ပင်းပက်သံမဏိစီမံကိန်းကြောင့် ဒေသခံရွာသားခြံမြေဧက ၄၀၀၀ ကျော် အသိမ်းခံခဲ့

ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်နမ့်ဆီး ဒေသမှာ မြန်မာစီပွားရေးကော်ပိုရေးရှင်းနှင့်
နိုင်ငံခြားလုပ်ငန်ရှင်တွေ ပူပေါင်းပြီး ပင်းပက်သံမဏိစက်ရုံစီမံကိန်းအကောင်ထည် ဖော်နေတာဟာ
ဒေသခံရွာသားပိုင်ခြံမြေဧကပေါင်း လေးထောင်ကျော် အသိမ်းခံခဲ့ရတယ်လို့
ဒေသခံပအိုဝ်းအမျိုးသား လူငယ်အဖွဲ့ကပြောပါတယ်။

တောင်ကြီးမြို့ တောင်ဘက် ဆယ်မိုင်အကွာက နောင်ကာကယ်၊ ပုံစင်၊ ပင်ငို၊ ထီအုန်းဆိမ့်၊ အောင်မွူး၊ ဖော်တော်ဆိပ်၊ ကွန်ချောင်း၊ လိုင်းငေါက်၊ ဖောင်တော်ဆွိုက်၊ စတဲ့ရွာတွေက ရွာသားပိုင်မြေတွေကို အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့်အမှတ် (၉၅၆) တပ်ရင်းက ၂၀၀၅-၀၆ ခုနှစ်အတွင်းမှာ သိမ်းယူခဲ့တာဖြစ်ပြီး ရော်ကျေးငွေကိုပြီးခဲ့တဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလကမှ စပြီးထုတ်ပေးခဲ့ပါတယ်။

တဧက ငါးသိန်းတန်တဲ့မြေကို ကျပ် ငါးထောင်ပဲပြန်ပေးတဲ့အတွက် မြေယာဆုံးရှုံးခဲ့တဲ့ ရွာသားတွေဘယ်လိုမှ ဘဝပြန်ထူထောင်လို့မရဘူး။

ထိုက်တန်တဲ့လျော်ကျေးငွေပြန်ပေးဖို့ စက်ရုံမန်နေဂျာကနေ တာဝန်ရှိသူတွေကို တင်ပြထားပေမယ့်လည်း ဘားမှအရေးယူပေးတာမရှိဘူးလို့ ဒေသခံတယောက်ကပြောပါတယ်။

ပြည်နယ်ထဲက ပိုင်ဆိုင်မူပြဿနာတွေနဲ့ပါတ်သက်ပြီး ရွေးကောက်ပွဲဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က လွတ်တော်အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

DVB radio 2011-09-04--0600

No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။