မိုးသည်းထန် ရွာသွန်းရာ မြေပြို၍ တဲနှင့်လူသုံးယောက် မျောပါ

နန်းခမ်းဟွမ် | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးသောကြောင့် ဟိုပုံးမြို့နယ် ဖက်ယန်းကြီးရွာ တောတွင်းတစ်နေရာတွင် မြေပြို၍ တောင်ကျရေနှင့်အတူ တဲနှင့်လူသုံးယောက် မျောပါသွားသည်ဟု အသက် (၃၅) နှစ် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

မြေပြို၍ တဲတစ်လုံးဆုံးရှုံးပြီး လူသုံးယောက်လုံး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦး ကပြောသည်။

မြေပြို၍တောင်ကျရေနှင့်မျောပါသွားသော လူသုံးယောက်သည် အချိန်မီ ကယ်ဆယ်နိုင်သောကြောင့် အသက်ဆက်ရှင်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ မြေပြိုသောနေရာတွင် မိုးသည်းထန်မရွာခင် ကတည်းက အက်ကွဲကြောင်းရှိပြီးသား ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းသောအခါတွင် အက်ကြောင်းလိုက် ပြိုသွားကြောင်း သိရသည်

ထို့ပြင် ရေနှင့်အတူ မျှောပါသွားသော ပစ္စည်းမှာ အိမ်သုံးပစ္စည်းများနှင့် ငွေကျပ် ဆယ်သိန်း ပါသွားကြောင်းလည်း သိရသည်။

No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။