ပင်လောင်းတွင် အိုအေစစ်လူငယ်မှ ဦးစီး၍ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်


ခွန်သန်းအောင် (TGI) | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ တီကျစ်စံပြကျေးရွာ၊ တီကျစ်ကျောင်းတိုက်တွင် ဗုဒ္ဓ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဆရာတော်ဦးဝိလာသနှင့် တီကျစ်အိုအေစစ်လူငယ် လူမှုကူညီရေးအသင်းတို့ ဦးဆောင်ပြီး လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်တွင် တစ်နှစ်ပြည့်ကြာပြီဖြကြောင်း အိုအေစစ်လူငယ်တစ်ဦးက ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားသည်။

ယဉ်ကျေးလိမ္မာသင်တန်းသည် ဗုဒ္ဓ္ဓဘာသာကလေးငယ်များနှင့် လူငယ်များကို အသိအလိမ္မာ သိရှိစေရေးအတွက် တစ်ပတ်လျှင် တနင်္ဂနွေနေ့ တစ်ရက်ဖြင့် အပတ်စဉ် လတိုင်းကျင်းပ ပြုလုပ်သွားသည်။

သင်တန်းတွင် လူငယ်များအား ဘုရားရှိခိုးခြင်း၊ ငါးပါးသီလ ခံယူခြင်းစသည်တို့ကို သင်ကြားပေးခြင်း၊ တရားထိုင် တရားရှုခြင်း နည်းနာများကို ကျင့်ကြံခြင်း၊ ဗုဒ္ဓ္ဓဘာသာဝင် သမိုင်းကျင့်စဉ်နှင့် ဗုဒ္ဓ္ဓအဆုံးအမများကို ဟောကြားပို့ချခြင်း စသည်တို့ ဖြစ်သည်။ တက်ရောက်လာသော ဗုဒ္ဓ္ဓဘာသာဝင်လူငယ်များဦးရေ ၄၀၀ နှင့် ၅၀၀ ကြားရှိကြောင်း သိရသည်။

လူငယ်များသည် ကျောင်းပိတ်ရက်များတွင် ဂိမ်းဆိုင်သွား၍ ဂိမ်းကစားခြင်း၊ ငါးမျှားသွားခြင်းဖြင့် အချိန်ကုန်မည့်အတူတူ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ခြင်းဖြင့် ကလေးများကို ဘုရား၊ တရား၊ သံဃာ အကြောင်းနှင့် နီးစပ်မှုရရှိစေခြင်းနှင့် အဆုံးအမများ ဖြစ်စေရန် ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓ္ဓဘာသာ၏တရား အနှစ်သာရများကိုလည်း ထဲထဲဝင်ဝင်သိရှိပြီး ဗုဒ္ဓ္ဓဘာသာ၏ ဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းတတ်သော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သွားခြင်းဖြစ်သည်ဟု တီကျစ်မှ သင်တန်းဖြစ်မြောက်ရေး ဦးစီးသော အိုအေစစ်လူမှုကူညီးရေးအသင်းဥက္ကဌ ကိုဝီလျံက ပြောသည်။



No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။