ကျေးရွာသားတွေကို မြေဂရမ်လုပ်ထားရန် အာဏာပိုင်တိုက်တွန်း

တောင်ကြီးတိုင်းမ်။
၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ကျေးရွာတချို့တွေမှာ ခြံမြေဂရံတွေ လုပ်ဖို့ မဟုတ်တဲ့သူတွေကို မြေသိမ်းခံရနိုင်တယ်လို့ ဒေသခံ အာဏာပိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ လ ၂၉ ရက်နေ့တုန်းက ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ဝေခဲ့တဲ့ အနာဂါတ်ကို လုယူဖျက်ဆီးခြင်း ဆိုတဲ့ အစီခံစာထုတ်ပြီး နောက်တရက်မှာ အခုလို တိုက်တွန်း ပြောဆိုခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးမြို့နယ် ပင်းပက်သံသတ္ထုရိုင်း ထုတ်လုပ်စက်ရုံ ဆောက်လုပ်ဖို့အတွက် ဒေသခံ အာဏာပိုင်တွေက အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ မြေယာဧက တသောင်းကျော်ကို သိမ်းဆည်းခဲ့ပါတယ်။

အဲဒီလို သိမ်းဆည်းတာဟာ ပုံစံ ၁၀၅ လို့ခေါ်တဲ့ မြေဂရမ် မရှိတဲ့အတွက်ကြောင့်လို့ ပြောပါတယ်။ တကယ်လို့ ကိုယ့်လက်ထဲမှာ မြေဂရမ် အထောက်အထားရှိခဲ့ရင် ဘယ်အဖွဲ့ အစည်း ဘယ်အစိုးရမှ သိမ်းဆည်းပိုင်ခွင့် မရှိဘူးလို့ ဒေသခံတွေကို ရှင်းပြသွားပါတယ်။

မြေဂရမ်လုပ်ဖို့အတွက် ကုန်ကျငွေများတဲ့အတွက် ရွာသားတချို့တွေက မလုပ်ချင်ကြပါဘူး။

ပင်းပက် သံသတ္တုရိုင်း စီမံကိန်းကြောင့် ရွာ ၃ ရွာက လူထု ၅၅ ဦးဟာ သူတို့အိုးအိမ်တွေကို အတင်းအကြပ်ပြောင်းပစ်ခိုင်းတာခဲ့ပြီဖြစ်ပြီး ဒေသအာဏာပိုင်များက စိုက်ပျိုးမြေ ၁၁၀၀၀ ဧက ကိုလည်း သိမ်းပိုက်ခဲ့တာကို ကျေးရွာလုထုတွေက ဒေသခံအာဏာပိုင်ဆီ လျော်ကြေးပေးဖို့ တင်ပြခဲ့တာကို လှစ်လျူရှုထားတယ်လို့ အနာဂါကို လုယူဖျက်ဆီးခြင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

No comments: