ကျောက်တလုံးကြီးမြို့တွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ခွန်ခမ်းမြတ် | သြဂုတ်လ ၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖေါ်ရေးလုပ်ငန်း ကော်မတီ (နတလ) ၏ ကတ္တရာအလုံးရေ (၁၀၀) ကူညီပံ့ပိုးမှု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေ ကျပ်သိန်းပေါင်း (၂၅၆.၃၆) ဖြင့် ကျောက်တလုံးကြီးမြို့တွင်း လမ်းကတ္တရာခင်းခြင်း လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါ ကတ္တရာလမ်းသည် လမ်းအကျယ် ၁၂ ပေရှိသော အပိုင်း ၃၉၆၃ ပေ၊ လမ်းအကျယ် ၁၈ ပေရှိသော အပိုင်း (၇၇၆) ပေနှင့် လမ်းအကျယ် ၂၄ ပေရှိသော အပိုင်း ၅၇၀ ပေ၊ စုစုပေါင်း ၅၅၀၉ ပေဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။