ပအိုဝ်းအပျိုကိုသာခေါ်ထားပြီး နအဖဂိတ်စောင့်တပ်ဖွဲ့က အဖမ်းခံရသူ ၃၀ ကျော်လွတ်ပေး

သျှမ်းသံတော်ဆင့်သတင်း

ဂျူလိုင် ၂၉ ရက် ၂၀၀၈
။ Teenager girl detained migrants kicking back home arrested by junta authorities at the Thai-Burma border


နယ်စပ်သို့ ပြန်ပို့ခံရသည့် ချင်းမိုင်မှ တရားမ၀င် သျှမ်းရွှေ့ပြောင်းအလုပ်သမား ၃၇ ဦးအနက် ကျန်သူများကို နအဖတပ်ဖွဲ့က ပြန်လွှတ်ပေး သော်လည်း အသက် ၁၆ နှစ်အရွယ် ပအိုဝ်းအမျိုးသမီးအား ယနေ့တိုင်ပြန်မလွှတ်ပေးသေးဟု နယ်စပ်သတင်း ရပ်ကွက် ဆိုပါသည်။


ြ
ပီးခဲ့သည့်ဂျွန်လ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်ထောင်မှ လွှတ်ပေးသူ (တရားဝင်အလုပ်သမားကဒ်မရှိကြသည့်) သျှမ်းရွှေ့ပြောင်း အလုပ်သမား ၃၇ ဦးအား ထိုင်းလ၀က အာဏာပိုင်များက နောင်အုပ် - ပုံပါကျင်ကြား ထိုင်း - သျှမ်း နယ်စပ် BP.၁ ဂိတ်သို့ ပို့ဆောင်ရာ ၎င်းတို့အား နအဖစစ်သားများ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထား ခြင်းဖြစ်သည်။


“ သျှမ်းနဲ့ပအိုဝ်းတွေချည်းဘဲ၊ ဗမာ စစ်တပ်အချုပ်ခန်းမှာ တညအိပ်ရတယ်။ မနက်ရောက် တော့ ၃၆ ယောက်ပြန်လွှတ်ပေးပေမဲ့ ၁၆ နှစ်အရွယ် ပအိုဝ်းကလေးမကိုတော့ ပြန်မလွှတ်ပေးဘူး။ ကောင်မလေးကို မတရားကျင့်ကြံမှာစိုးလို့ ကျနော့်ဇနီး၊ ကျနော့် သမီးပါလို့ ကျနော်တို့ အဖွဲ့ထဲက အာဏာပိုင်တွေဆီ သွားတောင်းပန်ပြောပေမဲ့ လုံးဝ ပြန်လွှတ်မပေးဘူး။ ဘာဖြစ်လို့ဆက်ဖမ်းထားလဲ မသိဘူး။ ကလေးမက နမ့်ဇန်မြို့နယ် ၀မ့်ညောင်ဆာရွာ ဇာတိလို့ပြောတယ်” - ဟုအဖမ်းခံရသူများအနက် နယ်စပ်သို့ ပြန်ရောက် လာသူ အသက် ၃၀ အရွယ် ပအိုဝ်းအမျိုးသား တဦးက ပြောပြသည်။


“
ဗမာစစ်တပ်အာဏာပိုင်တွေလက်ထဲရောက်သွားတော့ တယောက်မှ ပိုက်ဆံမရှိကြ တော့ ဘူး။ ထိုင်းကိုပြန်သွားချင်သွား ကိုယ့်ဇာတိကို ပြန်ချင်ပြန် လို့ပြောပြီး အာဏာပိုင်တွေ ပြန်လွှတ်ပေးတော့ တချို့လဲ ရွာပြန်သွားကြတယ်။ အများစုတော့ ထိုင်းကိုပြန်ဝင်ကြတယ်။ ကလေးမ ခမျာတော့ ကနေ့အထိ ပြန်မလွှတ်လာသေးဘူး” - ၎င်းက စိတ်မကောင်းစွာ ညည်းပြသည်။


အဖမ်းခံရသည့် ၃၇ ယောက်တွင် ယောကျာ်း၊ မိန်းမ တ၀က်စီပါပြီး တရားဝင် အလုပ်သမားကဒ် မရှိသူများဖြစ်ကြသည်။ ဂျွန်လဆန်းက ထိုင်း အာဏာပိုင်များ ဖမ်းဆီးခြင်းခံကြရပြီး၊ ဂျွန်လ ၂၅ ရက် ချင်းမိုင်ခရိုင် ချင်းဒေါဝ်မြို့နယ် နောင်အုပ် (သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ မျက်နှာချင်းဆိုင်) ရှိ BP ၁ နယ်စပ်ဂိတ်သို့ပြန်ပို့ခြင်း ခံကြရသည်၊ ၂၆ ရက် တည ၎င်းတို့အား နအဖစစ်တပ်အာဏာပိုင်များ ထိန်းချုပ်ထားပြီး ၂၇ ရက်တွင်ပြန်လွှတ်ပေးခဲ့သည်။

ရလလဖ တပ်ဖွဲ့များ ပီအဲန်အိုနှင့် ပူးပေါင်း

ခွန်အောင်မြတ်။
ဇူလိုင်လ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။


ပအိုဝ်းနီ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး(ရလလဖ)အဖွဲ့မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ သည် ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)နှင့် ပူးပေါင်း လိုက်သည်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဟိုနမ်းဒေသတွင် အခြေစိုက်သည့် ရှမ်းပြည်လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့(ရလလဖ)မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့် တပ်သား ၄၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။


ယင်းသတင်းနှင့်ပတ်သက်၍ ရလလဖနှင့် ပီအဲန်အိုတို့က မှန်ကန်ကြောင်း အတည်ပြု သော်လည်း အသေးစိပ် ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။


ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်သည်မှာ မှန်ကန်ကြောင်း နယ်စပ်အခြေစိုက်သည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အတည်ပြုပြောသည်။


“ဗိုလ်မှူးတာကလယ်အဖွဲ့တော့ မပါဘူးလို့ ကြားတယ်။ သူတို့ဒီနိုင်ငံရေး ခေါင်းစဉ်နဲ့လုပ်တာ မဟုတ် ဘူးတဲ့။ ဒီအောက်ခြေ အဖွဲ့တဖွဲ့က သွားတဲ့သဘောမျိုး။ ကျနော်လည်း ပထမတော့ တဖွဲ့လုံး ပေါင်း သလား၊ နောက်ပြီးတော့ ဒီ ပအိုဝ်းနိုင်ငံရေးပါတီ ထူထောင်ဖို့ အတွက် လူစုသလားပေါ့ အဲလိုမျိုး ထင်တာ။ မေးကြည့်တော့ ရလလဖက နိုင်ငံရေး ခေါင်းစဉ်နဲ့တော့ ပေါင်းတာ မဟုတ်ဘူးလို့ အဲဒီလို ကြားနေတယ်။ အခုက ပေါင်းတာ မဟုတ်ဘူး အဲဒီတပ်ဖွဲ့က အခြေအနေ မကောင်းလို့ ပီအဲန်အိုထဲမှာ ၀င်လိုက်တဲ့ သဘောမျိုးပေါ့ အဲလိုဖြစ်နိုင်တယ်။”


အတည်ပြုချက်မရသေးသည့်သတင်းအရ ဟိုနမ်းဒေသမှ ဗိုလ်မှူးဆိုင်ဖဦးဆောင်သည့် အဖွဲ့ အပြင် ရလလဖ ဥက္ကဌ အခြေစိုက်နေသည့် နောင်ထောင်ဝ်ရှိ နာယကအဖွဲ့ဝင် တချို့အပါအ၀င် တပ်အင်အား ၁၀၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းသည်ဟု ပီအဲန်အိုနှင့် နီးစပ်သူက ပြောသည်။


”တာကလယ်တို့အဖွဲ့က သူရိန်တို့အဖွဲ့ကလည်း ဒီဘက်ကို ထွက်လာပြီ တိုက်ပွဲတွေ လုပ်နေတယ်။ တဖက်ကလည်း အခုက အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေး ပါတီ ထူတောင်ကြ ဖို့ နအဖက တိုက်တွန်း နေတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေလည်း အကုန်လုံး လက်နက် အပ်ချင်အပ် မအပ်ချင် လည်း အထူး ပြည်နယ်လုံခြုံရေးတပ် ရဲလုပ်၊ အုပ်ချုပ်ရေး အတွက် အကူအညီပေးဖို့တွေ တောင်းဆို တယ်။ ဒီဖိအားတွေ အောက်မှာ ဥက္ကဌ တာကလယ် ဦးဆောင်တဲ့ လက်ကျန် ရလလဖက ဘာဆက် လုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ထင်တယ်။ ပါတီထောင်ဖို့ကလည်း အင်အားမလုံလောက်၊ တပ်က လည်း မယ်မယ်ရရ မရှိ၊ အုပ်ချုပ်ရေးနယ်မြေကလည်း တိတိပပ မပြောနိုင်ဘူးလေ။ အဲဒါဆိုတော့ သူတို့အနေနဲ့ ဘယ်လမ်းလျှောက်ရမှန်းဆိုတာ အခက်အခဲဖြစ်နေတယ်ထင်တယ်။ ကြည့်ရတာ။”
ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။


ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့သည်၁၉၉၄ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။


ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် တွင် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီး ခွန်ထိဆောင် ဦးဆောင်သည့်အဖွဲ့သည့် ရလလဖ အဖွဲ့မှ ခွဲထွက်ပြီး လွတ်မြောက်နယ်မြေတွင် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ဟု အမည်ပြောင်းလဲ ဖွဲ့စည်းပြီး မြန်မာစစ်အစိုးရကို လက်နက်ကိုင်၍ ဆက်လက် တော်လှန် နေဆဲဖြစ်သည်။


ရလလဖ၏ ဥက္ကဌဖြစ်သူ ဗိုလ်မှူးချစ်မောင်ဦးဆောင်သည့်အဖွဲ့သည် ပြီးခဲ့သည့်နှင့် ဇူလိုင်လတွင် မြန်မာစစ် အစိုးရထံ လက်နက်ချခဲ့ပြီး ဌာနချုပ်စခန်းဖြစ်သည့် နောင်ထောင်ဝ် တွင် ဥက္ကဌဟောင်း ဗိုလ်မှူးကြီး တာကလယ် နှင့် နာယကအဖွဲ့များ ဆက်လက် ဦးဆောင် သည်။


http://www.nmg-news.com/nmg/defaultmm.html

ရလလဖ တပ်ဖွဲ့များ ပီအဲန်အိုနှင့် ပူးပေါင်း

ခွန်အောင်မြတ်။
ဇူလိုင်လ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။ 

ပအိုဝ်းနီ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး(ရလလဖ)အဖွဲ့မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ သည် ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)နှင့် ပူးပေါင်း လိုက်သည်။ 

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဟိုနမ်းဒေသတွင် အခြေစိုက်သည့် ရှမ်းပြည်လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့(ရလလဖ)မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့် တပ်သား ၄၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။ 

ယင်းသတင်းနှင့်ပတ်သက်၍ ရလလဖနှင့် ပီအဲန်အိုတို့က မှန်ကန်ကြောင်း အတည်ပြု သော်လည်း အသေးစိပ် ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။ 

ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်သည်မှာ မှန်ကန်ကြောင်း နယ်စပ်အခြေစိုက်သည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အတည်ပြုပြောသည်။ 

“ဗိုလ်မှူးတာကလယ်အဖွဲ့တော့ မပါဘူးလို့ ကြားတယ်။ သူတို့ဒီနိုင်ငံရေး ခေါင်းစဉ်နဲ့လုပ်တာ မဟုတ် ဘူးတဲ့။ ဒီအောက်ခြေ အဖွဲ့တဖွဲ့က သွားတဲ့သဘောမျိုး။ ကျနော်လည်း ပထမတော့ တဖွဲ့လုံး ပေါင်း သလား၊ နောက်ပြီးတော့ ဒီ ပအိုဝ်းနိုင်ငံရေးပါတီ ထူထောင်ဖို့ အတွက် လူစုသလားပေါ့ အဲလိုမျိုး ထင်တာ။ မေးကြည့်တော့ ရလလဖက နိုင်ငံရေး ခေါင်းစဉ်နဲ့တော့ ပေါင်းတာ မဟုတ်ဘူးလို့ အဲဒီလို ကြားနေတယ်။ အခုက ပေါင်းတာ မဟုတ်ဘူး အဲဒီတပ်ဖွဲ့က အခြေအနေ မကောင်းလို့ ပီအဲန်အိုထဲမှာ ၀င်လိုက်တဲ့ သဘောမျိုးပေါ့ အဲလိုဖြစ်နိုင်တယ်။” 

အတည်ပြုချက်မရသေးသည့်သတင်းအရ ဟိုနမ်းဒေသမှ ဗိုလ်မှူးဆိုင်ဖဦးဆောင်သည့် အဖွဲ့ အပြင် ရလလဖ ဥက္ကဌ အခြေစိုက်နေသည့် နောင်ထောင်ဝ်ရှိ နာယကအဖွဲ့ဝင် တချို့အပါအ၀င် တပ်အင်အား ၁၀၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းသည်ဟု ပီအဲန်အိုနှင့် နီးစပ်သူက ပြောသည်။ 

”တာကလယ်တို့အဖွဲ့က သူရိန်တို့အဖွဲ့ကလည်း ဒီဘက်ကို ထွက်လာပြီ တိုက်ပွဲတွေ လုပ်နေတယ်။ တဖက်ကလည်း အခုက အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေး ပါတီ ထူတောင်ကြ ဖို့ နအဖက တိုက်တွန်း နေတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေလည်း အကုန်လုံး လက်နက် အပ်ချင်အပ် မအပ်ချင် လည်း အထူး ပြည်နယ်လုံခြုံရေးတပ် ရဲလုပ်၊ အုပ်ချုပ်ရေး အတွက် အကူအညီပေးဖို့တွေ တောင်းဆို တယ်။ ဒီဖိအားတွေ အောက်မှာ ဥက္ကဌ တာကလယ် ဦးဆောင်တဲ့ လက်ကျန် ရလလဖက ဘာဆက် လုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ထင်တယ်။ ပါတီထောင်ဖို့ကလည်း အင်အားမလုံလောက်၊ တပ်က လည်း မယ်မယ်ရရ မရှိ၊ အုပ်ချုပ်ရေးနယ်မြေကလည်း တိတိပပ မပြောနိုင်ဘူးလေ။ အဲဒါဆိုတော့ သူတို့အနေနဲ့ ဘယ်လမ်းလျှောက်ရမှန်းဆိုတာ အခက်အခဲဖြစ်နေတယ်ထင်တယ်။ ကြည့်ရတာ။” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။ 

ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့သည်၁၉၉၄ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် တွင် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီး ခွန်ထိဆောင် ဦးဆောင်သည့်အဖွဲ့သည့် ရလလဖ အဖွဲ့မှ ခွဲထွက်ပြီး လွတ်မြောက်နယ်မြေတွင် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ဟု အမည်ပြောင်းလဲ ဖွဲ့စည်းပြီး မြန်မာစစ်အစိုးရကို လက်နက်ကိုင်၍ ဆက်လက် တော်လှန် နေဆဲဖြစ်သည်။ 

ရလလဖ၏ ဥက္ကဌဖြစ်သူ ဗိုလ်မှူးချစ်မောင်ဦးဆောင်သည့်အဖွဲ့သည် ပြီးခဲ့သည့်နှင့် ဇူလိုင်လတွင် မြန်မာစစ် အစိုးရထံ လက်နက်ချခဲ့ပြီး ဌာနချုပ်စခန်းဖြစ်သည့် နောင်ထောင်ဝ် တွင် ဥက္ကဌဟောင်း ဗိုလ်မှူးကြီး တာကလယ် နှင့် နာယကအဖွဲ့များ ဆက်လက် ဦးဆောင် သည်။

ညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် PNLO ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့

ကျော်ထင်/ ၂၅ ဖေဖော်ဝါရီ ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO) ကို လူမှုအဖွဲ့စည်းများဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ယင်းသို့ တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းသည် ပြိုကွဲနေသော အမျိုးသားညီညွတ်ရေးကို ပြန်လည် တည်ဆောက်ရန် အစပြုခြင်းဖြစ်သည်ဟု PNLO က ပြောသည်။

PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်က နိုင်ငံရေးစနစ်များကြောင့် အစိတ် စိတ်အမြွှာမြွှာ ဖြစ်ခဲ့မှုများကို ပြန်လည်စုဖွဲ့နိုင်ခြင်းသည် ပြည်တွင်းပြည်ပတွင်ရှိသော ပအိုဝ်း လူထုနှင့် အဖွဲ့အစည်းများ ညီညွတ်ရေး တည်ဆောက်ရန် အစပြုခြင်းဟု ပြောသည်။

PNLO ကို နယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PNDO)၊ ပအိုဝ်း အမျိုး သမီးသမဂ္ဂ (PWU)၊ ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ့ (PYDO) တို့မှ ကိုယ်စားလှယ်များဖြင့် ယမန်နေ့က တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ဗိုလ်မှူးကြီး ခွန်သူရိန်က “ကျနော်တို့အားလုံး စုစည်းဖွဲ့စည်းပြီးတဲ့ နောက်မှာဆိုရင် အခန်းကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူငယ်ပိုင်းဆိုင်ရာမှာဆိုရင်လည်းပဲ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အောက်မှာ အတူတကွ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ယခု ပေါင်းစည်းမှုတွင် နယ်စပ်အခြေစိုက် ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ခေါင်းဆောင်သော PPLO နှင့် ပအိုဝ်းလူငယ်အစည်းအရုံး PYO တို့ မပါဝင်သေးပေ။

ကျန်ရှိသော အဖွဲ့အစည်းများနှင့် ပတ်သက်၍ PNLO ဗဟိုကော်မတီဝင် ဖြစ်လာသည့် နန်းယဉ် သွယ်က “ကျမတို့ရဲ့ပေါင်းစည်းမှုမှာ တချို့ကျန်နေတဲ့ အဖွဲ့တွေကိုလည်း ပိုပြီးတော့မှ ပေါင်း စည်းလာစေချင်တယ်။ ပေါင်းစည်းပြီး လုပ်တဲ့အခါ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် ယုံကြည်မှုတွေ ရှိလာနိုင်မယ်။ အကောင်းဘက်ဆောင်တဲ့ အကြံဥာဏ်ပေးမှုတွေ ရလာနိုင်မယ်ပေါ့” ဟု ပြောသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဥက္ကဋ္ဌ ခွန်ကောဝိန်က ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ပေါင်း စည်းရေးအတွက် အချင်းချင်းအကြား ဆွေးနွေးညှိနှိုင်းမှု မလုပ်ရသေး၍ သဘောထားမပေးနိုင် သော်လည်း ပအိုဝ်းအဖွဲ့အစည်းများ တစုတစည်းတည်း ဖြစ်လာမှုကို ကြိုဆိုလိုက်သည်။ ။

နယ်စပ်အခြေစိုက် ပအိုဝ်းအဖွဲ့များ တူညီသော ဦးတည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မည်

ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်။

နိုင်ငံရေးဦးတည်ချက် တခုတည်းအောက်တွင် ပေါင်းစည်းလုပ်ဆောင်သွားရန်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ပအိုဝ်းအဖွဲ့အစည်းများ ပူးပေါင်း၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(ပီအဲန်အယ်လ်အို) ဗဟိုကော်မတီ အဖွဲ့ဝင်များကို ယမန်နေ့တွင် တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ နိုင်ငံရေး ဦးတည်ချက် ငါးရပ်ကို ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး အတွက် ပအိုဝ်းအဖွဲ့လေးဖွဲ့ကို တစုတစည်းထဲ ပူးပေါင်း ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“ပြည်ပမှာ ရှိနေတဲ့ ပအိုဝ်းလူထုတွေရဲ့ သဘောထားတွေရော ကျနော်တို့ ရယူတယ်။ ပြည်တွင်း မှာ ရှိတဲ့ ကျနော်တို့ ပြည်သူရဲ့သဘောထားကတော့ ကျနော်တို့သိရှိထားတဲ့အတိုင်းပဲ ကျနော်တို့ ပအိုဝ်း အဖွဲ့ အစည်းတွေ ဒီလို အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ ဟာတွေ၊ သူက တနည်းလုပ် ကိုယ်က တနည်း လုပ် ဖြစ်နေတဲ့ဟာတွေကို ကျနော်တို့ ပြည်တွင်းက ပအိုဝ်းအဖွဲ့အစည်းတွေကလည်း ဒါတွေကို အလို မရှိပါဘူး။ ကျနော်တို့ ပအိုဝ်းအဖွဲ့အစည်းတွေ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ရည်မှန်းချက် တခုထဲ အတူသွားနေတာကို ကျနော်တို့ ပအိုဝ်းအမျိုးသားထု တရပ်လုံးကလည်း ဒါကို လိုလား ပါတယ်။”

ပီအဲန်အယ်လ်အို၏ ဗဟိုကော်မတီဝင် (၁၃)ဦးအတွင်းတွင် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ပီအဲန် ဒီအို)၏ ဥက္ကဌဖြစ်သူ ခွန်စိန်ထွန်းသည် တွဲဖက်အတွင်းရေးမှူး (၂)၊ ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ့ (ပီဝိုင် ဒီအို) ဥက္ကဌဖြစ်သူ ခွန်ရက်ခမ်းက ဗဟိုကော်မတီဝင်အဖြစ်နှင့် ပအိုဝ်းအမျိုးသမီးသမဂ္ဂ (ပီဒဗလျူယူ)၏ အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ နန်းယဉ်သွယ်က ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူကြသည်။

