ပအိုဝ်းအဖွဲ့အစည်းများ စုပေါင်း၍ “ပညာရေးဖြင့် ပအိုဝ်းလူမျိုးများကို မြင့်တင်ကြစို့” အမည်ရှိ ပအိုဝ်းအမျိုးသားဓာတ်ပုံပြပွဲ တစ်ရပ်ကို ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့၌ ထဲုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
၎င်းဓာတ်ပုံပြပွဲသို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ပအိုဝ်းရွှေ့ပြောင်းအလုပ်သမားများ၊ အင်းသားလူမျိုးများ၊ ထိုင်းလူမျိုးများနဲ့ မြန်မာနိုင်ငံမှလာတဲ့ အခြားတိုင်းရင်းများ စုစုပေါင်း ၁၄၀ ကျော် တက်ရောက် အားပေးခဲ့ပြီး၊ တက်ရောက်လာသည့် ပရိတ်သတ်များကိုလည်း ပအိုဝ်းအမျိုးသားအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံပြပွဲရဲ့အဓိက ဦးတည်ချက်မှာ ပအိုဝ်းကျောင်းသူ ကျောင်းသားများနှင့် ပအိုဝ်းရဟန်းသံဃာတော်များ နိုင်ငံရပ်ခြားတွင် ပညာရေးလေ့လာသင်ယူနိုင်ရန်အတွက် ပညာသင်ထောက်ပံ့ကြေး ရန်ပုံငွေရှာဖွေရန်၊ ပအိုဝ်းရွှေ့ပြောင်းအလုပ်သမားများ အသိပညာဗဟုသုတနှင့် စည်းလုံးညီညွတ်မှုမြင့်တင်ရန်၊ နှင့် ပအိုဝ်းဒေသတွင်း လက်ရှိပျက်ဆီးယိုယွင်းနေသည့် သဘာဝပတ်ဝန်းကျင်အခြေအနေများအား ပအိုဝ်းလူမျိုးရွှေ့ပြောင်းအလုပ်သမားများ သိရှိလာစေရန် စတဲ့အချက်များဖြစ်ကြောင်း သိရပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZDF2kvOzn7VJSnwDRmh2kWOCICNqeR-ZOR6T-r7OhefH4Xc_Cxq9AwrxtCdr0vMZFdTPG8I8abxVwiv1LmtsHUVA4Bz6z_Mwv1WzEB7210lfDYw5b9uDQP1L-CUfSWbvTMVqTPpZK4nZ5/s200/SDC18802.jpg)
ပအိုဝ်းအမျိုးသားဓာတ်ပုံပြပွဲကို ပအိုဝ်းမဂ္ဂဇင်း၊ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)၊ ချိုစွူလှုပ်ရှားမှုကွန်ယက်၊ ပအိုဝ်းအလုပ်သမားအဖွဲ့နှင့် ပအိုဝ်းပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ စတဲ့အဖွဲ့အစည်းတို့မှ ပူးပေါင်းကျင်းပ ခဲ့ကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment