တောင်ကြီးတိုင်းမ်
ဇွန်လ (၂၆) ရက်၊ ၂၀၁၀။ စနေနေ့
လွန်ခဲ့တဲ့ ဇွန်လ (၁၁) ရက်၊ သောကျာနေ့က တကမ္ဘာ့လုံးမှ အသင်းပေါင်း ၃၂ သင်းနဲ့ စတင်ကစားခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလာဘော်လုံးပြိုင်ကြီးဟာ ဇွန်လ (၂၅) ရက်နေ့၊ သောကျာနေ့ အုပ်စုပွဲစဉ်အားလုံး ယှဉ်ပြိုင်ပြီးတဲ့နောက်ပိုင်းမှာ အသင်းပေါင်း ၁၆ ကတော့ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။ ကျန်တဲ့ တ၀ှက်ကတော့ စနေနေ့မှာ ရှုံးထွက်ပွဲစဉ်ကို ဆက်ပြီးတော့ ကစားရတော့မှာဖြစ်ပါတယ်။
ကျန်ရှိတဲ့ ၁၆ သင်းကလဲ ဇွန်လ ၂၆ ရက်နေ့မှ စပြီး တရက်ကို နှစ်ပွဲစီ ရှုံးထွက်ပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကြမယ်ဖြစ်တဲ့အတွက် အသင်းအရေအတွက်ကတော့ နေ့စဉ် လျှော့ကျသွားတော့မှာဖြစ်တယ်၊
ဇွန်လ (၂၆) ရက်၊ စနေနေ့မှာ ပထမဦးဆုံးယှဉ်ပြိုင်ကစားမဲ့ အသင်းတွေကတော့ ဥရုကွေးနဲ့ တောင်ကိုးရီးယားအသင်းပဲဖြစ်ပါတယ်။ တောင်ကိုးရီးယားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်မှာ တခါသာရောက်ခဲ့ဖူးပါတယ်။ ဥရုကွေးအသင်းကတော့ ၂ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပြီဖြစ်ပါတယ်။ ဒီရှုံးထွက်ပွဲစဉ်မှာ ဥရုကွေးကပဲ နိုင်မလား၊ တောင်ကိုးရီးယားကပဲ ၂ ကြိမ်ချန်ပီယံပိုင်ရှင်ကို ပြိုင်ပွဲကနေ ရှင်းထုတ်လိုက်မလား ဆိုတာ ကြည့်ရအုံးမှာဖြစ်ပါတယ်။
ယှဉ်ပြိုင်မဲ့ နောက်တတွဲကတော့ အမေရိကန်နဲ့ ကာနာပဲဖြစ်ပါတယ်။ ဒီနှစ်သင်းကတော့ လွန်ခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းကလဲ တွေ့ခဲ့ပြီး၊ အမေရိကန်အသင်းက ကာနာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနှိမ့်ပြီးတော့ ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရပါတယ်။ အခုတကြိမ်ကတော့ အမေရိကန်မှ ကာနာကို လက်စားချေဖို့ အနိုင်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မယ် ဖြစ်ပါတယ်။
၃၂ သင်းမှ ကျန်ရှိနေတဲ့ လက်ရှိ ၁၆ သင်းအနက် ဘယ်အသင်းတွေက အိမ်ပြန်ရအုံးမှာလဲ၊ ဘယ်အသင်းက ကွာတားဖိုင်နယ်သို့ ဆက်သွားမှာလဲ၊ ဒီရှုံးထွက်ပွဲစဉ်မှာ ကြည့်ရတာ ပိုပြီးတော့ စိတ်လှုပ်ရှားကောင်းပါတယ်။

No comments:
Post a Comment
ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။