ပအိုဝ်းအဖွဲ့အစည်းများ တစုတစည်းတည်း ပေါင်းစည်းလိုက်သည့်အတွက် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်မှု အတွက် ပိုမို စည်းလုံးညီညွှတ်မှု ရှိမည်ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“ကျနော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ အဖွဲ့အစည်းကို တိုးချဲ့ဖွဲ့စည်း လိုက်တဲ့ ကိစ္စ မှာတော့ ဒီကနေ့ အခြေအနေအရမှာဆိုရင် ကျနော်တို့ နိုင်ငံမှာ နအဖ စစ်အုပ်စုရဲ့ ဖိနှိပ်မှုဟာ ပြင်း ထန်သထက် ပြင်းထန် လာတယ်၊ ရက်စက်သထက် ရက်စက်လာတယ်ဆိုတဲ့ အချိန်ကျတော့ ကျနော် တို့ သူတပေါက် ကိုယ်တပေါက်နဲ့ တိုက်လို့ မရပါဘူး။ ကျနော်တို့ စည်းလုံးညီညွှတ်စွာနဲ့ တိုက်ယူမှ ပဲ ကျနော်တို့ ရမှာဖြစ်တယ်။ အဲတော့ ဒီကနေ့ ကျနော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ကို မြှင့်တင်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့အခါကျတော့ ကျနော်တို့ ပအိုဝ်းတွေဟာ တစည်းတလုံးထဲ ဖြစ်သွားပြီ ဆိုတဲ့အချိန်ကျတော့ တိုက်ပွဲဝင်တဲ့နေရာမှာလည်းပဲ စည်းစည်း လုံးလုံးနဲ့ ဖြစ်မယ်၊ ကျနော်တို့ မြန်မာပြည် ဒီမိုကရေစီစနစ် ထွန်းကားဖို့ ပအိုဝ်းအမျိုးသားတွေ အနေနဲ့ တဖက်တလမ်းကနေပြီး တော့ ၀င်ပြီးတော့မှ တိုက်ပွဲဝင်ပေးတဲ့နေရာမှာလည်းပဲ ပိုမိုထိထိရောက်ရောက် ရှိလိမ့် မယ်။”

ယခု တိုးချဲ့ဖွဲ့စည်းသည့်အပေါ် ပအိုဝ်းပြည်သူလွတ်မြောက်ရေးအဖွဲ့(ပီပီအယ်လ်အို)နှင့် ပအိုဝ်းလူငယ် အစည်း အရုံး (ပီဝိုင်အို) တို့ ပူးပေါင်းပါဝင်မှု မရှိသေးသော်လည်း ထောက်ခံကြိုဆိုကြောင်း ပြောဆိုကြသည်။

ပီပီအယ်လ်အို၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ကတော့ ကြိုဆိုတယ်။ ဘာကြောင့်လဲ ဆို တော့ လူငယ်တွေ၊ အမျိုးသမီးတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့ အဖွဲ့အစည်းတွေက နိုင်ငံရေးလုပ် ငန်းမှာ ပိုပြီးတော့ ပါဝင်လာ ဖို့လိုတယ်။ ပိုပြီးတော့ စိတ်ဝင်စား ပိုပြီးတော့ လုပ်လာဖို့လိုတယ်။ အဲဒါ အခု နိုင်ငံရေးလုပ်ငန်း လုပ်ဖို့အတွက် ပူးပေါင်းကြတယ်ဆိုရင်တော့ ကျနော်တို့ဒါ ကြိုဆိုရမှာဖြစ် တယ်။ မူအားဖြင့်ပေါ့လေ။” ဟု ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့သည် ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက် ရေးအဖွဲ့မှ ခွဲထွက်တောခိုပြီး မြန်မာစစ်အစိုးရကို လက်နက် ကိုင်တော်လှန်နေသော အဖွဲ့အစည်းဖြစ်သည်။

နအဖစစ်အစိုးရ၏ ကြေညာချက်အမှတ် ၁/၂၀၀၈ နှင့် ကြေညာချက်အမှတ် ၂/၂၀၀၈ အပေါ် ကေအိုင်အို၏ သဘောထားထုတ်ပြန်ချက်

တိုက်ပွဲဖြစ်ပွားပြီးနောက် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်သုံးဦးကို ဖမ်းဆီး

2008.02.20

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့က ရှမ်းပြည်တောင်ပိုင်းက စစ်အစိုးရတပ်တွေကို ပအိုဝ်းတပ်က ဝင်ရောက် တိုက်ခိုက်ပြီးနောက ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး ခေါင်းဆောင်သုံးဦးကို တောင်ကြီးမြို့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းထဲက ခေါ်ဆောင်သွားပြီး အခုချိန်ထိထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ကြ တောင်ကြီးမြို့နဲ့ ၅၈ မိုင်အကွာမှာရှိတဲ့ ဆီဆိုင်မြို့က စစ်ဖက်ဆိုင်ရာလုံခြုံရေး (စရဖ) နဲ့ အစိုးရတပ်တွေဖြစ်တဲ့တပ်မ (၄၂၃) ကို ဗိုလ်မှူးကြီးခွန်သူရိန်ခေါင်းတောင်တဲ့ ပီအန်အယ်လ်အေခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်၊၊ တိုက်ပွဲဖြစ်ပြီးနောက် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ် ရလလဖနောင်ထော် အခြေစိုက် လက်ရှိဗဟိုဌာနချုပ် ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဥက္ကဌစောတာကလယ်၊ ဒု-ဥက္ကဌခွန်စိန်ရွှေနဲ့ နိုင်ငံရေးမှူး ဦးစိုးအောင်လွင်ကို စစ်တပ်က ခေါ်ယူထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အခုလိုရှမ်းခေါင်းဆောင်တွေကို ခေါ်ယူထိန်းသိမ်းရတဲ့ဖြစ်ရပ်မှာ တောခိုအဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားရေးလွတ်မြောက်ရေးတပ်ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်သူရိန်တို့တပ်ရဲ့ ပစ်ခတ်မှုဟာ ရလလဖအဖွဲ့ကိုဦးဆောင်နေတဲ့ နောင်ထော်အခြေစိုက် တာကလယ်တို့အဖွဲ့က ကာကွယ်ကူညီပေးထားလို့ ဆိုပြီးစွပ်စွဲနေတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်အရာရှိတွေနဲ့ ရလလဖခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ တောခိုအဖွဲ့ဖြစ်တဲ့ ခွန်သူရိန်အဖွဲ့က အခုလို ၀င်ရောက်တိုက်ခိုက်တာကို ကြောင်းပြပြီး လက်ရှိရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖကို လက်မှတ်ထိုးပြီး လက်နက်အပ်ခိုင်းတယ်။ ပြန်တောခိုမလား လက်နက်ချမလားဆိုတဲ့မေးခွန်းတွေထုတ်ပြီး ဖိအားပေးအကျပ်ကိုင်နေတယ်လို့ ရလလဖနဲ့နီးစပ်သူ ရှမ်းနိုင်ငံရေးလှုပ်ရှားသူ စိုင်းမင်းလွင်က ပြောပါတယ်။

