တောင်ကြီးမြို့ပေါ်တွင် လောင်ကစားမှုများ အကြီးအကျယ်ပြုလုပ်လျှက်ရှိ

By မင်းကုသ | ဖေဖေါ်ဝါရီလ ၁၁ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ပေါ်ရှိ ကမ္ဘောဇပန်းခြံ၊ မြို့မဈေးကြီး အပေါ်ထပ်၊ မြကန်သာပန်းခြံနှင့် မြသုခရုံ အပေါ်ထပ်တို့တွင် ကလေးကစားကွင်းအမည်ခံကာ လောင်းကစားမှုများ အကြီးအကျယ်ပြုလုပ်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် (၂၂) ရပ်ကွက်ရှိသည့်အနက် ကျောင်းကြီးစုရပ်ကွက်၊ မြို့မရပ်ကွက်၊ ကံသာရပ်ကွက်၊ ဟော်ကုန်းရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ မင်္ဂလာဦး၊ ညောင်ဖြူစခန်းရပ်ကွက်၊ ရတနာသီရီရပ်ကွက်နှင့် နေရာအတော်များများတွင်လည်း “ပန်းသီးဂိမ်း၊ ငါးပစ်ဂိမ်း၊ ကာစီနို” စသည်ဖြင့် လောင်းကစားဂိမ်းဆိုင်အငယ်များမှ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်၊ အပိုင်နယ်ထိန်းများနှင့် ညှိနှိုင်းပြီး အခကြေးငွေပေးဆောင်ကာ ဖွင့်လျှက်ရှိကြောင်း သိရသည်။

ကမ္ဘောဇပန်းခြံ၊ မြကန်သာပန်းခြံ၊ မြို့မဈေးကြီးအပေါ်ထပ်နှင့် မြသုခရုံအပေါ်ထပ်ရှိ ဂိမ်းဆိုင်ကြီးများတွင် လောင်းကစားမှုအား အကြွေစေ့ဖြင့် လောင်းကစားမှုပြုပြီး ဂိမ်းဆိုင်ငယ်များတို့တွင် လောင်းကြေးငွေဖြင့် လောင်ကစားမှု ပြုလျှက်ရှိကြောင်း၊ အဆိုပါ ဂိမ်းဆိုင်ငယ်များသည် ၂၀၁၂ ခုနှစ်တွင် ပိုမိုများပြားလာပြီး တရားဝင် လုပ်ကိုင်လာနေကြသည်ကို တွေ့ရှိနေရပါသည်။

ဂိမ်းဆိုင်များတွင် ကလေးများမှအစ လူကြီးမိန်းမများပါမကျန် သွားရောက် ဆော့ကစားလျှက်ရှိကြောင်း၊ အဆိုပါဂိမ်းဆိုင်များကြောင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ၊ နေအိမ်နှင့်ဆိုင်များတို့တွင် ခိုးယူခံရမှုများ တနေ့ထက်တစ်နေ့ များပြားလာပြီး မြို့လုံးခြုံရေးအား ထိခိုက်လာခဲ့ကြောင်း၊ နေအိမ်တွင် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်လာကြပြီဖြစ်ကြောင်း ရပ်မိရပ်ဖ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်တွင် ဇန်န၀ါရီလ (၂၅) ရက်နေ့က ချဲထီလောင်းကစားဒိုင် ပြုလုပ်သူ အမျိုးသားတစ်ဦးအားလည်းကောင်း၊ ကျောင်ကြီးစုရပ်ကွက်တွင် ခိုးကူးခွေရောင်းချသူ အမျိုးသမီးတစ်ဦးအား လည်းကောင်း၊ ဈေးပိုင်းရပ်ကွက်တွင် ပျံကျခိုးကူးခွေ ရောင်းချသူ အမျိုးသားတစ်ဦးအားလည်းကောင်း တောင်ကြီးမြို့၊ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ နယ်ထန်းခေါင်းဆောင်အသစ်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ၀င်ရောက်ဖမ်းဆီးခဲ့သည်ကို ၎င်းတို့ဆွေမျိုးသားခြင်းများထံမှ သိရှိရပြီး ယ္ခုဂိမ်းဆိုင်များ ဖွင့်လှစ်လျက် တရားဝင် လောင်းကစား ပြုလုပ်နေသည်ကို ဖမ်းဆီးခြင်း မရှိကြောင်း သိရှိရသည့်အတွက် ၎င်းဖမ်းဆီးသူများသည် ၎င်းတို့အား လာဘ်ငွေ ပေးဆောင်ခြင်းမရှိသဖြင့် ဖမ်းဆီးခြင်းလားဟု မှတ်ထင်မိကြောင်း အဖမ်းခံရသူတစ်ဦး၏ ဆွေမျိုးသားခြင်းတစ်ဦးက ပြောခဲ့သည်။

10 comments:

  1. လက်ခံတယ်၊ခရိုနီတွေကို အမြစ်ကမကျန်မောင်းထုတ်ပြစ်
    တာဝန်ရှိသူတွေ လာဘ်မစားဖို့ အရေးကြီးတယ်

    ReplyDelete
  2. စည်ပင်သာယာပြည်နယ်ညွှန်မှုး ဗိုလ်ကြီးဟောင်းဦးစိုင်းထွန်း

    ထွန်း မကြီးကြပ်နိုင်ဘူးလား?

