Miss Myanmar International အလှမယ်ဆု ပအိုဝ်းတိုင်းရင်းသူ ဆွတ်ခူး


တောင်ကြီးတိုင်းမ် | မတ်လ ၂၉ ရက်၊ ၂၀၁၂

 ပအိုဝ်းတိုင်းရင်းသူလေးဖြစ်တဲ့ နန်းခင်ဇေယျာက မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ Miss Myanmar International အလှမယ်ပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ နန်းခင်ဇေယျာဟာ တောင်ကြီးဇာတိ ဖြစ်ပြီး လက်ရှိမှာတော့ အိင်္ဂလိပ်နဲ့ ပြင်သစ်ဧည့်လမ်းညွန်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ယင်းအလှပြိုင်ပွဲမှာ ယှဉ်ပြိုင်သည့်အလှမယ်များမှ မိမိတို့တိုင်းရင်းသားရိုးရာဝတ်စုံ၊ အားကစားဝတ်စုံ အစရှိတဲ့ဝတ်စုံဖြင့် ၀တ်ဆင်ယှဉ်ပြိုင်သည့်အပြင်၊ အထွေအထွေဗဟုသုတများ၊ မိမိတို့တကိုယ်ရည်စွမ်းရည်များနှင့် အခြားသော အရည်အခြင်းများလည်း ယှဉ်ပြိုင်ခဲ့ရကြောင်းလဲ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်တဲ့ အလှမယ်များအနက် ပထမဦးဆုံး (၁၉) ဦးကို စကာတင် စတင်ရွေးချယ်ခဲ့ပါတယ်။ အဲဒီမှ တဆင့်ပြီးတဆင့် ထပ်မံစကာတင်ရွေးချယ်ခဲ့ပြီးတော့၊ နောက်ဆုံးကျန်တဲ့ ထိပ်ဆုံး ၅ ဦးထဲ့က နန်းခင်ဇေယျာ ခါးအမှတ် (၁၅)၊ ထားထက်ထက် ခါးအမှတ် (၈)၊ သဒ္ဒါကြည်ဖြူ ခါးအမှတ် (၁၁)၊ အေးချမ်းမိုး ခါးအမှတ် (၁၆)၊ နှင့် စွမ်းရည်ထွန်း ခါးအမှတ် (၁၈) တို့ပဲဖြစ်ပါတယ်။

ကျန်ရှိတဲ့ အဲဒီနောက်ဆုံးစကာတင် ၅ ဦးထဲမှ ထပ်မံယှဉ်ပြိုင်ခဲ့ရာမှာ အသက် (၂၃) နှစ်ရှိ ပအိုဝ်းတိုင်းရင်းသူလေး ခါးအမှတ် (၁၅) ဖြစ်တဲ့ နန်းခင်ဇေယျာ က ပထမဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယဆုကိုတော့ စွမ်းရည်ထွန်း ရရှိခဲ့တာဖြစ်ပြီး တတိယဆုကတော့ အေးချမ်းမိုး ရရှိခဲ့ပါတယ်။

မထမဆု ဆွတ်ခူးရရှိခဲ့သူ နန်းခင်ဇေယျာ ကတော့ ရန်ကုန်မှ တောင်ကိုးရီးယား မြို့တော် (Seoul) ဆိုးမြို့သို့ အသွားအပြန်လေယဉ်လက်မှတ်အပါအ၀င် ကျပ်ငွေ သိန်း ၃၀ ရရှိမှာဖြစ်ကြောင်းသိရပါတယ်။ ဒုတိယဆုကိုတော့ ကျပ်ငွေ ၁၅ သိန်းနဲ့ ရန်ကုန် မှ ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းမြို့သို့ အသွားအပြန်လေယဉ်လက်မှတ်ရရှိမှာဖြစ်ပြီး၊ တတိယဆုကိုတော့ ကျပ်ငွေ ၁၀ သိန်းနဲ့ ရန်ကုန်-စင်ကာပူ အသွားအပြန်လေယဉ်လက်မှတ် စတဲ့ဆုတွေ ရရှိမယ်လို့ သိရှိရပါတယ်။

ဒီ Miss Myanmar International အလှမယ်ယှဉ်ပြိုင်ပွဲဟာ မြန်မာနိုင်ခရီးသွားလုပ်ငန်းအဖွဲ့ (Myanmar Tourism Board) မှ ဦးစီးပြီးတော့ မတ်ခ်ျလ ၂၅ ရက်နေ့ ရန်ကုန်မြို့ရှိ MCC ခန်းမမှာ ကျင်းပခဲ့ကြောင်းသိရပါတယ်။

14 comments:

  1. ကြားရတာ ၀မ်းသာတယ်ဗျာ ဒို့ပအိုဝ်းတွေလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမယ်

    ReplyDelete
  2. ကြားရတာ ၀မ်းသာတယ်ဗျာ ဒို့ပအိုဝ်းတွေလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမယ်

    ReplyDelete
  3. သတင်းကောင်းလေးပါပဲ၊

    ReplyDelete
  4. ပအိုဝ်းလည်း လူဘဲကြိုးစားရင်ဘာမဆိုဖြစ်နိုင်မှာပါ
    အောင်မြင်မှူကိုမစောင့်ကြနဲ့ အောင်မြင်မှူဆီသွားကြပါလို့တိုက်တွန်းလိုပါတယ်၏

    ReplyDelete
  5. congratulation ပါ မမချောလေး
    ဒို့ပအိုဝ်းတွေအတွက် ဂုဏ်ယူစရာလေးပါ

    ReplyDelete
  6. congratulation! for your win ...
    ဂုဏ်ယူပါတယ်...

    ReplyDelete
  7. ပထမရတဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် ဆုကြေး သိသိသာသာ ပိုပြီးရသင့်တယ်။ အခုတော့ ငါးသိန်းဆိုတာ နိုင်ငံတကာနဲ့ယှဉ်ရင် ရယ်စရာပဲဗျာ။ ထပ်ပေးလို့ရရင်လဲ ပေးပါ။ နောင်လဲ ခုလိုမဖြစ်အောင် ဂရုစိုက်စေချင်ပါတယ်ဗျား။
    နန်းခင်ဇေယျာနဲ့ မိန်းခလေးအားလုံးကို ချီးကြူးဂုဏ်ပြုလိုက်ပါတယ်။

    ReplyDelete
  8. မြန်မာနိုင်ငံနဲ့ပအိုဝ်းအတွက်ဂုဏ်ယူစရာဖြစ်တာပေါ့ အထူးသဖြင့်ပအိုဝ်းတိုင်းရင်းသူဖြစ်နေတော့ ပအိုဝ်းတိုင်းရင်းသားတွေ ဒီသတင်းကိုကြားရရင်တော့ ၀မ်းသာဂုဏ်ယူကြမှာပေါ့မဟုတ်ဘူလား ဘာဖြစ်လို့လဲဆိုတော့ Missinternetဆုကိုရတဲ့သူဟာပအိုဝ်းဖြစ်နေလို့ပဲ
    ပအိုဝ်းတိုင်းရင်းသူတိုင်းသားလဲ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ

    ReplyDelete
  9. ဂုဏ်ယူပါတယ် ပအိုဝ့်လူမျိုးအတွက်သတင်းကောင်းပါဗျာ

    ReplyDelete
  10. ဒို့ပအိုဝ်းလူမျိုးအတွက် အားတက်စရာသတင်းကောင်းဖြစ်တယ်

    ReplyDelete
  11. ဂုဏ်ယူပါတယ်

    ReplyDelete

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။