အခုလက်ရှိရှမ်းပြည်နယ်အတွင်းမှာ ရှေ့ဖြစ်လာမယ့်နိုင်ငံရေးအခြေအနေက အတော်ကိုတင်းမာနေပြီး ဌာနချုပ်ရဲဘော်တွေကလည်း လွယ်လွယ်နဲ့အညံ့ခံမှာမဟုတ်သလို သူတို့ခေါင်းဆောင်လူကြီးတွေကို အခုလိုစစ်တပ်ကခေါ်သွားပြီး ထိန်းသိမ်းထားတာနှစ်ရက်ရှိနေပြီတဲ့အတွက် တပ်ကိုအဆင်သင့်ပြင်နေပြီး အခြေအနေကိုစောင့်ကြည့်နေကြတယ်။ တောင်ကြီးမှာရှိတဲ့ ရလလဖရုံးကိုလည်း စစ်ဖက်ရေးရာအဖွဲ့က စောင့်ကြည့်ထားပြီး ဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားသလို တောင်ကြီးမြို့ပေါ်က ဖုန်းလိုင်းတွေကိုလဲ ဖြတ်တောက်ထားတယ်လို့သိရပါတယ်။

ရလလဖဖက်ကလဲ မြန်မာစစ်တပ်ရဲ့ဖိအားပေးမှုအပေါ် အညံ့ခံမဲ့ပုံမရှိတဲ့အပြင် ခွန်သူရိန်တို့အဖွဲ့ကလဲ စစ်ကြေငြာထားတဲ့အတွက် ဆီဆိုင်မြို့လူထုကတော့ စစ်ပွဲဖြစ်မယ့်အရိပ်အယောင်တွေ မြင်ရလို့ စိုးရိမ်နေကြတယ်လို့ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအကြောင်းသတင်းကို RFA သတင်းထောက် မဆုမွန်က သတင်းပေးပို့ထားပါတယ်။

http://www.rfa.org/burmese/thadin/2008/02/20/shan_troop_leaders_detained/

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ သဘောထားရပ်တည်ချက်နှင့် တောင်းဆို/တိုက်တွန်းချက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့သည် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သော ပအိုဝ်းအမျိုးသားတော်လှန်ရေးမျိုးဆက်ဖြစ်သည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) သည် အကြမ်းဖက်သမားများမဟုတ်ပါ။ တတိုင်းပြည်လုံးရှိ ပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းအမျိုးသားပြည်သူတို့အား အကြမ်းဖက်အုပ်ချုပ်နှိမ်နှင်းနေသော အကြမ်းဖက်သမား၊ သောင်းကျန်းသူနအဖကို တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား တော်လှန်ရေးသမားများသာဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် ပအိုဝ်းအမျိုးသားတို့ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အလို့ငှါ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ (၁၉း၃၀) အချိန်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ နအဖ၏ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် စကခ (ရ) လက်အောက်ခံ ဆီဆိုင်မြို့အခြေစိုက် ခမရ (၄၂၃) တပ်ရင်းအား ၀င်ရောက်တိုက်ခိုက်လိုက်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို တောင်းဆို လိုက်သည်။ နအဖအနေဖြင့် အောက်ပါတောင်းဆိုချက် (၆) ရပ်ကို လိုက်လျော မည်ဆိုလျင် စစ်ဆင် တိုက်ခိုက်မှုများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ရပ်စဲထား မည်။ နအဖမှ လိုက်လျောမှု မရှိလျင် တိုက်ခိုက်မှုများကို အရှိန်မြင့် ဆက်လက်လုပ်ဆောင် သွားမည်။

သဘောထားရပ်တည်ချက်

နအဖစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) ၇ အချက်အတိုင်း ဆက်သွားလျင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် နအဖနှင့်နိုင်ငံရေးစကား ပြောစရာမရှိ၊ နောင်တက်လာမည့် ဒီမိုကရေစီနည်းကျပြည်သူမှရွေးချယ် တင်မြောက်ထား သော တရားဝင်အစိုးရနှင့်သာ နိုင်ငံရေး၊ ပအိုဝ်းတိုင်းရင်းသားအရေးကိစ္စများကို စကားပြောမည်။


တောင်းဆိုချက် (၆) ရပ်

၁။ နအဖအနေဖြင့် တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မှုများ၊ တိုင်းရင်းသားဒေသများတွင် စစ်ရေးပြင်ဆင်ခြင်း၊ စစ်ဆင်ရေးထိုးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းလုပ်ရပ်များကို ရပ်တန့်ရန်

၂။ တိုင်းပြည်အား စစ်ဗိုလ်ချုပ်များအုပ်ချုပ်နေခြင်းကို အလိုမရှိ၊ စစ်ခေါင်းဆောင်များနှင့် စစ်တပ်များ စစ်တန်းလျားသို့ပြန်ရန်

၃။ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် နအဖစစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (Road Map) (၇) ချက်နှင့် အမိန့်အာဏာဖြင့် ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ (၁၀၄) ချက်ကို ပြန်လည်ရုပ်သိမ်းရန်

၎။ မသမာသောနည်းလမ်းများကို အသုံးပြုပြီး မေလတွင်ပြုလုပ်မည့် (၁/၂၀၀၈) ပါအတုအယောင် လူထုဆန္ဒခံယူပွဲနှင့် (၂/၂၀၀၈) ပါ (၂၀၁၀) ခုနှစ်တွင်ပြုလုပ်မည့်ရွေးကောက်ပွဲ ထုတ်ပြန် ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းရန်

၅။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွတ်ပေးရန်

၆။ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံနိုင်ငံရေး အင်အားစုများအားလုံး ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ကြားဖြတ်အစိုးရသို့ အာဏာလွဲအပ်ရန်

တိုက်တွန်းချက်

မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေထိုင်ကြသော ရဟန်းသံဃာများ၊ ပြည်သူများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားများ၊ အရပ်လက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းများ၊ အတိုက်အခံနိုင်ငံရေးပါတီများ၊ အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် တိုင်းပြည်၏အာဏာကို မတရားရယူထားပြီး တိုင်းပြည်ကို အဘက်ဘက်မှ အောက်ဆုံးထိမွဲပြာကျအောင် အုပ်ချုပ်နေသော နအဖစစ်အာဏာရှင်တစ်စုအား ဖြုတ်ချနိုင်ရေးအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ တောင်းဆိုချက် (၆) ရပ်နှင့် သဘောထားရပ်တည်ချက်ကို ၀ိုင်းဝန်းရပ်ခံကြပါရန် အလေးအနက်တိုက်တွန်းလိုက်သည်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်
ဗဟိုကော်မတီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)

ဆီဆိုင်ရှိ မြန်မာတပ်စခန်းများကို ပအိုဝ်းဝင်တိုက်၊ နှစ်ဦးသေ

ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၀၈ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ မြန်မာစစ်အစိုးရ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ပီအဲန်အယ်လ်အေ)က ယခုရက်ပိုင်းအတွင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ တပ် ကြပ်ကြီး တဦးအပါအ၀င် နှစ်ဦးသေဆုံးသည်။

