သို့ /
အယ်ဒီတာ မှတဆင့် ပြည်သူအားလုံးနှင့်တကွ တာဝန်ရှိသူများ သိရှိစေလိုပါသည်
၁။ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် အနှိပ်ခန်းတစ်ခု ပြောင်ဖွင့်လှစ်ထားရှိပြီး၊ အနှိပ်ခန်းပိုင်ရှင်ကတော့ အမ်တီအေအဖွဲ့ ခေါင်းဆောင်ရဲ့ဆိုင်လို့ သိရပြီး အဲဒီဆိုင်ကို SB ၊ စရဖနဲ့ ရဲတွေက စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။ အနှိပ်ခန်းအပြင် ပြည့်တန်ဆာအခန်းလို့လည်း သတ်မှတ်လို့ရပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနှိပ်ခန်းဆိုတာဟာ အခန်းထဲမှာ ဆိုပေမယ့် တံခါးပိတ်လို့ မရပါဘူး၊ အဲဒီဆိုင်မှာတော့ အနှိပ်ခန်းသာပြောတယ်၊ အနှိပ်ခံတဲ့သူနဲ့ နှိပ်ပေးတဲ့ အမျိုးသမီး နှစ်ဦးထဲ အခန်းထဲ တံခါးပိတ်ထားတာဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ၊ ပြီးရင် မြို့လယ်ကောင်မှာပါ။
ရှမ်းပြည်နယ်ရဲ့မြို့တော်ဟာ တောင်ကြီးဖြစ်ပါတယ်၊ တောင်ကြီးမြို့လယ်မှာ ဖွင့်တာတော့ မသင့်တော်ဘူးလို့ ထင်မြင်မိပါတယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကလည်း SB တွေ၊ စရဖတွေ၊ ရဲတွေနဲ့ ပတ်သက်နေတော့ တားမြစ်ခြင်း မပြုကြပါဘူး၊ နောက်အဖွဲ့အစည်းက လုပ်တာဆိုတော့ ပိုပြီးတော့ ကြောက်ရတာပေါ့။
၂။ ဒီစာကိုဖတ်ပြီး အဲဒီအနှိပ်ခန်းကို သွားကြည့်ကြပါ၊ မှန်တယ်ဆိုရင် အရေးယူပေးကြပါ၊ တားမြစ်ပေးကြပါလို့ တောင်းဆိုလိုက်ရပါတယ် …
(တောင်ကြီးမြို့တော်ကို သန့်ရှင်းစေချင်သူ)
No comments:
Post a Comment
ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။