ပအိုဝ်းငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တောင်ကြီးမြို့သို့ ရောက်ပြီ (သတင်းအကျဉ်း)


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ငြိမ်းချမ်းရေးအဖွဲ့ကို လာရောက်ကြိုဆိုသည့် ဒေသခံပြည်သူလူထုများ (ဓာတ်ပုံ-ခွန်ခေတ်စံ)

တောင်ကြီးတိုင်းမ် | သြဂုတ်လ ၂၄ ရက်၊ ၂၀၁၂

တောင်ကြီးတိုင်းမ် (တောင်ကြီး) ။     ။ အထွေထွေအတွင်းရေးမှူးဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကိုယ်စားလှယ်အဖွဲ့နဲ့ ပဏာမအဆင့်ငြိမ်းချမ်းရေးဆွေးနွေးဖို့ သြဂုတ်လ ၂၄ ရက်နေ့၊ ညနေ ၅ နာရီကျော်လောက်မှာ တောင်ကြီးမြို့ကို ရောက်ရှိပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တောင်ကြီးမြို့မှာရောက်ရှိလာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များကို ဒေသခံပအိုဝ်းပြည်သူလူထုများနှင့် တောင်ကြီးမြို့ရှိ အခြားသောတိုင်းရင်းသားပေါင်းစုံများ အမျိုးသားဝတ်စုံဝတ်ဆင်ကြပြီး ရိုးရာအိုးစည်ဗုံမောင်းဖြင့် လာရောက်ကြိုဆိုကြပါတယ်။

















1 comment:

  1. ကျွန်တော်အမြင်ပြောရရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ ၊ဒေသတိုင်း
    တိုးတက်ချင်တဲ့စိတ်ဓါတ်တွေ၊ပြည်သူတွေအပေါ် ချစ်တယ်
    ဆိုရင် အမြန်ဆုံးဆွေးနွေးညှိနှိုင်း၊ကိုယ်ဖက်ကိုကြီးမကြည့်
    ပဲ ပြည်သူတွေရဲ့ မျက်နှာကိုအိုးမည်းမသုတ်ပါစေနဲ့ ပြော
    ချင်ပါတယ် အားလုံးမျော်လင့်နေပါတယ်
    ကံကောင်းပါစေ
    good luck

    ReplyDelete

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။