရပ်ကွက်ပေါင်း ခြောက်ရပ်ကွက်ရှိပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း အိမ်ခြေပေါင်း (၆၇၂) အိမ်ရှိတယ်လို့ ကျောက်တလုံးဘုရားပွဲတုန်းကတဆင့် သိရပါတယ်။

အခုကျောက်တလုံးမြို့အတွင်းမှာ နှစ်တွေလည်း အတော်ကြာခဲ့ပြီ။ ပညာရေးစရိတ်တွေကို တစ်နှစ်ကို သုံးကြိမ်ကောက်တယ်။ တချို့နှစ်တွေဆို လေးကြိမ်ကောက်တယ်လို့ ရွာသားတွေကတဆင့် သိရတယ်။ တခါကောက်ရင် အခုဆို (၃၀၀၀) ထောင် ကောက်တယ်။ ကောက်ပြီးတော့ ရလာတဲ့ ပိုက်ဆံတွေကို ဘယ်မှာထားလဲ မသိ။ ဒီအတိုင်းဘဲ ပျောက် ပျောက်သွားတယ်။ စာရင်းရှင်းတန်းလဲ တစ်နှစ်မှ မလုပ်ပေးဘူး၊ ပြီးတော့ အဲဒီပိုက်ဆံတွေကို လူကြီးတွေလာရင် ကျွေးဖို့လို့တော့ပြောတယ်။ ကျောက်တလုံးမှာ ပညာရေးဝန်ကြီးလည်း ကျောက်တလုံးမှာ လာတယ်ဆိုတာလည်း မကြားဖူး။

ဒီပိုက်ဆံတွေက ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေကို ထောက်ပံတာလည်း မကြားဖူး။ ဆရာ၊ ဆရာမတွေကိုလည်း အစိုးရက လစာပေးထားတယ်။ တတ်နိုင်တဲ့ လူတွေအတွက်ကတော့ မပြောပလောက်တဲ့ ပိုက်ဆံလေးပါ။ တစ်နေ့လုပ် တစ်နေ့စားတွေလဲ အများကြီးရှိတဲ့အတွက် တစ်နေ့လုပ် တစ်နေ့စားလူများကို အားနာပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ပိုက်ဆံတွေက ကျောင်းကော်မတီဖြစ်တဲ့ ဦးထွန်း လက်ထဲ့ကိုဘဲ ရောက် ရောက်သွားတယ်လို့ ရွာသားတွေပြောနေကြတာ ကြားသိရတယ်။

ဒါကြောင့် တာဝန်ရှိတဲ့ လူကြီးတွေ ဒီသတင်းကို ဖတ်မိရင် တာဝန်ယူ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်တစ်ခုက ကျောက်တလုံးမှာ ၂၀၀၁ ခုနှစ် ကနေ ၂၀၀၅ ခုနှစ်လောက်အထိ ကျောင်းဘောင်ဒါဆောင်တွေ ဈေးနှုန်းသက်သာသောကြောင့် ကျောင်းသူ/သားတွေ အလွန်များပါတယ်။ ယခုကတော့ ကျောင်းကော်မတီ ဦးထွန်း တို့ လုပ်ရပ်ကြောင့် ဘောင်ဒါဆောင်တွေမှာ ကျောင်းသား ကျောင်းသူတွေ တစ်ယောက်မှ မရှိတော့ဘူး။

၂၀၀၁ ကနေ ၂၀၀၅ လောက်က ဘော်ဒါဆောင်ခ တစ်နှစ်ကို ၁၂၀၀၀၀ ကျပ် ၀န်းကျင်ပေးရတယ်။ အဲဒီနောက်ပိုင်းမှာ တစ်နှစ်ကို ၃၀၀၀၀၀ ကျပ် တိုးတောင်းတဲ့အတွက် လာနေတဲ့ ကျောင်းသား ကျောင်းသူ မရှိရခြင်းဖြစ်ပါတယ်။ သုံးသိန်းတောင်းတာကို ထမင်းကျွေးတဲ့အခါကျတော့ ငစိန်ဆန်ကျွေးတယ်။ ပာင်းကောင်းဆို တစ်ပတ်တစ်ခါတောင် မကျွေးဘူး။ သုံးသိန်းဆို မတန်တဲ့အတွက် လာနေတဲ့ကျောင်းသား မရှိခြင်းဖြစ်တယ်။

အထက်တန်းကျောင်း တစ်ကျောင်းမှာ အခုဆို ဆယ်တန်းကျောင်းသား အယောက် ၂၀ ကျော်ကျော်လောက်ဘဲရှိတော့တယ်။ ဦးထွန်း လက်ချက်ကြောင့် အထက်တန်းအဆင့်ကနေ ပြန်ရုပ်သိမ်းခံရမှာကြောက်ရပါ၏။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။
---------------
မှတ်ချက် ။ ။ အဂတိလိုက်စားတဲ့ ပုဂ္ဂိုလ်ကိုတွေကို အရေးယူပေးပါလို့ တာဝန်ရှိသောသူများကို မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ။

1 comment:

Khun said...

၇က်စက်လိုက်လေခြင်း