ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အတိအကျသိရှိရန်လိုအပ်ခြင်းကြောင်း ၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပါသည်။ စာရင်းကောက်ယူရာတွင်code ဖြင့်ကောက်ယူသည်။
ပြည်ထောင်စုတိုင်းရင်းသား ၁၃၅ မျိုးအနက် ပအိုဝ်းတိုင်းရင်းသားလူမျိုး (ပအိုဝ်းအမျိုးသား) ကို code - ၈၂၆ ရှမ်းစု) တွင် ထည့်သွင်းကောက်ယူခြင်းအား လုံးဝကန့်ကွက်ကြောင့်နှင့် သီးခြား code ဖြင့်သာ စာရင်းကောက်ယူပေးပါရန် ၁၃၇၅ ခုနှစ် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့၌ ကန့်ကွက်တောင်းဆိုခဲ့သည်။
ယင်းကန့်ကက်တောင်းဆိုခြင်းအား သန်းခေါင်စာရင်းကောက်ယူရာတွင် ဆောင်ရွက်ပေးကြောင့် တွေ့မြင်ရခြင်း မရှိပါ။ ကောက်ယူထားသော သန်းခေါင်စာရင်းကိုလည်း တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသေးပါ။ တရားဝင်ထုတ်ပြန်ပေးရဦးမည်ဖြစ်သည်။
သို့ပါ၍ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့ ထုတ်ပြန်သည့်အခါတွင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုး (ပအိုဝ်းအမျိုးသား) အား မည်သည့်တိုင်းရင်းသားလူမျိုး၏ မျိုးနွယ်စု (အစု) တွင်မျှ ထည့်သွင်းခြင်းမပြုဘဲ သီးခြားလွတ်လပ်သော တန်းတူရည်တူသောရှိသော ပအိုဝ်းတိုင်းရင်းသားလူမျိုး (ပအိုဝ်းအမျိုးသား) ဖြင့် သီးခြား တရားဝင် စာရင်းထုတ်ပြန်ပေးရန်၌ ၁၃၇၆ ခုနှစ်တပေါင်လပြည့် ပအိုဝ်းအမျိုးသားနေ့၌ သက်ဆိုင်ရာသို့တင် တောင်းဆိုလိုက်သည်။
၁၃၇၆ ခုနှစ် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့
၂၀၁၅ ခုနှစ် မတ်လ ၄ ရက် ဗုဒ္စယူးနေ့။
ဦးခွန်စိန်ဝင်း
တရားလွတ်တော်ချုပ်ရှေ့နေ
ReplyDeleteThanks for sharing your info. I truly appreciate your efforts and I am waiting for your further write ups thanks once again. paypal credit login