ဆီဆိုင်မြို့ အခြေစိုက်သည့် မြန်မာစစ်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးနှင့် ခမရ (၄၂၃) တပ်စခန်း တို့ကို ယခုလ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ပီအဲန်အယ်လ်အေက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြော သည်။

“အဲဒီတိုက်ပွဲမှာကတော့ ကျနော်တို့ ဖက်မှာတော့ အကျအဆုံးမရှိပါဘူး။ နအဖ ဘက်မှာ ကတော့ စစ် ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ကျနော်တို့ လေ့လာစုံစမ်းသိရှိရတဲ့ သတင်းအရဆိုရင်တော့ တပ်ကြပ် ကြီးအဆင့်ရှိတဲ့ သန်းစိုး သေဆုံးပြီးတော့ ရဲတပ်ဖွဲ့က တစ်ယောက်ကျတယ်လို့ သိရတယ်။ အဲဒီ (၄၂ ၃) တပ်မှာတော့ ဘယ်လောက်ကျတယ်၊ ဒဏ်ရာရတဲ့ သတင်းကလည်း အတိအကျ မသိရသေးပါဘူး။ စုံစမ်းဆဲပဲ ဖြစ်ပါတယ်။”

ယခုတိုက်ပွဲသည် တိုင်းပြည်ကို မတရားအာ
ဏာရယူထားပြီး တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ် အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရကို တော်လှန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“နအဖအနေနဲ့ ရုတ်မက် Road Map (၇) ချက် အတိုင်းကို ဆက်ပြီးတော့မှ သွားမယ်ဆိုရင်တော့ ကျ နော်တို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အနေနဲ့က နအဖနဲ့ နိုင်ငံရေး စကားပြောစရာလည်း မရှိဘူး။ အဲတော့ နောက်တက်လာမယ့် ဒီမိုကရေစီနည်းကျပေါ့ ပြည်သူလူထုကနေပြီးတော့မှ ရွေး ချယ်တင် မြောက်ထားတဲ့ တရားဝင်အစိုးရနဲ့ပဲ ကျနော်တို့ ပအိုဝ်းအမျိုးသားရေးကိစ္စတွှေ နိုင်ငံရေး ကိစ္စတွေ စကားပြော မယ်ဆိုတဲ့ ကျနော်တို့ သဘောထားရပ်တည်ချက်ရှိပါတယ်” ဟု၎င်းက ဆက် ပြောသည်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ
့(ပီအဲန်အယ်လ်အို) က ယနေ့ ကြေညာချက် ထုတ်ပြန်ပြီး နအဖစစ်အစိုးရအား စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇)ချက်နှင့် အမိန့်အာဏာဖြင့်ကျင်းပခဲ့သော အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ(၁၀၄) ချက်ကို ပြန်လည်ရုပ်သိမ်းရန်၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများဖြင့် ကြားဖြတ် အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ကြားဖြတ်အစိုးရသို့ အာဏာ လွဲအပ်ရန် တောင်းဆို ထားသည်။

တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မှုများ၊ တိုင်းရင်းသားဒေသများတွင် စစ်ရေး ပြင်ဆင်ခြင်း၊ စစ်ဆင်ရေးထိုးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်များကို ရပ်တန့်ရန်နှင့် စစ်ခေါင်းဆောင်များ စစ် တန်းလျားသို့ပြန်ရန် တောင်းဆိုထားပြီး မလိုက်လျောပါက စစ်ဆင်တိုက်ခိုက်မှု အရှိန်မြင့်၍ ဆက်လက် လုပ် ဆောင်သွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။

ပီအဲန်အယ်လ်အို သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့မှ ခွဲထွက်ပြီး နောက်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် ပအိုဝ်းအမျိုးသားတော်လှန်ရေး၏ မျိုးဆက် ဖြစ်သည်ဟုကြေညာချက်တွင်ဖေါ်ပြထားသည်။

မြန်မာစစ်အစိုးရထံ တရားဝင် လက်နက်အပ်နှံသွားသည့် ဗိုလ်မှူးကြီး ခွန်ချစ်မောင် ဦးဆောင်သည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့ဝင်တဦးက ၁၇ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း ယင်းတိုက်ပွဲတွင် ကျဆုံးဒဏ်ရာရမှုများရှိကြောင်း အတည်ပြုပြောဆိုသည်။

နအဖစခန်းများကို ပအိုဝ်းလက်နက်ကိုင်တပ်များ တိုက်ခိုက်

ကိုကျော်ထင်/ ၁၉ ဖေဖော်ဝါရီ ၂၀၀၈
ခေတ်ပြိုင်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ တပ်ဖွဲ့ဝင်အချို့သည် ယခုလ (၁၇) ရက် ညနေပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အခြေစိုက် နအဖတပ်စခန်းများကို
ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဆီဆိုင်မြီု့နယ်ရှိ စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) နှင့် ခမရ (၄၂၃) တပ်များကို PNLO တပ်ဖွဲ
ဝင်များက တိုက်ခိုက်ခဲ့ကြောင်း PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

၎င်းက “တိုက်ပွဲအခြေအနေကတော့ နအဖဘက်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က တပ်ကြပ်ကြီးတယောက် ကျပြီးတော့မှ ရဲတပ်ဖွဲ့ကလည်း တယောက်ကျတယ်လို့သိရတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့အစိတ်အပိုင်းကတော့ ကျနော်တို့မသိရသေးပါဘူး” ဟု ပြောသည်။

ညနေ (၇) နာရီခွဲခန့်က စတင်ခဲ့သည့် နာရီဝက်ခန့် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် PNLO ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်တွင်းအခြေစိုက် ရလလဖနှင့် နီးစပ်သူတဦးကလည်း ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားသည်။

PNLO မှ တိုက်ပွဲသတင်းနှင့် ပတ်သက်သည့် ယနေ့ထုတ်ပြန်ကြေညာချက်တွင် လာမည့် မေလ တွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲနှင့် ၂၀၁၀ တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတို့ကို ရုပ်သိမ်းရန်၊ အတိုက်အခံများ၊ တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ကြားဖြတ်အစိုးရကို ဖွဲ့စည်းပေးရန်နှင့် ယင်းအစိုးရကို အာဏာလွဲပေးရန်အပါအ၀င် အချက် (၆) ချက်ပါ တောင်းဆို ချက်နှင့် အကယ်၍ မလိုက်နာပါက ဆက်လက်တိုးမြှင့်တိုက်ခိုက်သွားမည်ဟု ပါရှိသည်။

ငြိမ်းချမ်းရေးယူထားသည့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက် ခဲ့သော PNLO ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ထိုင်း-မြန်မာနယ်စပ်၌ အမည်ပြောင်း ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ ။

ပအိုဝ်း တစီးထီ(ဆေးတော်ပွားရေ)

ကိုအောင်မိုးမြင့်။ ။ သောတရှင်တို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျနော်တို့ အပတ်စဉ်တင်ဆက် နေတဲ့ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံမှာ ဒီတပတ်မှာတော့ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာ အစားအသောက်ထဲက တစီးထီခေါ် ဆေးတော်ပွားရေ အကြောင်းပဲဖြစ်ပါတယ်။ ပအိုဝ်းလူမျိုး တို့ရဲ့ ကျေးလက်တောရွာတွေမှာ လုပ်ငန်းခွင်ကအပြန် အပင်ပန်းပြေစေမယ့် တစီးထီ အကြောင်းကို ကျနော် အောင်မိုးမြင့်နဲ့ ကိုအောင်ကျော်နဲ့ မခိုင်ခိုင်တို့က တင်ဆက်သွားမှာပါ။

နိုင်ငံရေးနည်းဖြင့်ကြိုးပမ်းစဉ် တပ်အင်အားတိုးချဲ့ရန်လည်း လိုအပ်ဟု ရှမ်းပြည်တပ်မတော် ပြောကြား

ကျော်ထင် / ၁၆ ဇန်န၀ါရီ ၂၀၀၈

နအဖစစ်အစိုးရနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကြိုးပမ်း နေစဉ်အတွင်း တပ်အင်အားကိုလည်း ခိုင်မာအောင် တိုးချဲ့တည်ဆောက်သွားမည်ဟု လက်နက် ကိုင် တိုက်ပွဲဝင်နေဆဲဖြစ်သည့် ရှမ်းပြည်တပ်မတော်- တောင်ပိုင်း (SSA-S) က ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ပြီးစီးသွားသည့် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ
(RCSS) ၏ (၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် RCSS ၏ လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ် ဆိုင်းက ပြောကြားသည်။

၎င်းက “ငြိမ်းချမ်းရေးကိစ္စအတွက်၊ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေး နွေးဖို့အတွက် ကမ်းလှမ်းထားတာ နအဖဘက်က လက်မခံတော့ဘူးဆိုရင်တော့ ဒီစစ်ရေး နည်းလမ်းမှအပ ကျနော်တို့ ရွေးစရာလမ်းမရှိတော့ဘူး။ ဒီတော့ ကျနော်တို့မှာလည်း စစ်ရေး ကိစ္စကို ပစ်ပယ်လို့မရဘူး။ ကျနော်တို့အင်အားတိုးချဲ့ သွားဖို့တော့ လိုအပ်တယ်” ဟု ပြောသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရွတ်ဆစ်အပါအ၀င် ကိုယ်စားလှယ် (၁၉၈) ဦးတက်ရောက်သည့် အဆိုပါ နှစ်ပတ်လည်အစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးရေး၊ စစ်အင်အားတိုးချဲ့ရေး၊ ရှမ်းပြည်နယ် အတွင်းရှိ အခြားသောအဖွဲ့အစည်းများနှင့် သွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပါအ၀င် အချက် (၆) ချက်ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ အခြားသောအဖွဲ့အစည်းများနှင့် သွေးစည်းညီညွတ်မှုတည်ဆောက်ရေး ဆုံးဖြတ်ချက်ကို ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုလိုက်သည်။

PSLF အထွေထွေအတွင်းရေးမှူး မိုင်အိုက်ဖုန်းက “အခုလို အက်စ်အက်စ်အေက ရှမ်းပြည်မှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ အဖွဲ့အစည်းတွေအားလုံး တကယ့်စည်းလုံးညီညွတ်ရေးကို တည် ဆောက်ဖို့ဆိုတဲ့ လုပ်ငန်းအစီအစဉ်တခုဟာ အင်မတန်ကောင်းတဲ့လုပ်ငန်းဖြစ်ပါတယ်၊ ကျနော် တို့ဆီမှာလည်း ဒီလုပ်ငန်းတွေ အစီစဉ်ရှိပါတယ်” ဟု ပြောသည်။

၎င်းကဆ က်၍ “ရှမ်းအဖွဲ့က ပိုပြီးတော့ ဦးဆောင်လုပ်နိုင်တယ်ဆိုရင်တော့ ဒါ တကယ်ပိုကောင်း တယ်။ တကယ်ဒီလိုမျိုး လုပ်ငန်းပုံစံကိုချမှတ်ပြီးတော့ လက်တွေ့ အကောင်အထည်ဖော်ဖို့လည်း လိုတယ်လို့ ကျနော်ပြောချင်တယ်။ ဒါမှပဲ ကျနော်တို့ရှမ်းပြည်မှာ တကယ့်စည်းလုံးညီညွတ်တဲ့၊ တကယ့်တန်းတူရည်တူနဲ့ ရှမ်းပြည်အနာဂတ်ကို မျှော်မှန်းထားတဲ့အတိုင်း အမြန်ဆုံးရရှိနိုင်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက SSA-S နှင့် စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ခဲ့ကြ သော်လည်း ချိန်းဆိုထားသောနေရာသို့ စစ်အစိုးရကိုယ်စားလှယ်များ မလာရောက်ခဲ့၍ အထ မမြောက်ခဲ့ပေ။ ။

ပအိုဝ်းအဖွဲ့များ ပူးပေါင်းရန် သဘောတူ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇန္န၀ါရီလ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် နယ်စပ်တွင် အခြေစိုက်သော ပအိုဝ်းအဖွဲ့အစည်းများက အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေညာချက်တရပ်ကို ယနေ့ ထုတ်ပြန်သည်။

ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်သော အဖွဲ့များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ် အို)။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (ပီအဲန်ဒီအို)။ ပအိုဝ်းအမျိုးသမီးသမဂ္ဂ (ပီဒဗလျူအို)နှင့် ပအိုဝ်း လူငယ်ဒီမိုကရက်တစ်အဖွဲ့ (ပီဝိုင်ဒီဝို) တို့ ဖြစ်ကြသည်။

ယင်းအဖွဲ့များအနက် ပီအဲန်အယ်လ်အိုအဖွဲ့မှာ အပစ်ရပ်အဖွဲ့ဖြစ်သော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးအဖွဲ့ (ရလလဖ)မှ ခွဲထွက်ကာ ယခင်နှစ်က တောပြန်ခိုခဲ့သော လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ကျန်အဖွဲ့ များမှာ ပအိုဝ်းလူထုအခြေပြု အဖွဲ့များဖြစ်ကြသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်က “ကျွန်တော်တို့တတွေ တခု တည်းသော နိုင်ငံရေး ဦးတည်ချက်အောက်မှာ တစည်းတလုံးတည်း ဖြစ်ဖို့ သဘောတူခဲ့တယ်” ဟု ပြောသည်။

တခုတည်းသော နိုင်ငံရေး ဦးတည်ချက်အောက်တွင် ဆိုရာမှာ ပအိုဝ်းအမျိုးသားတို့၏ စစ်မှန်သော ကိုယ်ပိုင်ပြ ဌာန်းခွင့်ရရှိရေးအတွက် ပအိုဝ်းအမျိုးသားတို့အား ဖိနှိပ်သွေးစုပ်နေသော နအဖ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်း သွားသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဟု သဘောတူညီခဲ့ခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသမီး သမဂ္ဂ (ပီဒဘလျူယူ)မှ နန်းယဉ်သွယ်က “ပအိုဝ်းအခွင့်အရေးတွေ အားလုံးရရှိဖို့ ကျွန်မ တို့ အဖွဲ့တွေ အကုန်လုံး ပူးပေါင်းပြီးတော့မှ သေချာပြန်လုပ်ကြဖို့ပေါ့နော်။ ပေါင်းလုပ်သွားမယ်ပေါ့။” ဟု ပြောသည်။

