September 13, 2012 | တောင်ကြီးတိုင်းမ်
ချင်းမိုင် (တောင်ကြီးတိုင်းမ်) ။ ။ စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မောက်မယ်မြို့နယ် ကန်တူးကြီးဒေသရှိ နားဟီးရွာမှ နမ်းပတက်ရွာသို့ စားနပ်ရိက္ခာ သယ်ဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO တပ်ဖွဲ့ကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA-S) က လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။
ထိုတိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်တိုက်ခိုက်ကြပြီး PNLO ဘက်က ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့သော်လည်း RCSS/SSA ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု ရှိမရှိ မသိရသေးပေ။
“RCSS/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်မှာ ဝ တပ်ဖွဲ့နဲ့ ပြသနာတက်တယ်။ လားဟူပြည်သူ့စစ်နဲ့ ပြသနာတက်တယ်။ အစိုးရတပ်နဲ့လဲ ပြသာနာတက်တယ်။ SSS ပြည်သူ့စစ်နဲ့လဲ ပြသနာတက်တယ်။ အခုနောက်ဆုံး ကျနော်တို့ PNLO တပ်ဖွဲ့ပါ ပြသနာရှာလာတယ်ဆိုတာ RCSS/SSA က ဘယ်လိုမျိုးတပ်လည်းတော့ နားမလည်တော့ဘူး။” လို့ PNLO တပ်မှူးက ပြောတယ်။
PNLO တပ်သည် လွန်ခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး လာမည့်အောက်တိုဘာလတွင်းတွင် ပြည်ထောင်စုအဆင့်ဆက်ဆွေးနွေးရန်အတွက် ဆွေးနွေးမည့် ခေါင်းစဉ် (၈)ခုကို ကြိုတင်ညှိနိုင်းသဘောတူ လက်မှတ်ရေးထိုးထားသည်။
တစ်ပြည်ထဲနေ တိုင်းရင်းသား အချင်းချင်း
ReplyDeleteပဲ သတ်ဖြတ်နေမယ်.အစား
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်
လမ်းဖောက်ဖို. လုပ်အားပေးသင်.ပါတယ်