    အဖွဲ့ ဝင်ငွေ ဘယ်လောက်များ ရနေလို့ ခွင့်ပြုထားတာလဲ?

    အရင်လူတွေ လုပ်ခဲ့ တာလို့ တာဝန်မဲ့ စကားတွေ့ မပြောပါ

    နဲ့။

    ဥပဒေနဲ့ မညီမှန်းသိလျှက်နဲ့ ခွင့်ပြု ထားရင်တော့ တာဝန်ရှိ

    လာပါမယ်။

    ReplyDelete
  3. ဈေး ပန်ခြံ တို့သည် အများပြည်သူအသုံးပြုသည့်နေရာဖြစ်

    သည် သို့သော်ကြီးကြပ်ရသည့် ပြည်နယ်စည်ပင်က

    ဗိုလ်ကြီးလေး ဦးစိုင်းထွန်းထွန်းက ဥပဒေနဲ့ အညီသာခွင့်

    ပြုသင့်ပါတယ်။

    အစဉ်အလာရှိတဲ့ ပန်းခြံက ပန်းတွေပဲ ရှိသင့်တယ်

    စိန်ပန်းသုသာန်တွေလဲကုန်တော့ မယ်


    ကြည့်ပေးကြပါဦး


    ReplyDelete
  4. ဥပဒေနဲ့မညီရင်အရေးယူပါ

    ခွင့်ပြုတာ စည်ပင်လား ရဲ လား

    စိန်ပန်းသုသာန်မြေလဲ ဝေခြမ်းရေး လုပ်လို့ ကုန်ပြီ

    ပြည်နယ်အစိုးရမှ အဖွဲ့စုံဖြင့်ပြန်စစ် သင့်ပါတယ်

    ReplyDelete
  5. အဲဗလာက်ပြောနေတာတောင်မှ မြို့မဈေးအပေါ်ထပ်ကမပိတ်သေးဘူး ဘယ်လောက်များ ပေးထားလည်းမသိဘူး ဘာဆိုဘာမှမကြောက်တဲ့ပုံစံနဲ့လုပ်နေကြတာ အဲတာတောင်အနှိတ်ခန်းတွေမပါသေးလို့ အဲတာတွေပါပြောလိုက်ရင်တော့..................

    ReplyDelete
  6. အဲဗလာက်ပြောနေတာတောင်မှ မြို့မဈေးအပေါ်ထပ်ကမပိတ်သေးဘူး ဘယ်လောက်များ ပေးထားလည်းမသိဘူး ဘာဆိုဘာမှမကြောက်တဲ့ပုံစံနဲ့လုပ်နေကြတာ အဲတာတောင်အနှိတ်ခန်းတွေမပါသေးလို့ အဲတာတွေပါပြောလိုက်ရင်တော့..................

    ReplyDelete
  7. BSI SB မတွေ့ကြ ဘူးလား ခွဲတမ်းရနေလား?

    အဘဦးမောင်အေး ကျွန်တော်တို့ တောင်ကြီးပျက်သွားလိမ့်မယ်

    စည်ပင် နဲ့ ရဲ ဖြုတ်ပစ်ပါ။

    လစဉ် ခွဲတမ်းယူနေတယ်

    ReplyDelete
  8. စစစ SB စရဖ သတင်းမတက်ဘူးလား?

    တောင်ကြီးသားတွေ ကလောင်တုံးနေပြီလား

    မြို့ ပျက်လိမ့်မယ်။

    ဦမောင်အေးအာဏာမရှိတော့ လို့ သူစောင့်ရှောက်တဲ့ မြို့ ကိုစနစ်တကျ

    ဖျက်နေတာလား။

    စည်ပင် ကညွှန်မှုး မြို့ နယ်တွေ့ ငွေထုတ်တိုင်း စာအိပ်နဲ့


    ထုတ်တဲ့ငွေရဲ့ 20% ပေးရတယ်

    မပေးတဲ့ လူ ကိုနယ်ပြောင်းနေတယ်

    သေချာစစ်ကြပါ

    ReplyDelete
  9. စစစ SB စရဖ သတင်းမတက်ဘူးလား?

    တောင်ကြီးသားတွေ ကလောင်တုံးနေပြီလား

    မြို့ ပျက်လိမ့်မယ်။

    ဦမောင်အေးအာဏာမရှိတော့ လို့ သူစောင့်ရှောက်တဲ့ မြို့ ကိုစနစ်တကျ

    ဖျက်နေတာလား။

    စည်ပင် ကညွှန်မှုး မြို့ နယ်တွေ့ ငွေထုတ်တိုင်း စာအိပ်နဲ့


    ထုတ်တဲ့ငွေရဲ့ 20% ပေးရတယ်

    မပေးတဲ့ လူ ကိုနယ်ပြောင်းနေတယ်

    သေချာစစ်ကြပါ

    ReplyDelete
  10. ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှုးကြီးစပ်အောင်မြတ် DSA ကျောင်းဆင်းချင်း

    အတူတူဆိုပြီး မမြင်ချင်ယောင်မဆောင်ပါနဲ့ သစ္စာမရှိတဲ့ သူကိုရှင်းထုတ်

    ပစ်ပါ။

    ReplyDelete

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။