RCSS/SSA-S ဆီဆိုင်မြို့နယ်ရှိ ပြည်သူလူထုထံ မတရားဆက်ကြေးတောင်း

October 27, 2012 | တောင်ကြီးတိုင်းမ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA-S သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖြစ်ပြီးဖြစ်သဖြင့်၊ လက်ရှိနယ်မြေတွင်း လုပ်ရှားနေသော RCSS/SSA-S 365 တပ်ရင်းသည် ၁၇/၁၀/၂၀၁၂ ရက်နေ့တွင် စာအမှတ် ၀၀၇-၂၀၁၂ ဖြင့် ဆီဆိုင်မြို့နယ်ရှိ ပြည်သူလူထုထံ မတရားဆက်ကြေးတောင်း ကောက်ခံလျှက်ရှိပါသည်။

RCSS/SSA-S Written Order to the villagers, in Shan Language

ဆက်ကြေးတောင်းကောက်ခံအမျိုးအစား

၁။ ဟိုင်းလက်ကား တစ်စီး ၁၀၀၀၀၀ိ ကျပ်
၂။ ဒိုင်နာကား တစ်စီး ၁၅၀၀၀၀ိ ကျပ်
၃။ ဖိုးဝီးကား တစ်စီး ၁၅၀၀၀၀ိ ကျပ်

မှတ်ချက်။ ။ ၎င်းဆက်ကြေးကို ၂၈/၁၀/၂၀၁၂ ရက်နေ့ နေ့လည် ၁၂းဝဝ နာရီအချိန်တွင် လုံချိန်ရွာ ဟိုနမ့်အုပ်စုသို့လာရောက်ပေးသွင်းရမည်ဖြစ်သည်။

4 comments:

  1. ဒါကြောင်းလူထုမချမ်းသာနိုင်တာ...လူထုကိုပဲ တောင်စားနေတာကိုနော်

    ReplyDelete
  2. ပြောတော့ဒီမိုကရေစီကိုသွားမယ့်လမ်းတဲ့ အတောင်းခံနေရ
    တဲ့သတင်းကိုကြားရစမြဲဘဲနော် ဒါတွေလူမဆန်တဲ့လုပ်ရပ်
    မျိုးတွေ လုပ်ပုံက မင်းမဲ့စရိုက်လို့ ဖြစ်နေပြီ အားလုံးဝိုင်းဝန်း
    ပြီးတိုက်ဖျတ်ကြပါ ပအိုဝ်းအပေါင်းတို့  စည်းလုံးခြင်းသည်
    အင်အားတဲ့

    ReplyDelete
  3. ပြီးခဲ့တဲ့ သုံးလေးလလောက်က RCSS သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သေးတယ်။ ကလေးစစ်သားတို့ ဘာခွန်ညာခွန်တို့လည်းမကောက်တော့ဘူးလို့ သူတို့ကြေညာခဲ့တယ်။ အဲလို ကြေညာထားပြီး လိုက်မလုပ်တာကတော့ မကောင်းပါဘူးဗျာ။

    ReplyDelete
  4. ပြီးခဲ့တဲ့ သုံးလေးလလောက်က RCSS သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သေးတယ်။ ကလေးစစ်သားတို့ ဘာခွန်ညာခွန်တို့လည်းမကောက်တော့ဘူးလို့ သူတို့ကြေညာခဲ့တယ်။ အဲလို ကြေညာထားပြီး လိုက်မလုပ်တာကတော့ မကောင်းပါဘူးဗျာ။

    ReplyDelete

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။