ယခုလောလောဆယ်တွင် မယ်ဟောင်ဆောင် ဒေသအခြေစိုက် ပအိုဝ်းအဖွဲ့များ စတင်ဆွေးနွေးခြင်းဖြစ်ပြီး နောင် ဆွေးနွေးပွဲများတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော ပီပီ အယ်အို (ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး အဖွဲ့) အပါအ၀င် အခြား ပအိုဝ်းအမျိုးသား ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

မဲဟောင်ဆောင်ဒေသရှိ ပအိုဝ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ထုတ်ပြန်ကြေငြာချက်

စစ်အစိုးရက ရလလဖအား လက်နက်ချရန် ဖိအားပေးနေ

အောင်မိုးမြင့်။
ဇန္န၀ါရီလ ၁၂ ရက်၊ ၂၀၀၈ ခုနှစ်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်တွင် အခြေစိုက်သော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) အား ယခုလ ၂၁ ရက်နေ့တွင် လက်နက်ချရန် မြန်မာစစ်အစိုးရမှ ဖိအားပေးနေသည်ဟု သိရ သည်။


ဇန္န၀ါရီလ ၁ ရက်နေ့က မြန်မာစစ်အစိုးရ၏ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ (G1) တာဝန်ယူထားသည့် ဒုဗိုလ်မှူးကြီး မြ၀င်း က ဆီဆိုင်မြို့ကိုရောက်ရှိလာပြီး ရလလဖမှ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖိအားပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။


ယင်းသတင်းကို ရလလဖမှ ခွဲထွက်၍ စစ်အစိုးရအားလက်နက်ကိုင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှုး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလို အတည်ပြုပြောသည်။


ဒီလ တစ်ရက်နေ့မှာတုန်းက စရဖ (G1) ဒုဗိုလ်မှူးကြီး မြ၀င်းကနေပြီးတော့မှ ဆီဆိုင်မြို့ကို လာပြီး တော့မှ ရလလဖမှာ ရှိတဲ့ အဖွဲ့ခေါင်းဆောင်တွေနဲ့ လာတွေ့သွားတယ်လို့ သိရတယ်။ လာတွေ့တော့ ဒီ ၂၁ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့မှ လက်နက်အပ်ရမည်လို့ အဲ့လိုမျိုး လာပြီးတော့မှ Warning (သတိ)ပေးသွားတယ်။ အဲ့တော့ အကယ်လို့ လက်နက်အပ်မယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ ခင်ဗျားသီးခြားအပ်မလား၊ ဦးချစ်မောင်နဲ့ ခင်ဗျားပူးပေါင်းပြီးတော့မှ အပ်ရမလားဆိုပြီးတော့မှ အဲ့ဒီလိုမျိုး ကျနော်တို့ကြားရတယ်။


ဒုဗိုလ်မှူးကြီး မြ၀င်း လာရောက်ပြောဆိုချိန်တွင် ရလလဖ ခေါင်းဆောင်များဖြစ်ကြသည့် ဦးတာကလယ်၊ ဦးစော ဖာမူ၊ ဦးစိုးအောင်လွင် စသည့်ခေါင်းဆောင်များ ကျန်းမာရေးမကောင်းသဖြင့် သွားရောက်တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပဲ ရလလဖ၏ ကိုယ်စားလှယ် ဦးစိန်ရွှေ တဦးတည်း သွားရောက်တွေ့ဆုံခဲ့သည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့သည့် ရလလဖမှ ဗိုလ်မှူးရဲနိုင် ကိုလည်း မူးယစ်ဆေးဝါးအမှုနှင့် ထောင်ဒဏ် အနှစ်နှစ်ဆယ်ချမှတ်လိုက်ပြီး နောက်နောင် ရဲနိုင်လိုမျိုး ဖြစ်တာမတွေ့ချင်ဘူးဟု ပြောဆိုသွားခဲ့ သည်ဟု ဆိုသည်။


မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့က ပြီးခဲသည့်နှစ် နိုဝင်ဘာလတွင် ဆီဆိုင်မြို့နယ်အတွင်း ဘိန်းသုံးတန် ဖမ်းဆီးရမိ သည့် သတင်းကို ဖုံးကွယ်လို၍ အစားထိုးဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုသိရကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်မှ ပြောသည်။


ကျနော်တို့ သိရသလောက်က ရဲနိုင်တို့နဲ့ ပတ်သက်ပြီးတော့မှ မူးယစ်ဆေးဝါး ဖမ်းမိတယ်ဆိုတာက တော့ ကျနော်တို့ သိရသလောက်က မဟုတ်ဘူးလို့ ကျနော်တို့ သိရတယ်ပေါ့။ လက်ပူးလက်ကြပ် မိတာမဟုတ်ဘဲနဲ့ ဟို့အရင် ကျနော်တို့ ကြားသိရတဲ့ ဘန့်ရင်ဆက်တော်အရှေ့ဖက်မှာမိတဲ့ မူးယစ် ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ လှည့်ကွက်အနေနဲ့ လူစားထိုးပြီးတော့မှ ထောင်ချလိုက်တယ်။ အဲ့ လိုမျိုး ဖော်ပြလိုက်တယ်။ ဟိုးတစ်ခေါက်တုန်းက ဘယ်သူ့ဟာ ဖမ်းမိတယ်။ ဘယ်ဝါဟာဖမ်းမိတယ် ဆိုတာ နအဖကနေပြီးတော့မှ သတင်းထုတ်ပြန်ခြင်းမရှိဘူး။ အဲ့လိုမျိုးအတော်ကြာတဲ့အချိန်ကျမှ အဲ့ဒီ ရဲနိုင်တို့ အဖွဲ့ကိုဖမ်းပြီးတော့မှ အခုဒီလိုမျိုး တရားစွဲ ထောင်ချတယ်ဆိုတာကတော့ အရင်ပြစ်မှု ဟောင်းတွေကို ဖာထေးတယ်။ ပိုင်ရှင်မပေါ်တဲ့ အဲ့ဒီဟာကို ပြောမယ်ဆိုရင်တော့ အစားထိုးပြီးတော့မှ ထောင်ချတယ် လို့ ကျနော်တို့ ဒီလိုပဲ ကြားသိရတယ်ခင်ဗျ။


ရလလဖအဖွဲ့သည် ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။


လွန်ခဲ့သောနှစ်လယ်ပိုင်းက ရလလဖအဖွဲ့၏ ဒုဥက္ကဌ ခွန်ထိဆောင်နှင့် အတွင်းရေးမှုး ခွန်သူရိန်တို့ ခေါင်းဆောင် သောအဖွဲ့သည် တောပြန်ခို၍ မြန်မာစစ်အစိုးကို ပြန်လည်လက်နက်ကိုင်တော်လှန်ခဲ့ပြီးနောက် ဥက္ကဌဖြစ်သူ ခွန်ချစ်မောင်မှာ ဖိအားပေးခံရပြီး လက်နက်ချသွားခဲ့သည်။ လက်နက်မချဘဲ ကျန်ရှိနေသော ရလလဖ အဖွဲ့ဝင် များကို နောင်ထော်ဌာနချုပ်တွင် နာယကကြီးတာကလယ်က ဦးဆောင်၍ အပစ်ရပ် ရလလဖအဖွဲ့ အဖြစ်ဆက်လက် ရပ်တည်ခဲ့သည်။