နယ်စပ်အခြေစိုက် ပအိုဝ်းအဖွဲ့များ တူညီသော ဦးတည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မည်

ခွန်အောင်မြတ်
ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၀၈ ခုနှစ်

နိုင်ငံရေးဦးတည်ချက် တခုတည်းအောက်တွင် ပေါင်းစည်းလုပ်ဆောင်သွားရန်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ပအိုဝ်းအဖွဲအစည်းများ ပူးပေါင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ(ပီအဲန်အယ်လ်အို) ဗဟိုကော်မတီ အဖွဲဝင်များကို ယမန်နေတွင် တိုးချဲဖွဲစည်းလိုက်သည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ နိုင်ငံရေး ဦးတည်ချက် ငါးရပ်ကို ပိုမို ကျယ်ပြန်စွာ လုပ်ဆောင်နိုင်ရေး အတွက် ပအိုဝ်းအဖွဲလေးဖွဲကို တစုတစည်းထဲ ပူးပေါင်း ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

ပြည်ပမှာ ရှိနေတဲ့ ပအိုဝ်းလူထုတွေရဲ သဘောထားတွေရော ကျနော်တို ရယူတယ် ပြည်တွင်း မှာ ရှိတဲ့ ကျနော်တို ပြည်သူရဲသဘောထားကတော့ ကျနော်တိုသိရှိထားတဲ့အတိုင်းပဲ ကျနော်တို ပအိုဝ်း အဖွဲ အစည်းတွေ ဒီလို အစိတ်စိတ်အမာမာ ဖြစ်နေတဲ့ ဟာတွေ သူက တနည်းလုပ် ကိုယ်က တနည်း လုပ် ဖြစ်နေတဲ့ဟာတွေကို ကျနော်တို ပြည်တွင်းက ပအိုဝ်းအဖွဲအစည်းတွေကလည်း ဒါတွေကို အလို မရှိပါဘူး ကျနော်တို ပအိုဝ်းအဖွဲအစည်းတွေ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ ရည်မှန်းချက် တခုထဲ အတူသွားနေတာကို ကျနော်တို ပအိုဝ်းအမျိုးသားထု တရပ်လုံးကလည်း ဒါကို လိုလား ပါတယ်။”

ပီအဲန်အယ်လ်အို ဗဟိုကော်မတီဝင် (၁၃)ဦးအတွင်းတွင် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ (ပီအဲန် ဒီအို) ဥကဌဖြစ်သူ ခွန်စိန်ထွန်းသည် တွဲဖက်အတွင်းရေးမှူး (၂) ပအိုဝ်းလူငယ်ဒီမိုကရက်တစ်အဖွဲ (ပီဝိုင် ဒီအို) ဥကဌဖြစ်သူ ခွန်ရက်ခမ်းက ဗဟိုကော်မတီဝင်အဖြစ်နှင့် ပအိုဝ်းအမျိုးသမီးသမဂ (ပီဒဗလျူယူ) အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ နန်းယဉ်သွယ်က ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူကသည်

ပအိုဝ်းအဖွဲအစည်းများ တစုတစည်းတည်း ပေါင်းစည်းလိုက်သည့်အတွက် စစ်အာာရှင် စနစ်ကို ဆန်ကျင်မအတွက် ပိုမို စည်းလုံးညီညွှတ်မရှိမည်ဟု ဗိုလ်မှူးကီး ခွန်သူရိန်က ပြောသည်

ကျနော်တို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲရဲ အဖွဲအစည်းကို တိုးချဲဖွဲစည်း လိုက်တဲ့ ကိစ မှာတော့ ဒီကနေ အခြေအနေအရမှာဆိုရင် ကျနော်တို နိုင်ငံမှာ နအဖ စစ်အုပ်စုရဲ ဖိနှိပ်မဟာ ပြင်း ထန်သထက် ပြင်းထန် လာတယ် ရက်စက်သထက် ရက်စက်လာတယ်ဆိုတဲ့ အချိန်ကျတော့ ကျနော် တို သူတပေါက် ကိုယ်တပေါက်နဲ တိုက်လို မရပါဘူး ကျနော်တို စည်းလုံးညီညွှတ်စွာနဲ တိုက်ယူမှ ပဲ ကျနော်တို ရမှာဖြစ်တယ် အဲတော့ ဒီကနေ ကျနော်တို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲကို မြှင့်တင်တိုးချဲဖွဲစည်းလိုက်တဲ့အခါကျတော့ ကျနော်တို ပအိုဝ်းတွေဟာ တစည်းတလုံးထဲ ဖြစ်သွားပီ ဆိုတဲ့အချိန်ကျတော့ တိုက်ပွဲဝင်တဲ့နေရာမှာလည်းပဲ စည်းစည်း လုံးလုံးနဲဖြစ်မယ်၊ ကျနော်တို မြန်မာပြည် ဒီမိုကရေစီစနစ် ထွန်းကားဖို ပအိုဝ်းအမျိုးသားတွေ အနေနဲ တဖက်တလမ်းကနေပီး တော့ ၀င်ပီးတော့မှ တိုက်ပွဲဝင်ပေးတဲ့နေရာမှာလည်းပဲ ပိုမိုထိထိရောက်ရောက် ရှိလိမ့် မယ်။”

ယခု တိုးချဲဖွဲစည်းသည့်အပေါ် ပအိုဝ်းပြည်သူလွတ်မြောက်ရေးအဖွဲ(ပီပီအယ်လ်အို)နှင့် ပအိုဝ်းလူငယ် အစည်း ရုံး (ပီဝိုင်အို) တို ပူးပေါင်းပါဝင်မ မရှိသေးသော်လည်း ထောက်ခံကိုဆိုကောင်း ပြောဆိုကသည်

ပီပီအယ်လ်အို ဥက ဗိုလ်မှူးကီး ခွန်ဥကာက ကျနော်တိုကတော့ ကိုဆိုတယ် ဘာကောင့်လဲ ဆို တော့ လူငယ်တွေ၊ အမျိုးသမီးတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့ အဖွဲအစည်းတွေက နိုင်ငံရေးလုပ် ငန်းမှာ ပိုပီးတော့ ပါဝင်လာ ဖိုလိုတယ်။ ပိုပီးတော့ စိတ်ဝင်စား ပိုပီးတော့ လုပ်လာဖိုလိုတယ် အဲဒါ အခု နိုင်ငံရေးလုပ်ငန်း လုပ်ဖိုအတွက် ပူးပေါင်းကတယ်ဆိုရင်တော့ ကျနော်တိုဒါ ကိုဆိုရမှာဖြစ် တယ် မူအားဖြင့်ပေါ့လေ။” ဟု ပြောသည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲသည် ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက် ရေးအဖွဲမှ ခွဲထွက်တောခိုပီး မြန်မာစစ်အစိုးရကို လက်နက် ကိုင်တော်လှန်နေသော အဖွဲအစည်းဖြစ်သည်

No comments: